စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော


 လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

----------------------------------

ဒီဇင်ဘာ ၁၆


ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေ ကြိုတင်ဝယ်ယူထားတာကြောင့် လာမယ့် ၂၀၂၂ ခုနှစ်အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး Covid-19 ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။


ကမ္ဘာလူဦးရေ ၁၅ ရာခိုင်နှုန်း အောက်သာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေက အလားအလာရှိတဲ့ ကာကွယ်ဆေး ၅၁ % လောက်ကို ကြိုတင်ဝယ်ယူထားတယ်လို့ အင်္ဂါနေ့က ပြောကြားချက်အရသိရပါတယ်။


ကမ္ဘာလူဦးရေ ၈၅ % ကျော်နေထိုင်ရာ အလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေအနေနဲ့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းကို တခြားနိုင်ငံတွေနဲ့ မျှဝေသုံးစွဲဖို့ လိုအပ်တယ်လို့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလွန်းဘာဂ်ပြည်သူ့ကျန်းမာရေးကျောင်းက သုတေသီတွေက ပြောကြားခဲ့ပါတယ်။


ရောဂါပျံ့နှံ့မှုကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့အတွက် ဝင်ငွေမြင့်မားပြီး ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ် ၁၉ကာကွယ်ဆေးတွေကို ကမ္ဘာ့အနှံ့ မျှမျှတတ ဖြန့်ဝေဖို့ လိုအပ်တယ်လို့ ၎င်းတို့က တိုက်တွန်းထားပါတယ်။


ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေဟာ လက်တွေ့စမ်းသပ်နေဆဲ ကာကွယ်ဆေးတွေကြောင့်သာမကာ အစိုးရနဲ့ ကာကွယ်ဆေး ထုတ်လုပ်သူတွေအနေနဲ့ ကာကွယ်ဆေး ဖြန့်ဝေမှုအပေါ် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု မရှိတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။


နိုဝင်ဘာ ၁၅ ရက်အထိ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေက ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီ ၁၃ ခုကနေ ကာကွယ်ဆေး ၇.၅ ဘီလီယံနီးပါး ကြိုတင်မှာယူခဲ့တယ်လို့ ဘလွန်းဘာဂ်ပြည်သူ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။


သတင်းအပြည့်အစုံဖတ်ရှုရန်>>>

https://www.myanmaplatform.com/a/52234.html

#MyanmaPlatform #News #International

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု