Posts

Showing posts from December, 2020

စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

Image
 NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြဖို့လိုပြီလို့ယူဆလို့ ဒီပိုစ့်တင်လိုက်တာပါ။ •••••••••••••••••••••••••••••••••••••• ဖေဖော်ဝါရီလဆန်းလောက်ကျမှ ရှင်းပြဖို့စိတ်ကူးခဲ့ပေမယ့် ပြည်သူတွေရဲ့ တောင်းဆိုမှုများတာကြောင့်နဲ့ ၊ အစိုးရအဖွဲ့အတွင်း ပြဿနာဖြစ်နေသလိုလို ရေးသားချက်အချို့ကြောင့် စောပြီးရှင်းပြရတာပါ။  မြို့တော်ဝန်ရာထူးကို ၃ ကြိမ်တိတိငြင်းပယ်ပြီး နောက်ဆုံးနာရီပိုင်းအလိုမှ လက်ခံခဲ့တာ ပြည်သူတွေအသိပါ။  စလက်ခံကထဲက ၅ နှစ်ပဲလုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။  အကြောင်းရင်းတွေအများကြီးထဲက အဓိကအကျဆုံးက အသက်အရွယ်ပါ။ ကျွန်တော့်အသက် ၆၈နှစ်ရှိပါပြီ။ သံသရာအတွက် ပြင်ဆင်ဖို့လိုပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေလုပ်ခဲ့ရလို့ တရားဘာဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန်အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။  နောက်အကြောင်းတစ်ချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တစ်ကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင...

ကျေးရွာမီးလင်းရေးကော်မတီက ကျပ်လေးသိန်းရှစ်သောင်း တောင်းသဖြင့် ဒေသခံများ အခက်အခဲဖြစ်

Image
ချောက်မြို့နယ် ဇောင်းတောကန် ကျေးရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သော် လည်း ကျေးရွာမီးလင်းရေးကော်မတီက ငွေကျပ် လေးသိန်းရှစ်သောင်းထည့်သွင်းမှသာ လျှပ်စစ်မီးကြိုး သွယ်တန်းပေးမည်ဆိုသဖြင့် ကျေးရွာရှိ နေအိမ်တစ်ရာခန့်  လျှပ်စစ်မီးရရှိရန် အခက်အခဲဖြစ်နေသည် ဟု ကျေးရွာဒေသခံများက ပြောဆိုသည်။  ကျေးရွာမီးလင်းရေးကော်မတီ စတင်ဖွဲ့စည်းချိန်တွင် ကျေးရွာ၌ အိမ် ၁၉၂ လုံးရှိရာ ၁၇၂ အိမ်က ‌မတည်ငွေအဖြစ် ကျပ်သုံးသောင်းစီထည့်ဝင်ကာ မြန်မာ့စီးပွား ရေးဘဏ်တွင် အပ်နှံခဲ့ကြောင်း၊ ကျေးရွာ၌ လျှပ်စစ်မီးတိုင်စိုက်ချိန်နှင့် ကြိုးသွယ်တန်ချိန် တို့တွင် မီး‌လင်းရေးကော်မတီက ဒုတိယ အကြိမ် ငွေကြေးကောက်ခံခဲ့ရာ သီးနှံပေါ်ချိန် မဟုတ်၍ ကျေးရွာနေတောင်သူအများစု  ငွေကြေးအကျပ်အတည်းကြောင့် အိမ် ၇၃  အိမ်မျှသာထည့်သွင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျေးရွာ၌ လျှပ်စစ်မီးစတင်လင်းခဲ့သည်ဟု ဇောင်း တောကန်ကျေးရွာနေ ကိုသန်းမင်းနိုင်က  ပြောကြားသည်။  ကျေးရွာတွင် လျှပ်စစ်မီးရရှိပြီး နောက်ပိုင်း ကျေးရွာမီးလင်းရေးကော် မတီက ဒုတိယအကြိမ် ငွေသွင်းခဲ့သော  အိမ်များကို ကျပ်သုံးသိန်းသုံးသောင်းနှုန်း ဖြင့်လည်းကောင်း၊...

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

Image
 လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော ---------------------------------- ဒီဇင်ဘာ ၁၆ ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေ ကြိုတင်ဝယ်ယူထားတာကြောင့် လာမယ့် ၂၀၂၂ ခုနှစ်အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး Covid-19 ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ ကမ္ဘာလူဦးရေ ၁၅ ရာခိုင်နှုန်း အောက်သာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေက အလားအလာရှိတဲ့ ကာကွယ်ဆေး ၅၁ % လောက်ကို ကြိုတင်ဝယ်ယူထားတယ်လို့ အင်္ဂါနေ့က ပြောကြားချက်အရသိရပါတယ်။ ကမ္ဘာလူဦးရေ ၈၅ % ကျော်နေထိုင်ရာ အလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေအနေနဲ့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းကို တခြားနိုင်ငံတွေနဲ့ မျှဝေသုံးစွဲဖို့ လိုအပ်တယ်လို့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလွန်းဘာဂ်ပြည်သူ့ကျန်းမာရေးကျောင်းက သုတေသီတွေက ပြောကြားခဲ့ပါတယ်။ ရောဂါပျံ့နှံ့မှုကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့အတွက် ဝင်ငွေမြင့်မားပြီး ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ် ၁၉ကာကွယ်ဆေးတွေကို ကမ္ဘာ့အနှံ့ မျှမျှတတ ဖြန့်ဝေဖို့ လိုအပ်တယ်လို့ ၎င်းတို့က တိုက်တွန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွ...

လူတစ်ရာတွင် ၈၅ ယောက်ခန့် က ကိုဗစ် ရောဂါလက္ခဏာ မပြဟု ဆို

Image
 လူတစ်ရာတွင် ၈၅ ယောက်ခန့် က ကိုဗစ် ရောဂါလက္ခဏာ မပြဟု ဆို လူအယောက်တစ်ရာတွင် ၈၅ ဦးခန့်က ကိုဗစ်ရောဂါ လက္ခဏာ မပြကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ အပြောအရ သိရသည်။ တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ ရောဂါကူးစက်မှုနုန်းမှာ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်နေပြီး ၊မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ Covid-19 အတည်ပြုလူနာပေါင်း ၁၁၀,၆၆၇ ဦးရှိပြီး သေဆုံးသူ ၂,၃၁၉ ဦးရှိကာ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူဦးရေမှာ ၈၉,၄၁၈ ဦးရှိကြောင်း သိရသည်။ “ ၁၀၀ မှာ ၈၅ ယောက်လောက်က ရောဂါလက္ခဏာဘာမှမပြဘူး။ ပထမတစ်ကြိမ်စစ်လို့ ပေါ်ချင်မှပေါ်မယ်။ ဒုတိယတစ်ကြိမ်စစ်မှ ပေါ်ချင်ပေါ်မယ်။ နောက်ဆုံးအကြိမ်စစ်မှ ပေါ်တာတွေလည်းရှိတယ်။ တစ်ချိှု့ဆိုရင် PCR နဲ့စစ်မှပေါ်တာတွေရှိတယ်။ လူကောင်းနဲ့ရောဂါရှိတဲ့သူတွေကို ခွဲခြားရခက်တယ်”ဟု ကျန်းမာရေးနှင့် အားကစား ဝန်ြ ကီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက က ပြောသည်။ ထို့ပြင်တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အဓိကကျသည့်မြို့ကြီးများတွင် ရောဂါပိုးတွေ့ရှိမှုများခြင်းသည် ရန်ကုန်နှင့်ကူးသန်းသွားလာမှုများပြားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပင် ဆက်လက် ပြောသည်။ “ ဒါကတော...

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု

Image
 မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု ----------------   ------------   -------- ပါကစ္စတန်နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာဖောက်ဖျက်ကျူးလွန်သည့် မုဒိန်းကျင့်သူများအား လူအများရှေ့တွင် ဓာတုဗေဒနည်းဖြင့် (ဆေးထိုးအသုံးပြုခြင်း) ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန်အစိုးရက အတည်ပြုလိုက်ပြီဟု Daily Mail က ဖော်ပြသည်။  ပါကစ္စတန်ဝန်ကြီးချုပ်အေမာခန်းနှင့် ၄င်း၏အစိုးရ အဖွဲ့က အဆိုပါ ဥပဒေသစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကအတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁၅ရက်နေ့တွင် မူ ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗစ်က ဥပဒေတစ် ရပ်အဖြစ် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။  ဓါတုဗေဒနည်းဖြင့် ဝှေးသင်းရာတွင် ဝှေးစေ့မှ လိင် စိတ်နိုးကြွစေသည့်ဟော်မုန်း(Testosterone) များကို ဆေးဝါးများအသုံးပြု၍ဖယ်ရှားမည်ဖြစ်သည်။ ကလေးငယ်များအပေါ်လိင်စိတ်တိမ်းညွတ်သူများ၏အန္တရာယ် မှ ကာကွယ်နိုင်ရန် အင်ဒိုနီးရှားတွင် ၂၀၁၆ ခုနှစ်မှစ၍ ထိုကဲ့သို့ ဝှေးသင်းခြင်းနည်းစနစ်အား စတင်အသုံးပြုခဲ့သလို ပိုလန်တွင်လည်း ကလေးငယ်များအ ပေါ် အဓမ္မကျင့်ကြံသူများ၏အန္တရာယ်မှ ကာကွယ်ရန် အတွက် ...

ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာဖြစ်မလဲ

Image
 ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာလဲ တရုတ်နိုင်ငံ ဝူဟန်မြို့ကစတဲ့ ကိုဗစ် ၁၉ ရောဂါဟာ သူတို့နိုင်ငံမှာ အခါလည်သားဖြစ်ပြီး ကမ္ဘာပတ်နေဆဲပါ၊ မြန်မာပြည်ကို အမေရိကန်က ဗီဇာနဲ့ဝင်လာခဲ့တယ်ဆိုတဲ့ ကိုဗစ်ကတော့ မတ်လ ၂၃ ဆိုရင် တနှစ်ပြည့်တော့မှာပါ။ ဒီကနေစခဲ့ ကိုဗစ်ကြောင့် မြန်မာပြည်မှာ သေသူသေ၊ မွဲသူမွဲ၊ ဘဝပျက်သူပျက် နဲ့ ဒုက္ခပင်လယ်ဝေနေဆဲပါ။  စီမံခန့်ခွဲမှုအလွဲတွေ၊ စည်းကမ်းမလိုက်နာသူတွေ ၊ နိုင်ငံရေး ပယောဂတွေကြောင့် ကိုဗစ်ဟာ တအိမ်ဆင်းတအိမ်တက် လူတွေရဲ့အသက်တွေကို လည်ပတ်စားသောက်နေဆဲဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူငြိုငြင်မှာစိုးရိမ်တာလား?  စီမံခန့်ခွဲမှု မတတ်တာလား ? လူအင်အား ငွေအင်အား မတတ်နိုင်တာလား  ? လားပေါင်းမြောက်များစွာနဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလို ဖြစ်နေဆဲပါ။ တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို တူညီတဲ့ စည်းကမ်း ဥပဒေမရှိဘဲ ထင်သလိုလုပ်နေကြဆဲဖြစ်တာကို အားလုံးမြင်ရမှာပါ။ ကျမ္မာရေးဝန်ကြီးကိုယ်တိုင် ဆေးကုတဲ့ဒေါက်တာဖြစ်ပေမယ့် အာဏာပါဝါအသုံးချမှု အားနည်းတာတွေရှိသလို အသိပညာရှိတဲ့ ဆရာဝန်တွေက ပညာပေးတာတွေလုပ်နေ ပြောနေဆိုနေပေမယ့်လည်း မလိုက်နာကြတဲ့သူတွေကြောင့် ကိုဗစ်က ပျော်ပျော်ပါးပါး ကူးပြီးရင...

ဇန်နဝါရီ ၁ ရက်မှစ၍ ထီလက်မှတ်များ အောက်ခံအစိမ်းနုရောင်ဖြင့် ပြောင်းလဲရောင်းချမည်

Image
 ဇန်နဝါရီ ၁ ရက်မှစ၍ ထီလက်မှတ်များ အောက်ခံအစိမ်းနုရောင်ဖြင့် ပြောင်းလဲရောင်းချမည် ------ ------ ------ ----- ----- လက်ရှိရောင်းချနေသည့် ထီလက်မှတ်များအစား လုံခြုံရေးအရည်အသွေး ပိုမိုကောင်းမွန်သည့် အစိမ်းနုရောင် ထီလက်မှတ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပြောင်းလဲရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ အောင်ဘာလေထီလက်မှတ်များကို လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ရန် ရည်ရွယ်ကာ လက်ရှိ ရောင်းချပေးနေသည့် အောက်ခံ (အဝါနု) ရောင်ထီလက်မှတ်များအစား အောက်ခံအစိမ်းနုရောင် (Green Colour) အဖြစ် ပြောင်းလဲရောင်းချမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ "အခုအသစ်ထုတ်မယ့် ထီလက်မှတ်တွေက လုံခြုံရေးအရည်အသွေးပိုကောင်းတယ်။ လက်ရှိထီလက်မှတ်တွေထက်လည်း ပိုပြီးအရေအသွေးကောင်းပါတယ်"ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။ ကျပ်တထောင်တန် အောင်ဘာလေထီမျာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ရောင်းချခဲ့ရာလာမည့် ဇန်နဝါရီ ၁ ရက်နေ့အထိ ၂၃ ကြိမ်တိုင်တိုင်ရောင်းချပေးလျက်ရှိပြီး အမြ...

သားဖြစ်သူ ဘီယာဝယ်သောက်ရန် ဖခင်က မသေမီ ၁၀ ဒေါ်လာ ချန်ပေးခဲ့

Image
 "သားဖြစ်သူ ဘီယာဝယ်သောက်ရန် ဖခင်က မသေမီ ၁၀ ဒေါ်လာ ချန်ပေးခဲ့" သား မတ်ဂွတ်ဒ်မန်း အသက်(၂၁)ပြည့် မွေးနေ့တွင် ဘီယာဝယ်သောက်ရန် ဖခင်က ၎င်းမကွယ်လွန်မီ ကန် ၁၀ ဒေါ်လာ ချန်ပေးခဲ့သည်။ ဒီဇင်ဘာ ၇ ရက်က (၂၁) နှစ်ပြည့်မွေးနေ့တွင် ဂွတ်ဒ်မန်းက ‘‘လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါး လောက်က ကျွန်တော့်အဖေ မဆုံး ခင် ဒီ ၁၀ ဒေါ်လာကို အစ်မလက်ထဲ ပေးခဲ့တယ်။ ကျွန်တော့် အ သက် (၂၁)နှစ်ပြည့်ရောက်တဲ့အခါ ပထမဆုံး ဘီယာဝယ်သောက်နိုင်အောင်လို့ပါ’’ဟု တွစ်တာ၌ ရေးသားခဲ့သည်။ သတင်းအပြည့်အစုံ https://7day.news/208631

ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ

Image
 ◾ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ အောင်မြသန်း/ဧရာဝတီတိုင်းမ်  ဒီဇင်ဘာ ၁၁ရက် (မအူပင်) ◼️ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းသို့ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ ခရီးသွား အထောက်အထားမဲ့ ဝင်ရောက်လာသူ ၈ ဦးကို မအူပင်မြို့နယ်အုပ်ချုပ်ရေးဌာနက တရားလိုပြုလုပ် တရားစွဲဆိုထားရာ မအူပင်မြို့မရဲစခန်းက ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်၍ ဖမ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။  မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ဖြင့် ဝင်ရောက်လာသူများမှာပြည်သူ့စေတနာ့ ဝန်ထမ်းအသင်း - PVA အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့ကို ဦးသိမ်းဆန်းဆိုသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့မှာ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လယ်ယာမြေအငြင်းပွားမှုဖြစ်နေသည့် မအူပင်မြို့နယ်၊  ကျုံဝါးကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးတင်ဝင်း၏လယ်ယာမြေအတွင်းဝင်ရောက်၍ ထွန်ယက်စိုက်ပျိုးခြင်း၊ လယ်သမားဦးတင်ဝင်းအား ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ဒေသအတွင်း ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး မအူပင်မြို့နယ် အုပ်ချုပ်ရေးဌာနသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။...

ထိုင်နေကျရာဝင်အိုးပေါ်ထိုင်တက်ထိုင်ရင်းဟန်ချက်ပျက်ကာဖင်ကျွံဝင်သွားပြီးခြေထောက်နှစ်ချောင်းမိုးထောင်၍ အမျိုးသမီးတစ်ဦးသေဆုံး

Image
 #သေနည်းမျိုးစုံပါလား🥲 ထိုင်နေကျရာဝင်အိုးပေါ်ထိုင်တက်ထိုင်ရင်းဟန်ချက်ပျက်ကာဖင်ကျွံဝင်သွားပြီးခြေထောက်နှစ်ချောင်းမိုးထောင်၍ အမျိုးသမီးတစ်ဦးသေဆုံး ဒီဇင်ဘာလ ၁၁ ရက် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ပရကျင်ဘူရီခရိုင် နာဒီးမြို့နယ် ရာဘာခြံအတွင်းရှိတဲအိမ်အနီးက ဝင်စဉ့်အိုးအဝတွင် ကြံကြံဖန်ဖန်အမျိုးသမီးတစ်ဦး ထူးဆန်းစွာခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်၍ ခန္ဓာကိုယ်မှာ စဉ့်အိုးထဲတွင်ဇောက်ထိုးကျကာသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ် ။  သေဆုံးသူသည် အမျိုးသမီးသည် နန်းကိုးမင်း ငင်းခေါင် ဖြစ်ပြီး ၄င်း၏သမီးဖြစ်သူအြောပြချက်အရ ဖခင်သည်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသေဆုံးခဲ့ပြီး မိခင်သည်အရက်သောက်လေ့ရှိပြီး အလုပ်နားချိန်အရက်သောက်ပြီးတိုင်းတဲနားကအဆိုပါစဉ့်အိုးအဝပေါ်တွင်တက်ထိုင်ပြီးအနားယူလေ့ရှိသည်ဟုဆိုပါသည် ။ သေဆုံးသူသည် ရာဘာခြံအလယ်ရှိတဲတွင်တစ်ခါတစ်ရံအလုပ်လုပ်ပြီးနားနေလေ့ရှိသလိုအရက်လည်းသောက်ပြီးတိုင်း စဉ့်အိုးအဝမှာဖင်နဲ့တစ်လစ်ထိုင်နေရာမှအမူးလွန်ကာကျွံကျသွားပြီးကယ်သူမဲ့ပြီးရေနစ်သေဆုံးသွားတာဖြစ်နိုင်တယ်လို့သမီးဖြစ်သူမှသတင်းထောက်များအားပြောသည် ။  တူမဖြစ်သူ၏ပြောပြချက်အရ သေ...

ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော

Image
 ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော ------ ------ ------ ----- ----- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမိန့်နှင့်ညွှန်ကြားချက်များကို လိုလျှင်လိုသလို ထုတ်ပြန်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုက္ကဌ ဦးလှထွန်းက ပြောသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ယနေ့(ဒီဇင်ဘာ ၁၁) နေပြည်တော်၌ ပြုလုပ်ခဲသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဦးလှထွန်းက"အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုရင်လိုသလို ထုတ်ပြန်ပြီးတော့မှ အမျိုးမျိုးအဖုံဖုံဆောင်ရွက်နေခဲ့တဲ့အတွက်ကြောင့် အောက်ခြေကို ချက်ချင်းဆိုသလို မရောက်ဘဲနဲ့ မိမိထင်ရာစိုင်း၊ ထင်ရာလုပ်နေကြတဲ့ အနေအထားမျိုးနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကို အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ခဲ့တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လားကွာ။ ပျော်ပွဲရွှင်ပွဲကြီးများ လုပ်နေသလားဆိုပြီးတော့တောင် မြင်နေရတဲ့ အပိုင်းတွေအများကြီး တွေ့ရပါတယ်"ဟု ပြောသည်။ ရွေးကောက်ပ...

ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ

Image
 ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရုရှကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Sputnik V ကို ထိုးနှံမယ့်သူတွေအတွက်တော့ သတင်းဆိုးတစ်ခုက ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးပါက ၂လကြာ အရက်သောက်သုံးခြင်းမပြုရဘူးဆိုတဲ့အချက်ပါပဲ။ ဒီလိုမျိုး သတင်းထွက်ခဲ့တဲ့အပေါ်မှာ ရုရှအမျိုးသားတွေက ဒေါသထွက်နေခဲ့တယ်လို့လည်း သိရပါတယ်။  ကျန်းမာရေးအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး တုံ့ပြန်မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အကြောင်းပြချက်ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပြီး ရုရှထုတ်ကာကွယ်ဆေးနဲ့ပတ်သက်ကာ အငြင်းပွားမှုတွေရှိလာခဲ့ပါတယ်။ စားသုံးသူကျန်းမာရေးစောင့်ကြည့်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Anna Popova က Komsomolskaya Pravda ရေဒီယိုဌာနကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ သူမက ပထမဆုံးအကြိမ်ကာကွယ်ဆေးမထိုးခင် နှစ်ပတ်ခန့်အလိုမှာ အရက်သောက်သုံးမှုကို ရပ်တန့်သင့်တယ်လို့ ပြောဆိုခဲ့ပြီး ဆေးထိုးပြီးပါကလည်း ၄၂ ရက်အထိ ထပ်မံရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။ ၂၁ရက်ခြားကာ နှစ်ကြိမ်ထိုးနှံရမယ့် ဒီကာကွယ်ဆေးကိုတ...

မုဒိမ်းကျင့်တရားခံတွေက အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ- ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ -၅၃၇၃၂၁) နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ -၄၉၂၇၂၀ ) ပါ။ တစ်ဦးကို အလုပ် ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ

Image
 "မုဒိမ်းကျင့်တရားခံတွေက အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ- ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ -၅၃၇၃၂၁) နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ -၄၉၂၇၂၀ ) ပါ။ တစ်ဦးကို  အလုပ် ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ" By ရန်ကုန်ခေတ်သစ် ရသေ့တောင်တွင် ဦးဂါကျေးရွာတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် တပ်မတော်သား ၃ ဦး ည ၁၁ နာရီအချိန်ခန့်တွင် ဗုံးခိုကျင်းထဲတွင် ရှိနေသည့် အသက် ၃၆ နှစ်အရွယ် ကလေး(၄)ဦးမိခင်ကို သေနတ်ထောက် ခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်တွင် အဓမ္မပြုကျင့်ခဲ့ပြီး သမီးဖြစ်သူကိုပါ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့သည်။  ယင်းအမှုကို မူလက တပ်မတော်ဘက်က ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ပြီး ကျူးလွန်သော တပ်မတော်သား ၃ ဦးကိုလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ ယင်းအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။  မေး။          ။ ဦးဂါကျေးရွာက ရခိုင်အမျိုးသမီးကို တပ်မတော်သား ၃ ဦးက မ...

တပ်မတော်က ဥပဒေအရ လုပ်ဆောင်တာလို့ UEC ထုတ်ပြန်ချက်ကို တုံ့ပြန်

Image
 တပ်မတော်က ဥပဒေအရ လုပ်ဆောင်တာလို့ UEC ထုတ်ပြန်ချက်ကို တုံ့ပြန် ~~~~~~ ■ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံတာဖြစ်လို့ ဥပဒေအရ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်အပေါ်  တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။ တပ်မတော်က ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအချက်အလက်တွေကို ကူးယူခွင့်ပြုဖို့ တောင်းဆိုချက်အပေါ် ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုပြုရာရောက်မှာဖြစ်လို့ အောက်က ကော်မရှင်အဖွဲခွဲတွေကို ညွှန်ကြားမပေးနိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲလိုထုတ်ပြန်ပြီး ၃ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တပ်မတော်ဘက်က ယူအီးစီရဲ့ သဘော ထားကြေညာချက်အပေါ် တုံ့ပြန်ငြင်းဆိုတဲ့ သဘောထားကြေညာချက်တစ်စောင်ကို ထပ်မံ ထုတ်ပြန်ခဲ့တာပါ။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့  သဘောထား မည်သို့ပင် ဖြစ်စေကာမူ တပ်မတော်အနေနဲ့ မူလအခွင့်အရေးအရ တောင်းခံခြင်းဖြစ်တဲ့အတွက် ဥပဒေနဲ့မညီတဲ့ ညွှန...

ရန်ကုန်မြို့တော်ဝန်နေရာ ဒေါ်စန္ဒာမင်း ရေပန်းစားနေ

Image
 ရန်ကုန်မြို့တော်ဝန်နေရာ ဒေါ်စန္ဒာမင်း ရေပန်းစားနေ ------ ------ ------ ----- ----- ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် ရန်ကုန်မြို့တော်ဝန်ဖြစ်လာမည်ဟု ရေပန်းစားလျက်ရှိပြီး ဒေါ်စန္ဒာမင်းအပေါ်အများစုက အကောင်းဘက်မှ ရှုမြင်လျက်ရှိကြောင်း သိရသည်။ ဒဂုံမြို့နယ်အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ် စားလှယ်ဦးကျော်ဇေယျက ဒေါ်စန္ဒာမင်း ရန်ကုန်မြို့တော်ဝန်ဖြစ်လာမည်ကိုကြိုဆိုကြောင်း News Watch ဂျာနယ်သို့ ပြောသည်။ ''သူနဲ့ ကျွန်တော်က စီမံစီးပွားရေးကော်မတီမှာ အလုပ်အတူတွဲလုပ်ဖူးတော့ သူရဲ့စိတ်ကိုသိတယ်။ နိုင်ငံရေးခံယူချက်လည်း သူ့မှာရှိတယ်။ စီမံကိန်းလုပ်နည်းကိုင်နည်း လက်ရှိမြို့တော်ဝန်ထက် အများကြီး ကောင်းလာမယ်လို့ ထင်ပါတယ်။ ဒီသတင်းမှန်ရင်တော့ ရန်ကုန်မြို့တော်ကြီးအတွက် ကောင်းတာပေါ့ဗျာ။ ရန်ကုန်မြို့တော်ကြီးဟာ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့အတွက် ၂ဝ၁၅ ခုနှစ်ထက် အများကြီးသာမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ထောက်ခံတယ်။ လူတယောက်ရဲ့ လုပ်နည်းကိုင်နည်းတွေကို အတူတွဲလုပ်တော့ သူရဲ့အရည်အသွေးကို ကြည့်တာနဲ့သိနိုင်ပါတယ်''ဟု ဒဂုံမြို့နယ် မဲဆန္ဒန...

မန္တလေးတိုင်း ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ (တိုင်းဝန်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦးနှင့် ဒေသခံများ၏ ဝန်ကြီးချုပ်သစ်အပေါ် မျှော်လင့်ချက်)

Image
 မန္တလေးတိုင်း ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ (တိုင်းဝန်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦးနှင့် ဒေသခံများ၏ ဝန်ကြီးချုပ်သစ်အပေါ် မျှော်လင့်ချက်) ရေးသူ - မြတ်(ကလေး)/ Mandalay In-depth News မြန်မာ့နိုင်ငံ၏ ဒုတိယ စီးပွားရေးအင်ဂျင်အဖြစ် တင်စားခံရသလို ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်ခု၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသော ဒေသ။ မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှု စာပေအနုသုခုမ ပညာရပ်များ ထွန်းကားရာ ဒေသ။ လူဦးရေ ခုနှစ်သန်းဝန်းကျင် နေထိုင်ပြီး မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄)ခုအနက် တတိယမြောက် လူဦးရေအများဆုံး ဖြစ်သလို နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသော ဒေသလည်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအား ဦးဆောင်မည့်သူသည် ဒေသအတွက်သာမက နိုင်ငံအတွက်လည်း အရေးပါသူ ဖြစ်သည်။  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရအပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်ရာ လာမည့် ဧပြီ(၁)ရက်မတိုင်မီ အစိုးရအဖွဲ့သစ်များ ဖွဲ့စည်းတော့မည် ဖြစ်သည်။  နိုဝင်ဘာ(၈)ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် လက်ရှိအာဏာရ ...

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု