စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
---------------- ------------ --------
ပါကစ္စတန်နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာဖောက်ဖျက်ကျူးလွန်သည့် မုဒိန်းကျင့်သူများအား လူအများရှေ့တွင် ဓာတုဗေဒနည်းဖြင့် (ဆေးထိုးအသုံးပြုခြင်း) ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန်အစိုးရက အတည်ပြုလိုက်ပြီဟု Daily Mail က ဖော်ပြသည်။
ပါကစ္စတန်ဝန်ကြီးချုပ်အေမာခန်းနှင့် ၄င်း၏အစိုးရ အဖွဲ့က အဆိုပါ ဥပဒေသစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကအတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁၅ရက်နေ့တွင်
မူ ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗစ်က ဥပဒေတစ် ရပ်အဖြစ် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
ဓါတုဗေဒနည်းဖြင့် ဝှေးသင်းရာတွင် ဝှေးစေ့မှ လိင်
စိတ်နိုးကြွစေသည့်ဟော်မုန်း(Testosterone) များကို ဆေးဝါးများအသုံးပြု၍ဖယ်ရှားမည်ဖြစ်သည်။ ကလေးငယ်များအပေါ်လိင်စိတ်တိမ်းညွတ်သူများ၏အန္တရာယ် မှ ကာကွယ်နိုင်ရန် အင်ဒိုနီးရှားတွင် ၂၀၁၆ ခုနှစ်မှစ၍ ထိုကဲ့သို့ ဝှေးသင်းခြင်းနည်းစနစ်အား စတင်အသုံးပြုခဲ့သလို ပိုလန်တွင်လည်း ကလေးငယ်များအ
ပေါ် အဓမ္မကျင့်ကြံသူများ၏အန္တရာယ်မှ ကာကွယ်ရန် အတွက် ၂၀၀၆ မှ စတင် အသုံးပြုခဲ့သည်။
ယခုကဲ့သို့ လူအများရှေ့တွင် မုဒိမ်းသမားများကို ဝှေးသင်းမည့်စီရင်ထုံးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ကာကွယ်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အစိတ် အပိုင်းတစ်ရပ်အဖြစ်ပါဝင်လာခြင်းဖြစ်သည်ဟု သိရ
သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ညတစ်ညတွင်
ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်း၊ လာဟိုးမြို ့အပြင်ဘက်ရှိ သဲကန္တာရအတွင်း ဟိုင်းဝေးလမ်းပေါ်တွင် ကားဆီ
ပြတ်သွား၍ အကူအညီစောင့်ဆိုင်းကာ သားသမီး ၂ ဦးနှင့်အတူ ကားအတွင်း၌ထိုင်နေသည့် အမျိုးသမီး
တစ်ဦးကို အမျိုးသား ၂ ဦးက ကားအတွင်းမှ ဆွဲထုတ် ကာ သူမ၏ကလေးငယ်များအရှေ့၌ပင် အုပ်စုဖွဲ့အ
ဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါ အမျိုးသား၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း အမှုကိုစုံစမ်းစစ်ဆေးသည့် စုံစမ်းရေးမှူး Umar Sheikh က ကျူးလွန်ခံရသူ အမျိုးသမီးကို အပြစ်တင်ရာမှ အုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ အမျိုးသမီးအနေဖြင့် လူအများသွားလာမှုများသည့် လမ်းမှ ခရီးသွားသင့်သကဲ့သို့ ခရီးမထွက်ခွာမီ မိမိကား၏ အခြေအနေနှင့်ဓါတ်ဆီပမာဏကိုစစ်ဆေးသင့်သည် ဟု Umar Sheikh က ဝေဖန်ရာမှ အမျိုသမီးထုများအပါအဝင် နိုင်ငံလုံးအုံကြွဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး
နောက် အစိုးရက အဆိုပါအဓမ္မမှုကာကွယ်ရေး ဥပ
ဒေသစ်ကို ပြဌာန်းပေးလိုက်ရခြင်း ဖြစ်သည်။
ထိုစဉ်ကလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထောက်ခံဆန္ဒပြသူများအား ယခုကဲ့သို့
"ပြစ်ဒဏ်ကျူးလွန်ထံရသူတွေအများကြီးရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်မှုကတော့ နည်း နေပါတယ်။ ပြစ်မှုကျူးလွန်သူကို အရေးမယူတာဟာ
ပြစ်မှုမှလွတ်ကင်းခြင်းဆိုတဲ့ တရားစီရင်ရေးစနစ်ဖြစ် နေပါတယ်"ရေးသားကာ အားပေးထောက်ခံခဲ့သည်။
ပါကစ္စတန်မှာ မုဒိမ်းမှုများနှင့်ပတ်သက်၍ ပြင်းထန်စွာ အပြစ်ပေးသည့်နိုင်ငံများထဲတွင် ပါဝင်ပြီး ယခုအသစ် အတည်ပြုလိုက်သည့် ဥပဒေသစ်ကမူ ပိုမိုတင်းကျပ် သည့်သတ်မှတ်ချက်များ ပါဝင်နေသည်ဟု သိရသည်။
နိုင်ငံ၏ မည်သည့်နေရာတွင်မဆို မုဒိမ်းမှုများဖြစ်ပေါ်လာပါက အထူးတရားရုံးဖွင့်၍ ၄ လအတွင်း အမှုပြီးစီးအောင်ဆောင်ရွက်ရန်၊ မုဒိမ်းမှုတိုင်ကြားအပြီး ၆ နာရီအတွင်း လိုအပ်သည့်ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများကို အပြီးပြုလုပ်ရန်၊ ကျူးလွန်ခံရသူများကို အများမငိအောင် လျို ့ဝှက်ထားရန်၊ မုဒိမ်းမှုကျူးလွန်သူများအား အမျိုးသားအဆင့်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန် သူအဖြစ် မှတ်ပုံတင်ထားရမည့် သတ်မှတ်ချက်များ
လည်း ပါဝင်နေသည်ဟု CNN က ဖော်ပြသည်။
ပါကစ္စတန်၏ မုဒိမ်းမှုဥပဒေအသစ်တွင် ပါရှိသည့်
သတ်မှတ်ချက်စာသားအပြည့်အစုံကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပါကစ္စတန်တရားရေးဝန်ကြီး၏ အဆိုအရ သေဒဏ်၊ ဓါတုဗေဒဆိုင်ရာ ဆေးဝါးများအသုံးပြုသည့် သတ်မှတ်ချက်များ ပါဝင်နေသည်ဟု ဂျာ
မနီမှ DW မီဒီယာက ဖော်ပြသည်။
ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗစ်ကလည်း ကလေး
ငယ်များနှင့်အမျိုးသမီးများအပေါ် မုဒိမ်းပြုကျင့်မှုဖြစ်ရပ်
များနှင့်ပတ်သက်၍ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်
ရွက်ပေးသွားမည်ဟု ၄င်း၏ Twitter တွင် ရေးသား
ထားသည်။
Ref း DM၊ CNN၊ DW
The Ladies News
#zawgyi
မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု
---------------- ------------ --------
ပါကစ္စတန်နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာဖောက်ဖျက်ကျူးလွန်သည့် မုဒိန်းကျင့်သူများအား လူအများရှေ့တွင် ဓာတုဗေဒနည်းဖြင့် (ဆေးထိုးအသုံးပြုခြင်း) ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန်အစိုးရက အတည်ပြုလိုက်ပြီဟု Daily Mail က ဖော်ပြသည်။
ပါကစ္စတန်ဝန်ကြီးချုပ်အေမာခန်းနှင့် ၎င်း၏အစိုးရ အဖွဲ့က အဆိုပါ ဥပဒေသစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကအတည်ပြုခဲ့ပြီး ဒီဇင်ဘာ၁၅ရက်နေ့တွင်
မူ ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗစ်က ဥပဒေတစ် ရပ်အဖြစ် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
ဓါတုဗေဒနည်းဖြင့် ဝှေးသင်းရာတွင် ဝှေးစေ့မှ လိင်
စိတ်နိုးကြွစေသည့်ဟော်မုန်း(Testosterone) များကို ဆေးဝါးများအသုံးပြု၍ဖယ်ရှားမည်ဖြစ်သည်။ ကလေးငယ်များအပေါ်လိင်စိတ်တိမ်းညွတ်သူများ၏အန္တရာယ် မှ ကာကွယ်နိုင်ရန် အင်ဒိုနီးရှားတွင် ၂၀၁၆ ခုနှစ်မှစ၍ ထိုကဲ့သို့ ဝှေးသင်းခြင်းနည်းစနစ်အား စတင်အသုံးပြုခဲ့သလို ပိုလန်တွင်လည်း ကလေးငယ်များအ
ပေါ် အဓမ္မကျင့်ကြံသူများ၏အန္တရာယ်မှ ကာကွယ်ရန် အတွက် ၂၀၀၆ မှ စတင် အသုံးပြုခဲ့သည်။
ယခုကဲ့သို့ လူအများရှေ့တွင် မုဒိမ်းသမားများကို ဝှေးသင်းမည့်စီရင်ထုံးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ကာကွယ်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အစိတ် အပိုင်းတစ်ရပ်အဖြစ်ပါဝင်လာခြင်းဖြစ်သည်ဟု သိရ
သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ညတစ်ညတွင်
ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်း၊ လာဟိုးမြို့အပြင်ဘက်ရှိ သဲကန္တာရအတွင်း ဟိုင်းဝေးလမ်းပေါ်တွင် ကားဆီ
ပြတ်သွား၍ အကူအညီစောင့်ဆိုင်းကာ သားသမီး ၂ ဦးနှင့်အတူ ကားအတွင်း၌ထိုင်နေသည့် အမျိုးသမီး
တစ်ဦးကို အမျိုးသား ၂ ဦးက ကားအတွင်းမှ ဆွဲထုတ် ကာ သူမ၏ကလေးငယ်များအရှေ့၌ပင် အုပ်စုဖွဲ့အ
ဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါ အမျိုးသား၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း အမှုကိုစုံစမ်းစစ်ဆေးသည့် စုံစမ်းရေးမှူး Umar Sheikh က ကျူးလွန်ခံရသူ အမျိုးသမီးကို အပြစ်တင်ရာမှ အုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ အမျိုးသမီးအနေဖြင့် လူအများသွားလာမှုများသည့် လမ်းမှ ခရီးသွားသင့်သကဲ့သို့ ခရီးမထွက်ခွာမီ မိမိကား၏ အခြေအနေနှင့်ဓါတ်ဆီပမာဏကိုစစ်ဆေးသင့်သည် ဟု Umar Sheikh က ဝေဖန်ရာမှ အမျိုသမီးထုများအပါအဝင် နိုင်ငံလုံးအုံကြွဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး
နောက် အစိုးရက အဆိုပါအဓမ္မမှုကာကွယ်ရေး ဥပ
ဒေသစ်ကို ပြဌာန်းပေးလိုက်ရခြင်း ဖြစ်သည်။
ထိုစဉ်ကလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထောက်ခံဆန္ဒပြသူများအား ယခုကဲ့သို့
"ပြစ်ဒဏ်ကျူးလွန်ထံရသူတွေအများကြီးရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်မှုကတော့ နည်း နေပါတယ်။ ပြစ်မှုကျူးလွန်သူကို အရေးမယူတာဟာ
ပြစ်မှုမှလွတ်ကင်းခြင်းဆိုတဲ့ တရားစီရင်ရေးစနစ်ဖြစ် နေပါတယ်"ရေးသားကာ အားပေးထောက်ခံခဲ့သည်။
ပါကစ္စတန်မှာ မုဒိမ်းမှုများနှင့်ပတ်သက်၍ ပြင်းထန်စွာ အပြစ်ပေးသည့်နိုင်ငံများထဲတွင် ပါဝင်ပြီး ယခုအသစ် အတည်ပြုလိုက်သည့် ဥပဒေသစ်ကမူ ပိုမိုတင်းကျပ် သည့်သတ်မှတ်ချက်များ ပါဝင်နေသည်ဟု သိရသည်။
နိုင်ငံ၏ မည်သည့်နေရာတွင်မဆို မုဒိမ်းမှုများဖြစ်ပေါ်လာပါက အထူးတရားရုံးဖွင့်၍ ၄ လအတွင်း အမှုပြီးစီးအောင်ဆောင်ရွက်ရန်၊ မုဒိမ်းမှုတိုင်ကြားအပြီး ၆ နာရီအတွင်း လိုအပ်သည့်ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများကို အပြီးပြုလုပ်ရန်၊ ကျူးလွန်ခံရသူများကို အများမငိအောင် လျို့ဝှက်ထားရန်၊ မုဒိမ်းမှုကျူးလွန်သူများအား အမျိုးသားအဆင့်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန် သူအဖြစ် မှတ်ပုံတင်ထားရမည့် သတ်မှတ်ချက်များ
လည်း ပါဝင်နေသည်ဟု CNN က ဖော်ပြသည်။
ပါကစ္စတန်၏ မုဒိမ်းမှုဥပဒေအသစ်တွင် ပါရှိသည့်
သတ်မှတ်ချက်စာသားအပြည့်အစုံကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပါကစ္စတန်တရားရေးဝန်ကြီး၏ အဆိုအရ သေဒဏ်၊ ဓါတုဗေဒဆိုင်ရာ ဆေးဝါးများအသုံးပြုသည့် သတ်မှတ်ချက်များ ပါဝင်နေသည်ဟု ဂျာ
မနီမှ DW မီဒီယာက ဖော်ပြသည်။
ပါကစ္စတန်သမ္မတ အရစ်ဖ်အလ်ဗစ်ကလည်း ကလေး
ငယ်များနှင့်အမျိုးသမီးများအပေါ် မုဒိမ်းပြုကျင့်မှုဖြစ်ရပ်
များနှင့်ပတ်သက်၍ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်
ရွက်ပေးသွားမည်ဟု ၎င်း၏ Twitter တွင် ရေးသား
ထားသည်။
Ref း DM၊ CNN၊ DW
The Ladies News
#unicode
Comments
Post a Comment