စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော


 ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော

------ ------ ------ ----- -----


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမိန့်နှင့်ညွှန်ကြားချက်များကို လိုလျှင်လိုသလို ထုတ်ပြန်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုက္ကဌ ဦးလှထွန်းက ပြောသည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ယနေ့(ဒီဇင်ဘာ ၁၁) နေပြည်တော်၌ ပြုလုပ်ခဲသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


ဦးလှထွန်းက"အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုရင်လိုသလို ထုတ်ပြန်ပြီးတော့မှ အမျိုးမျိုးအဖုံဖုံဆောင်ရွက်နေခဲ့တဲ့အတွက်ကြောင့် အောက်ခြေကို ချက်ချင်းဆိုသလို မရောက်ဘဲနဲ့ မိမိထင်ရာစိုင်း၊ ထင်ရာလုပ်နေကြတဲ့ အနေအထားမျိုးနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကို အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ခဲ့တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လားကွာ။ ပျော်ပွဲရွှင်ပွဲကြီးများ လုပ်နေသလားဆိုပြီးတော့တောင် မြင်နေရတဲ့ အပိုင်းတွေအများကြီး တွေ့ရပါတယ်"ဟု ပြောသည်။


ရွေးကောက်ပွဲတွင် မျှော်လင့်ထားသလောက် ခရီးမပေါက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ တရားမျှတမှုမရှိဟု တောက်လျှောက်ပြောဆိုခဲ့သည်။


ဆက်လက်၍ "နိုင်ငံရေးပါတီတရပ် ရှုံးခြင်း၊ နိုင်ခြင်းဆိုတဲ့ကိစ္စဟာ တခဏပဲဖြစ်ပါတယ်။ ထာဝရကတော့ နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ သန့်ရှင်းပြီး မှန်ကန်မျှတတဲ့ရွေးကောက်ပွဲအဖြစ်၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်ဖို့ အထူးလိုအပ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူလူထုအတွင်းမှာလည်းပဲ သို့လော သို့လောနဲ့ မျိုးစုံ ရွေးကောက်ပွဲအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ ကြားနေရသလို အခု အချိန်ထိကို ကျွန်တော်တို့ တင်ပြဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ တရားမဲ့ပြုလုပ်ခြင်းများအပေါ်မှာ စစ်ဆေးမှုတွေ မဆောင်ရွက်နိုင်ပါဘူး။ အဲဒီတော့ ဒါတွေကို ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်များကို ဥပဒေကြောင်းအရ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ဖို့ လိုပါ့မယ်။ ဆက်လက်ဆောင်ရွက်ဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း တက်ရောက်လာတဲ့ လူကြီးမင်းများကို အသိပေးတင်ပြရင်နဲ့ နိဂုံးချုပ်ပါတယ်"ဟု ဦးလှထွန်းက ပြောသည်။


သို့သော် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူများ၊ အိမ်နီးချင်းနိုင်ငံကြီးများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က ၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတမှုရှိကြောင်း အသိအမှတ်ပြု ပြောကြားထားကြပြီးဖြစ်သည်။


မင်းထင်

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု