စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
(တိုင်းဝန်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦးနှင့် ဒေသခံများ၏ ဝန်ကြီးချုပ်သစ်အပေါ် မျှော်လင့်ချက်)
ရေးသူ - မြတ်(ကလေး)/ Mandalay In-depth News
မြန်မာ့နိုင်ငံ၏ ဒုတိယ စီးပွားရေးအင်ဂျင်အဖြစ် တင်စားခံရသလို ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်ခု၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသော ဒေသ။ မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှု စာပေအနုသုခုမ ပညာရပ်များ ထွန်းကားရာ ဒေသ။
လူဦးရေ ခုနှစ်သန်းဝန်းကျင် နေထိုင်ပြီး မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄)ခုအနက် တတိယမြောက် လူဦးရေအများဆုံး ဖြစ်သလို နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသော ဒေသလည်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအား ဦးဆောင်မည့်သူသည် ဒေသအတွက်သာမက နိုင်ငံအတွက်လည်း အရေးပါသူ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရအပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်ရာ လာမည့် ဧပြီ(၁)ရက်မတိုင်မီ အစိုးရအဖွဲ့သစ်များ ဖွဲ့စည်းတော့မည် ဖြစ်သည်။ နိုဝင်ဘာ(၈)ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်)အနေဖြင့် ၎င်းတို့၏ ဒုတိယအကြိမ် အစိုးရ သက်တမ်းအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် မည်သူ့ကို ခန့်အပ်မည်ဆိုသည်ကို အများပြည်သူသို့ ထုတ်ဖော် အသိပေးခြင်း မရှိသေးပါ။
သို့သော် ယခုလအတွင်း ကျင်းပမည့် ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အစိုးရအဖွဲ့သစ်တွင် မည်သူများ ပါဝင်သင့်သည်ဆိုသော ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ဖွယ် ရှိကြောင်း ဒီချုပ်ပါတီ ဒု-ဥက္ကဌ၊ ပါတီ၏ တစ်ဦးတည်းသော ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက Mandalay In-depth News အပါအဝင် သတင်းမီဒီယာများသို့ ပြောကြားထားသည်။
Mandalay In-depth News ၏ လေ့လာချက်များအရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်သူ သုံးဦး ရှိပါသည်။ အဆိုပါ ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူများ အကြောင်းနှင့် ဝန်ကြီးချုပ်သစ်အပေါ် ဒေသခံအချို့၏ မျှော်လင့်ချက်များအကြောင်းကို Mandalay In-depth News ပရိတ်သတ်များအတွက် ဖော်ပြလိုက်ပါသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦး
၁။ဒေါက်တာဇော်မြင့်မောင်
ဆရာဇော်၊ ဒေါက်ဇော်ဟု မန္တလေးမြို့ခံများက ချစ်စနိုးဖြင့် ခေါ်ဝေါ်သည့် လက်ရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းမည့် ဒီချုပ်ပါတီ၏ အစိုးရသစ်တွင်လည်း မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ်ပင် ဆက်လက် တာဝန်ယူမည့်သူအဖြစ် ထင်ကြေးပေး အခံရဆုံး ဖြစ်သည်။
မိသားစုဝင်တစ်ဦး ပြည်ပနိုင်ငံသား ခံယူထားသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)နှင့် ငြိစွန်းပြီး သမ္မတရာထူး လက်ခံခွင့် မရှိသော ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် ငါးနှစ်ကဲ့သို့ပင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပါတီ ဒု-ဥက္ကဌ ဆိုသည့် ရာထူးတာဝန်များကို ဆက်လက်ရယူဖွယ် ရှိပြီး အုပ်ချုပ်ရေးနှင့် ပါတီအလုပ်များ ပူးတွဲလုပ်ကိုင်ဖွယ် ရှိနေသည်။
အရပ်ခပ်ပြတ်ပြတ်၊ ပြုံးစစမျက်နှာပေးဖြင့် လူအများကို ဆက်ဆံတတ်သည့် အသက်(၆၈)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားရသဖြင့် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးနီးပါး ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် လက်ရှိတွင် ကျန်းမာနေသော်လည်း မန္တလေးလူထုက သူ့ကျန်းမာရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်သည်။
"သူ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး ရွေးကောက်ပွဲ ဆက်ဝင်လာတယ်တဲ့အတွက် နောက်သက်တမ်းအတွက် ဆက်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်တယ်ပေါ့။ ဒီအပေါ် မူတည်ပြီး ဝန်ကြီးချုပ် ဆက်ဖြစ်လာနိုင်တယ်လို့ မြင်တာပေါ့ " ဟု မန္တလေးမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသိန်းအောင်မြင့်က မှတ်ချက်ပြုသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၆ ခုနှစ်တွင် တိုင်းဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူစဉ်မှ စ၍ အလျဉ်းသင့်တိုင်း ပြောလေ့ရှိသည်မှာ နိုင်ငံရေးလောကမှ လာသဖြင့် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဟူသည့် စကား ဖြစ်သည်။
လက်ရှိတွင် ငါးနှစ်ကြာ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်ခဲ့ပြီးသည် ဖြစ်၍ အုပ်ချုပ်မှုအတွေ့အကြုံ ရှိသွားပြီ ဖြစ်ကာ လာမည့် ငါးနှစ်သက်တမ်းကိုလည်း ဆက်လက် တာဝန်ယူစေလိုကြောင်း ဦးသိန်းအောင်မြင့်က ဆိုသည်။
"နောက်တစ်ယောက် အသစ်ဖြစ်လာပြီဆို ကျွန်တော်က အတွေ့အကြုံ မရှိဘူးဆိုပြီး ထပ်ပြီးပြောနေရင် ပြည်သူတွေက ဦးဆောင်မယ့်သူ ဆင်ခြေပေးတာ ခံနေရမှာ " ဟု ဦးသိန်းအောင်မြင့်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးသားဖြစ်သည့်အပြင် ငါးနှစ်လုံးလုံး ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မန္တလေးနှင့်ပတ်သက်၍ ကကြီးမှ အ-အထိ အကုန်သိပြီးသူဖြစ်နေရာ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ဆန္ဒပြုသည်။
လက်ရှိ အစိုးရသည် ၎င်းတို့၏ ငါးနှစ်တာ သက်တမ်းကာလအတွင်း ကုန်သည်အသင်းများနှင့် ထိတွေ့ဆက်ဆံမှု အားကောင်းခဲ့ပြီး ယခင် အစိုးရများ လက်ထက်ကမူ ယခုလောက် ထိတွေ့ဆက်ဆံမှု မရှိခဲ့ဟု ဦးကျော်မင်းက ထောက်ပြသည်။
"အဲဒီလုပ်ဆောင်ချက် NLD အစိုးရအပေါ်မှာ အကျေနပ်ဆုံးပဲ။ နောင်လာမယ့် ငါးနှစ် အစိုးရအသစ်မှာ ဝန်ကြီးအသစ်တွေလည်း လာမယ်။ စီးပွားရေးမှာ အဓိကက SMEs (အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) ပဲဗျ။ ဒါကို မလုပ်နိုင်ရင် တိုင်းပြည်က အခြေအနေ မကောင်းနိုင်သေးဘူး " ဟု ၎င်းက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် (၁၄)ဦးအနက် အလုပ်အများဆုံးသော ဝန်ကြီးချုပ်ဟု ဆိုနိုင်သည်။ သွေးကင်ဆာရောဂါ ဆေးဝါးကုသမှု ခံယူခြင်း မပြုမီ ၂၀၁၆မှ ၂၀၁၈အတွင်း တိုင်းဝန်ကြီးချုပ်နှင့် ပါတီ ဒု-ဥက္ကဌ ရာထူးတာဝန်များကို ပူးတွဲထမ်းဆောင်ခဲ့သည်။ အစိုးရ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာရက်များအတွင်း တိုင်းဝန်ကြီးချုပ် ရာထူးတာဝန်ထမ်းကို ထမ်းဆောင်ပြီး စနေ၊တနင်္ဂနွေရက်များ၌ ပါတီ ဒု-ဥက္ကဌအဖြစ် ပါတီအရေး လုပ်ကိုင်ကြောင်း ၎င်းက ပြောကြားဖူးသည်။
အလုပ်တာဝန်များပြားသလို ကျန်းမာရေးအရ ကင်ဆာရောဂါ ခံစားခဲ့ရပြီး အသက်အရွယ်အရလည်း (၇၀)တန်းထဲ ဝင်လာပြီ ဖြစ်သော ဒေါက်တာဇော်မြင့်မောင် အနေဖြင့်မူ မဖြစ်နိုင်တော့သည့် သမ္မတရာထူးမှ လွဲ၍ အခြား မည်သည့် ရာထူးတာဝန်ကိုမျှ ယူမည်၊ မယူမည် ယတိပြတ် မပြောဘဲ ပါတီက တာဝန်ပေးအပ်သည့်အတိုင်း လုပ်ကိုင်မည်ဟုသာ မကြာခန ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ချေ ရှိ၊မရှိနှင့် ပတ်သက်၍လည်း ၎င်းက အတိအကျ ပြောကြားခြင်း မရှိဘဲ ပါတီနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးအပ်သည့်အတိုင်း လုပ်ကိုင်မည်ဟု ပြောသည်။
"ကျွန်တော်လည်း (ဝန်ကြီးချုပ် ဆက်လုပ်မလုပ်) မပြောနိုင်သေးဘူး။ အစ်မအပေါ်မှာ မူတည်ပါတယ်။ ဆက်လုပ်ပါဆို ကျွန်တော်လုပ်ရုံပေါ့" ဟု ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။
သို့သော် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အုပ်ချုပ်ရေး တာဝန်မယူတော့ဘဲ ပါတီအကြီးအကဲ အနေဖြင့်သာ တာဝန် ယူဖွယ်ရှိကြောင်းလည်း ထင်မြင်သူအချို့ ရှိသည်။
ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်နှင့် ပါတီ ဒု-ဥက္ကဌ သမ္မတ ဦးဝင်းမြင့်တို့ အုပ်ချုပ်ရေး တာဝန်များ ဆက်လက် ရယူမည်ဆိုလျှင် ပါတီဆိုင်ရာ လုပ်ငန်းတာဝန်များသည် ဒေါက်တာဇော်မြင့်မောင်၏ ပခုံးပေါ် ပုံကျလာမည် ဖြစ်သည်။
၂။ ဦးတင်ထွဋ်ဦး
ဒေါက်တာဇော်မြင့်မောင် အနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူခြင်း မရှိပါက ဝန်ကြီးချုပ်သစ် ဖြစ်နိုင်ချေ အများဆုံးသော ပုဂ္ဂိုလ်သည် လက်ရှိ ဒီချုပ်ပါတီ၏ မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ဖြစ်သည်။
အရပ်ထောင်ထောင်မောင်းမောင်း၊ ကွမ်းတမြုံ့မြုံ့ဖြင့် အနေအထိုင် အေးဆေးသော အသက် (၅၇) နှစ်အရွယ် ဦးတင်ထွဋ်ဦးသည် ဒီချုပ်ပါတီ စတင်ဖွဲ့စည်း တည်ထောင်သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ စ၍ ပါတီသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဒီချုပ်ပါတီ မန္တလေးတိုင်း ဥက္ကဌ ဖြစ်သလို ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) တစ်ဦးလည်း ဖြစ်သည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်၌ ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ကြားကာလများတွင် ပါတီတာဝန်များ ထမ်းဆောင်ခဲ့သူ ဦးတင်ထွဋ်ဦးသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်မူ အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရထားသည်။
နိုဝင်ဘာ(၈)ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ဒီချုပ် ကိုယ်စားလှယ် (၅၇)ဦးအနက် ဦးတင်ထွဋ်ဦးသည် ဒေါက်တာဇော်မြင့်မောင် ပြီးလျှင် ဒီချုပ်ပါတီ၏ ဝါအရင့်ဆုံး၊ ပါတီတာဝန် အမြင့်ဆုံး ရယူထားသော ကိုယ်စားလှယ် ဖြစ်သည်။
သူသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သူဖြစ်သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ပါတီအောင်နိုင်ရေး တာဝန်များကိုသာ လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းသည် နိုင်ငံရေးရည်မှန်းချက် ရှိနေသည်ဟု ယူဆလျှင်လည်း ရနိုင်သည်။
ဦးတင်ထွဋ်ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် ဇူလိုင်လအထိနှင့် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်းအကြမ်းဖက်ခံရမှု၌ ပါဝင်မှုကြောင့် ၂၀၀၄ ခုနှစ် ဇန်နဝါရီလအထိ အကျဉ်းထောင်များ၌ အထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။
ဦးတင်ထွဋ်ဦးသည် သာမန်အားဖြင့် လူလုံးထွက်ပြလေ့ မရှိသော်လည်း ၎င်းသည် ဒီချုပ်ပါတီ၏ ဗဟိုကော်မတီဝင်၊ ၂၀၁၈မှ စတင်ကာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူဖြစ်ပြီး ဒီချုပ်ပါတီ ဗဟို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယင်းအပြင် ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် လွှတ်တော်ကိုယ်စားလှယ်များအား စောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်၊ ဗဟို တောင်သူလယ်သမား ရေးရာအဖွဲ့ဝင်၊ ဗဟို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်အဖြစ်လည်း ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့အပြင် ၂၀၁၉ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ ဒီချုပ်ပါတီ (ဌာနချုပ်) ရုံး၌ ကျင်းပခဲ့သည့် ဒီချုပ်ပါတီ၏ ဒုတိယဗဟိုကော်မတီ၊ တတိယပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးတင်ထွဋ်ဦးက ဒီချုပ်ပါတီ အနေဖြင့် ညွှန့်ပေါင်းအစိုးရ မဖွဲ့လိုကြောင်း အစောဆုံး ထုတ်ဖော်ပြောဆိုခဲ့သူလည်း ဖြစ်သည်။
ဦးတင်ထွဋ်ဦးကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေခြင်း အတွက် ဒီချုပ်ပါတီတွင်း တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနိုင်ပြီး ဦးတင်ထွဋ်ဦး အနေဖြင့် တိုင်းအစိုးရအဖွဲ့ ရာထူးတာဝန် ဖြစ်စေ၊ တိုင်းလွှတ်တော် အကြီးအကဲ ရာထူးတာဝန်ဖြစ်စေ ရယူဖွယ်ရှိကြောင်း မန္တလေးမြို့ခံ နိုင်ငံရေး စိတ်ပါဝင်စားသူအချို့က ခန့်မှန်းကြသည်။
ဦးတင်ထွဋ်ဦးသည် သိပ္ပံဘွဲ့ရဖြစ်သောကြောင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းထက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်စေ၊ တိုင်းအစိုးရ ဝန်ကြီးတစ်နေရာဖြစ်စေ တာဝန်ပေးနိုင်ချေ ပိုများသည်ဟု ခန့်မှန်းနေသူများလည်း ရှိသည်။ ထို့အပြင် ဒေါက်တာဇော်မြင့်မောင်က အစိုးရသက်တမ်း ပထမပိုင်းတွင် တာဝန်ယူ၍ ဦးတင်ထွဋ်ဦးက နောက်ပိုင်းကာလများတွင် တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူလိမ့်မည်ဟုလည်း အချို့က ခန့်မှန်းသည်။
ဒီချုပ်ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီ၏ တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးများကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါတီ၏ တိုင်းနှင့်ပြည်နယ် ဥက္ကဌများကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာ ယင်းအချက်ကြောင့် ဦးတင်ထွဋ်ဦး အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု အချို့က ခန့်မှန်းသည်။
ထူးခြားချက်အနေဖြင့် ဦးတင်ထွဋ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်မြေသည် လက်ရှိ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နေထိုင်ရာ မဲဆန္ဒနယ်မြေ ဖြစ်သည်။
ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်ကမူ မည်သည့်ကိုယ်စားလှယ်ကိုမျှ ဝန်ကြီးချုပ်ရာထူး ပေးမည်ဟုဆိုကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းမျိုး မရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
၃။ဦးဇာနည်အောင်
ဒေါက်တာဇော်မြင့်မောင်၊ ဦးတင်ထွဋ်ဦးတို့အပြင် ဝန်ကြီးချုပ်ဖြစ်လာနိုင်သူ နောက်ထပ်တစ်ဦးသည် ဦးဇာနည်အောင် ဖြစ်သည်။ ဒီချုပ်ပါတီ၏ မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သော ဦးဇာနည်အောင်သည် ပါတီတွင်း တာဝန်ယူထားမှုအရ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးတင်ထွဋ်ဦးတို့ကို မယှဉ်နိုင်ပေ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သော ဒီချုပ်ပါတီ၏ အစဉ်အလာအရ ဦးဇာနည်အောင်သည်လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်ချေရှိသူစာရင်းမှ ချန်ထားခဲ့၍ မရပေ။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ဒီချုပ်ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာမည့်သူအဖြစ် တစ်ပြေးခဲ့သူ ဦးဇာနည်အောင်သည် အစိုးရဖွဲ့စည်းချိန်တွင် စည်ပင်သာယာရေးဝန်ကြီး ဖြစ်မလာဘဲ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ် ခံရသည်။
အင်ဂျင်နီယာဘွဲ့ရ၊ အသက်(၅၇)နှစ်အရွယ် အသားဖြူဖြူ၊ ပြုံးချိုသည့် မျက်နှာဝိုင်း ပိုင်ရှင် ဦးဇာနည်အောင်သည် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းသဖြင့် ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း ခေတ္တဝန်ကြီးချုပ်အဖြစ် တစ်နှစ်နီးပါး ပူးတွဲတာဝန် ယူခဲ့သူလည်း ဖြစ်သည်။
ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မဲဆန္ဒနယ်မြေဖြစ်သော မဟာအောင်မြေမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင်ပင် ရွေးကောက်ပွဲ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရထားသည့် ကိုယ်စားလှယ်ဖြစ်သည်။
ဦးဇာနည်အောင်သည် ရှစ်လေးလုံး အရေးအခင်းကာလတွင် တည်ထောင်ခဲ့သည့် " မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ် တပ်ပေါင်းစု အဖွဲ့ချုပ် " ၊ တပ်မတော် အာဏာသိမ်းပြီးနောက် တည်ထောင်ခဲ့သည့် " အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုပါတီ " စသည့် အဖွဲ့အစည်းများကို တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး မန္တလေးအခြေပြုသော နိုင်ငံရေး လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
၎င်းသည် တပ်မတော်အစိုးရလက်ထက်တွင် ပုဒ်မ ၅(ည)ဖြင့် ပြစ်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရကာ ၁၉၉၀ မှ ၂၀၀၁ ခုနှစ်အထိ အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရသူ ဖြစ်သည်။
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း အနှစ်(၁၀၀)ပြည့် ကျင်းပရေး ကော်မတီတို့တွင် ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူး စသည့် တာဝန်များ ရယူလုပ်ကိုင်ခဲ့သည်။
ဦးတင်ထွဋ်ဦးနှင့် ဦးဇာနည်အောင် နှစ်ဦးစလုံးသည် ၁၉၈၈ ခုနှစ်ဝန်းကျင်မှစ၍ နိုင်ငံရေးလောကအတွင်းသို့ ရောက်ရှိကာ ဒီမိုကရေစီ အရေး လှုပ်ရှားမူများတွင် ပါဝင်ခဲ့သူများ ဖြစ်သော်လည်း ဦးဇာနည်အောင်က မန္တလေးလူထုနှင့် ပိုမိုကာ နီးနီးစပ်စပ် ရှိသူဟု ဦးသိန်းအောင်မြင့်က ကောက်ချက်ချသည်။
" မန္တလေးရဲ့ လုပ်ငန်းဆောင်တာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်တာမျိုးတွေမှာ ဦးတင်ထွဋ်ဦးကို သိပ်ပြီးတော့ သတိမထားမိဘူး။ ကိုဇာနည်ကတော့ မန္တလေးနဲ့ ပတ်သက်ပြီး ပထမကာလတွေမှာ လှုပ်ရှားခဲ့ တာတွေ ရှိတယ်။ လူထုနဲ့ နီးနီးစပ်စပ် ရှိတယ်။ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက ပိုပြီးတော့ အားကောင်းတယ် " ဟု ၎င်းက ဆိုသည်။
ဒီချုပ်ပါတီ၏ လက်ရှိသက်တမ်း၌ ခန့်အပ်ထားသော တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် အများစုသည် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (CEC)များ ဖြစ်ကြပြီး အထူးသဖြင့် မန္တလေးတိုင်း၏ ဝန်ကြီးချုပ်သည် ပါတီ ဒုတိယဥက္ကဋ္ဌ(၂)၊ ပြောရေးဆိုခွင့်ရှိသူ စသည့် တာဝန်ယူထားသူဖြစ်သည်။ ထို့ကြောင့် ပါတီဝင်သက်တမ်း၊ ပါတီ၏ တာဝန်ပေးမှုအပိုင်းတို့ဖြင့် ပြန်စဉ်းစားလျှင် ဦးဇာနည်အောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ချေ အခွင့်အလမ်း နည်းပါးသည်။ သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်လည်း ပါတီဝင်သက်တမ်း နုနယ်သော်လည်း ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီးနောက် ပါတီ CEC အဖြစ်ပါ ခန့်အပ်ခံရသည့် သာဓကလည်း ရှိနေသည်။
မန္တလေးဒေသခံတွေက ဘယ်လို ဝန်ကြီးချုပ်မျိုး ရလိုကြသလဲ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတက ခန့်အပ်သည်။ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် အရေးအရာ ကိစ္စများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်မှု အားနည်းပြီး ၎င်းတို့၏ အဓိက လုပ်ငန်းတာဝန်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုသည်။
ဝန်ကြီးချုပ်သစ်သည် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းဆောင်ပေးနိုင်သူ၊ အခြေခံလူတန်းစားများ၏ အခြေအနေကို နားလည်ပြီး မြေတောင်မြှောက်ပေးနိုင်သူ ဖြစ်စေလိုကြောင်း မန္တလေးမြို့ အခြေစိုက်၊ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က ဆန္ဒပြုသည်။
"အခြေခံလူတန်းစားတွေကို ကြည့်ရှုပေးတဲ့သူ ဖြစ်စေချင်တယ်။ နောက် အသေးစားလုပ်ငန်းတွေကို ပံ့ပိုးပေးမယ့်သူ ဖြစ်စေချင်တယ်။ ပြည်သူတွေအသံကို နားထောင်ပေးပြီး လုပ်ဆောင်ပေးမယ်ဆို ကောင်းမယ်ပေါ့" ဟု ဦးဇော်မင်းအောင်က ပြောသည်။
ပတ္တမြားမြေ အဖြစ် တင်စားခေါ်ဝေါ်ကြသော ကမ္ဘာကျော် အရည်အသွေးမြင့် ပတ္တမြားနှင့် ကျောက်မျက်ရတနာများ တူးဖော်ထွက်ရှိရာ ဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နေ၊ မိုးကုတ် ထာပွဲကျောက်ကုန်သည်ပွဲစားများအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းကမူ လက်ရှိ ဒီချုပ်အစိုးရ၏ ပထမငါးနှစ်တာကာလအတွင်း မိုးကုတ်မြို့သည် တိုးတက်ပြောင်းလဲမှု မရှိခဲ့ဘဲ ဒီချုပ်အစိုးရသည် မျှော်လင့်သလို မစွမ်းဆောင်နိုင်ခဲ့ဟု သုံးသပ်သည်။
"မိုးကုတ်အနေနဲ့ မပြောင်းလဲတဲ့အပြင် ပိုဆိုးသွားတယ်လို့တောင် ပြောလို့ရတယ် " ဟု ဦးဇော်ဝင်းက ပြောသည်။
မိုးကုတ်မြို့သည် သယံဇာတအပေါ် မှီခိုနေရသည့်မြို့ ဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက် ကျောက်မျက်ဥပဒေများ ပြင်ဆင်ပြဌာန်းခဲ့သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်အရောင်းအဝယ် လုပ်ငန်းများ ရပ်တန့်လုနီးပါး ဖြစ်နေပြီး ဒေသခံများ အခက်အခဲများ ကြုံနေရကြောင်း ၎င်းက ပြောသည်။
တိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ဆက်လက်တာဝန်ယူမည်ဟု ယူဆသော်လည်း တိုင်းဒေသကြီးအတွက် လုပ်ဆောင်ချက်များကို အားရမှု မရှိကြောင်း ဦးဇော်ဝင်းက ဆက်ပြောသည်။
"အဓိက ဝန်ကြီးချုပ်လို နေရာမျိုးမှာကတော့ နိုင်ငံအတွက်ရော၊ တိုင်းအတွက်ရော အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်ပေါ့။ နိုင်ငံရေး အမြင်ရှိတဲ့သူလည်း ဖြစ်ရမယ်။ စီးပွားရေး အမြင်ရှိတဲ့သူလည်း ဖြစ်ရမယ်။ နောက်တစ်ချက်က ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲတဲ့သူလည်း ဖြစ်ရမယ်။ ကျွန်တော်တို့က အဲလိုလူမျိုးကို မျှော်လင့်ပါတယ် " ဟု ဦးဇော်ဝင်းက ဆိုသည်။
မိုးကုတ်ဒေသအား သဘာဝအခြေခံ ခရီးသွားမြို့တစ်မြို့ ဖြစ်လာရန် ဒေသခံများက မျှော်လင့်ခဲ့သော်လည်း တိုးတက်ပြောင်းလဲမှုမျိုး မတွေ့ရဟု မိုးကုတ်ဒေသခံအချို့က ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး အစောပိုင်းကာလများတွင် ပြည်သူနှင့် နီးနီးစပ်စပ် ရှိသည့်ပုံစံမျိုး လုပ်ဆောင် ပြခဲ့ပြီး အထူးအားဖြင့် သင်္ကြန်ပွဲတော်များတွင် ပြည်သူကြားဆင်း၍ ရေပက်ခံထွက်ခြင်း၊ ကျုံးဘေး၌ ပရိုဂျက်တာဖြင့် ထောင်ပြသည့် ဘောလုံးပွဲကို ဝင်ကြည့်ခြင်း၊ လူထုနှင့်အတူ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အမှိုက်ကောက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အစိုးရသက်တမ်း နောက်ပိုင်းကာလများတွင်မူ ထိုလုပ်ဆောင်မှုများ နည်းပါးသွားသည်ဟု မန္တလေးမြို့ခံအချို့က မှတ်ချက်ပြုသည်။
ထို့အပြင် အစိုးရသက်တမ်း အစပိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပြောဆိုခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်၍လည်း မျှော်လင့်သလို မဖြစ်ခဲ့ဟု အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့ကလည်း ဆိုသည်။
လာမည့် သက်တမ်းအတွင်း ဝန်ကြီးချုပ်သစ် ဖြစ်လာမည့်သူသည် အယောင်ပြသဘောမျိုး မဟုတ်ဘဲ ပြည်သူ့အသံ နားထောင်ကာ ပြည်သူများ၏ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးစေလိုကြောင်း ဦးသိန်းအောင်မြင့်က ပြောသည်။
လက်ရှိ မန္တလေးတိုင်း အစိုးရအဖွဲ့ သက်တမ်းအတွင်း တပ်မတော်နှင့် ဒေသခံတောင်သူများအကြား ဖြစ်ပွားနေသော မြေယာသိမ်းဆည်းမှု ပြဿနာများနှင့် ပတ်သက်၍ အစိုးရက အကာအကွယ်ပေးနိုင်မူ အားနည်းခဲ့ပြီး ဘိလပ်မြေစက်ရုံ စီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများ ဒုက္ခရောက်ခဲ့ရသည့် ဖြစ်စဉ်များသည် အစိုးရအဖွဲ့၏ ပုံရိပ်ကို ထိခိုုက်စေခဲ့ကြောင်း ဦးသိန်းအောင်မြင့်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းကမူ မန္တလေးတိုင်း၏ ငါးနှစ်တာ စီးပွားရေးအခြေအနေမှာ အခြား တိုင်းနှင့် ပြည်နယ်များဖြင့် နှိုင်းယှဉ်လျှင် မဆိုးဝါး ဟု ရှု့မြင်သည်။
"စိတ်တိုင်းကျကြီးတော့ ဖြစ်မလာဘူးပေါ့လေ။ ကုန်သည်တွေပဲ (အကျိုး) ခံစားရတယ်။ တိုင်းအစိုးရကော ပြည်ထောင်စု အစိုးရကော ဖြစ်မလာဘူးပေါ့လေ။ ဖြစ်မလာဘူးဆိုတာ သူတို့လည်း အတားအဆီးတွေ ရှိတယ်။ အကန့်အသတ်လေးတွေ ရှိတာပေါ့လေ။ လူတွေက မှန်းထားတာက စီးပွားရေးတွေ ဒိန်းဒိန်းဒိန်းဒိန်းနဲ့ တက်ဖို့ပေါ့လေ " ဟု ဦးကျော်မင်းက ပြောသည်။
မန္တလေးတိုင်းသည် မြန်မာနိုင်ငံ စီးပွားရေး၏ ဒုတိယအင်ဂျင်ဖြစ်လာစေရန် ဒီချုပ် အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်နေပြီး ဒေါက်တာဇော်မြင့်မောင် ဆက်လက် တာဝန်ထမ်းဆောင်လျှင် ထိုရည်မှန်းချက် သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဦးကျော်မင်းက ဆိုသည်။
တရုတ်နိုင်ငံ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (BRI)သည် မန္တလေးတိုင်းကို ဗဟိုပြုသည်ဟု ဆိုနိုင်သောကြောင့် လာမည့်ကာလ၌ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဟုလည်း ၎င်းက ခန့်မှန်းသည်။ ဒေါက်တာဇော်မြင့်မောင် တာဝန်မထမ်းဆောင်လျှင်လည်း မည်သူနှင့် သင့်လျော်မည်ကို သူသိပြီးသားဖြစ်၍ အဆင်ပြေရန် မျှော်လင့်သည်ဟုလည်း ဦးကျော်မင်းက ပြောသည်။
"လူပြောင်းသွားတယ် ဆိုရင်တော့ နောက်လူကလည်း ပိုကြိုးစားမှာပေါ့လေ။ ကျွန်တော်တို့အနေနဲ့ကတော့ ဆရာဇော်ပဲ ဖြစ်စေချင်တယ်။ အကုန်လုံးက Harmony (လိုက်လျောညီထွေ) ဖြစ်ပြီးသား ဖြစ်တဲ့အတွက်။ သူ့ကိုယ်သူ အရပ်သားတစ်ယောက်လို ခံယူပြီးတော့ ထဲထဲဝင်ဝင် လုပ်ဆောင်နေတော့ " ဟု ၄င်းက မှတ်ချက်ပြုသည်။
အစိုးရသစ်အနေဖြင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်စေရေး လုပ်ဆောင်ရန် တိုက်တွန်းလိုပြီး အလုပ်လက်မဲ့ နိုင်ငံခြားပြန်များ၏ ပညာနှင့် အရည်အချင်း၊ အရင်းအနှီးများကို မည်သည့်နေရာတွင် ထိရောက်စွာ အသုံးချရမည်ကို အစိုးရက သိရမည်ဟုလည်း ဦးကျော်မင်းက ထောက်ပြသည်။
ပတ္တမြား၊ နီလာကဲ့သို့ တန်ဖိုးမြင့် ကျောက်မျက်ရတနာများ တူးဖော်ထွက်ရှိသလို မြန်မာနိုင်ငံတွင်း အကြီးဆုံးသော ကျောက်မျက်စျေးကွက် တည်ရှိရာ မန္တလေးတိုင်းဒေသကြီးသည် ရွှေထွက်ရှိရာ ဒေသလည်းဖြစ်သောကြောင့် လက်ဝတ်ရတနာစျေးကွက် ဖွံ့ဖြိုးလာနိုင်သည့် အလားအလာကောင်းများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးတွဲပြုစုကာ ၂၀၁၅တွင် ထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ထားသော မန္တလေးတိုင်းဒေသကြီးအား ငါးနှစ်တာကာလ မည်သူက စီမံအုပ်ချုပ်၍ ဒေသဖွံ့ဖြိုးတက်ရေး မည်မျှအထိ စွမ်းဆောင်နိုင်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဓာတ်ပုံများ- နိုင်ဝင်းထွန်း/Mandalay In-depth News, U Tin Htut Oo FB.
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #မန္တလေး #ဝန်ကြီးချုပ်
.
မန္တလေးတိုင်း ၀န်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ
(တိုင်း၀န်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦးနှင့် ဒေသခံများ၏ ၀န်ကြီးချုပ်သစ်အပေါ် မျှော်လင့်ချက်)
ရေးသူ - မြတ်(ကလေး)/ Mandalay In-depth News
မြန်မာ့နိုင်ငံ၏ ဒုတိယ စီးပွားရေးအင်ဂျင်အဖြစ် တင်စားခံရသလို ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်ခု၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသော ဒေသ။ မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှု စာပေအနုသုခုမ ပညာရပ်များ ထွန်းကားရာ ဒေသ။
လူဦးရေ ခုနှစ်သန်း၀န်းကျင် နေထိုင်ပြီး မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄)ခုအနက် တတိယမြောက် လူဦးရေအများဆုံး ဖြစ်သလို နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသော ဒေသလည်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအား ဦးဆောင်မည့်သူသည် ဒေသအတွက်သာမက နိုင်ငံအတွက်လည်း အရေးပါသူ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရအပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်ရာ လာမည့် ဧပြီ(၁)ရက်မတိုင်မီ အစိုးရအဖွဲ့သစ်များ ဖွဲ့စည်းတော့မည် ဖြစ်သည်။ နို၀င်ဘာ(၈)ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်)အနေဖြင့် ၎င်းတို့၏ ဒုတိယအကြိမ် အစိုးရ သက်တမ်းအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အဖြစ် မည်သူ့ကို ခန့်အပ်မည်ဆိုသည်ကို အများပြည်သူသို့ ထုတ်ဖော် အသိပေးခြင်း မရှိသေးပါ။
သို့သော် ယခုလအတွင်း ကျင်းပမည့် ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အစိုးရအဖွဲ့သစ်တွင် မည်သူများ ပါ၀င်သင့်သည်ဆိုသော ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ဖွယ် ရှိကြောင်း ဒီချုပ်ပါတီ ဒု-ဥက္ကဌ၊ ပါတီ၏ တစ်ဦးတည်းသော ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက Mandalay In-depth News အပါအ၀င် သတင်းမီဒီယာများသို့ ပြောကြားထားသည်။
Mandalay In-depth News ၏ လေ့လာချက်များအရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဖြစ်လာနိုင်သူ သုံးဦး ရှိပါသည်။ အဆိုပါ ၀န်ကြီးချုပ်သစ် ဖြစ်လာနိုင်သူများ အကြောင်းနှင့် ၀န်ကြီးချုပ်သစ်အပေါ် ဒေသခံအချို့၏ မျှော်လင့်ချက်များအကြောင်းကို Mandalay In-depth News ပရိတ်သတ်များအတွက် ဖော်ပြလိုက်ပါသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်သစ် ဖြစ်နိုင်ချေရှိသူ သုံးဦး
၁။ဒေါက်တာဇော်မြင့်မောင်
ဆရာဇော်၊ ဒေါက်ဇော်ဟု မန္တလေးမြို့ခံများက ချစ်စနိုးဖြင့် ခေါ်ဝေါ်သည့် လက်ရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းမည့် ဒီချုပ်ပါတီ၏ အစိုးရသစ်တွင်လည်း မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ်ပင် ဆက်လက် တာ၀န်ယူမည့်သူအဖြစ် ထင်ကြေးပေး အခံရဆုံး ဖြစ်သည်။
မိသားစု၀င်တစ်ဦး ပြည်ပနိုင်ငံသား ခံယူထားသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)နှင့် ငြိစွန်းပြီး သမ္မတရာထူး လက်ခံခွင့် မရှိသော ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် ငါးနှစ်ကဲ့သို့ပင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ပါတီ ဒု-ဥက္ကဌ ဆိုသည့် ရာထူးတာ၀န်များကို ဆက်လက်ရယူဖွယ် ရှိပြီး အုပ်ချုပ်ရေးနှင့် ပါတီအလုပ်များ ပူးတွဲလုပ်ကိုင်ဖွယ် ရှိနေသည်။
အရပ်ခပ်ပြတ်ပြတ်၊ ပြုံးစစမျက်နှာပေးဖြင့် လူအများကို ဆက်ဆံတတ်သည့် အသက်(၆၈)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားရသဖြင့် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးနီးပါး ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် လက်ရှိတွင် ကျန်းမာနေသော်လည်း မန္တလေးလူထုက သူ့ကျန်းမာရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်သည်။
"သူ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး ရွေးကောက်ပွဲ ဆက်၀င်လာတယ်တဲ့အတွက် နောက်သက်တမ်းအတွက် ဆက်ပြီးတော့ တာ၀န်ထမ်းဆောင်နိုင်တယ်ပေါ့။ ဒီအပေါ် မူတည်ပြီး ၀န်ကြီးချုပ် ဆက်ဖြစ်လာနိုင်တယ်လို့ မြင်တာပေါ့ " ဟု မန္တလေးမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသိန်းအောင်မြင့်က မှတ်ချက်ပြုသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၆ ခုနှစ်တွင် တိုင်း၀န်ကြီးချုပ်အဖြစ် စတင်တာ၀န်ယူစဉ်မှ စ၍ အလျဉ်းသင့်တိုင်း ပြောလေ့ရှိသည်မှာ နိုင်ငံရေးလောကမှ လာသဖြင့် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဟူသည့် စကား ဖြစ်သည်။
လက်ရှိတွင် ငါးနှစ်ကြာ အုပ်ချုပ်ရေး တာ၀န်ထမ်းဆောင်ခဲ့ပြီးသည် ဖြစ်၍ အုပ်ချုပ်မှုအတွေ့အကြုံ ရှိသွားပြီ ဖြစ်ကာ လာမည့် ငါးနှစ်သက်တမ်းကိုလည်း ဆက်လက် တာ၀န်ယူစေလိုကြောင်း ဦးသိန်းအောင်မြင့်က ဆိုသည်။
"နောက်တစ်ယောက် အသစ်ဖြစ်လာပြီဆို ကျွန်တော်က အတွေ့အကြုံ မရှိဘူးဆိုပြီး ထပ်ပြီးပြောနေရင် ပြည်သူတွေက ဦးဆောင်မယ့်သူ ဆင်ခြေပေးတာ ခံနေရမှာ " ဟု ဦးသိန်းအောင်မြင့်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးသားဖြစ်သည့်အပြင် ငါးနှစ်လုံးလုံး ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မန္တလေးနှင့်ပတ်သက်၍ ကကြီးမှ အ-အထိ အကုန်သိပြီးသူဖြစ်နေရာ ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာ၀န်ယူစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ဆန္ဒပြုသည်။
လက်ရှိ အစိုးရသည် ၎င်းတို့၏ ငါးနှစ်တာ သက်တမ်းကာလအတွင်း ကုန်သည်အသင်းများနှင့် ထိတွေ့ဆက်ဆံမှု အားကောင်းခဲ့ပြီး ယခင် အစိုးရများ လက်ထက်ကမူ ယခုလောက် ထိတွေ့ဆက်ဆံမှု မရှိခဲ့ဟု ဦးကျော်မင်းက ထောက်ပြသည်။
"အဲဒီလုပ်ဆောင်ချက် NLD အစိုးရအပေါ်မှာ အကျေနပ်ဆုံးပဲ။ နောင်လာမယ့် ငါးနှစ် အစိုးရအသစ်မှာ ၀န်ကြီးအသစ်တွေလည်း လာမယ်။ စီးပွားရေးမှာ အဓိကက SMEs (အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) ပဲဗျ။ ဒါကို မလုပ်နိုင်ရင် တိုင်းပြည်က အခြေအနေ မကောင်းနိုင်သေးဘူး " ဟု ၎င်းက ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ် (၁၄)ဦးအနက် အလုပ်အများဆုံးသော ၀န်ကြီးချုပ်ဟု ဆိုနိုင်သည်။ သွေးကင်ဆာရောဂါ ဆေးဝါးကုသမှု ခံယူခြင်း မပြုမီ ၂၀၁၆မှ ၂၀၁၈အတွင်း တိုင်း၀န်ကြီးချုပ်နှင့် ပါတီ ဒု-ဥက္ကဌ ရာထူးတာ၀န်များကို ပူးတွဲထမ်းဆောင်ခဲ့သည်။ အစိုးရ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာရက်များအတွင်း တိုင်း၀န်ကြီးချုပ် ရာထူးတာ၀န်ထမ်းကို ထမ်းဆောင်ပြီး စနေ၊တနင်္ဂနွေရက်များ၌ ပါတီ ဒု-ဥက္ကဌအဖြစ် ပါတီအရေး လုပ်ကိုင်ကြောင်း ၎င်းက ပြောကြားဖူးသည်။
အလုပ်တာ၀န်များပြားသလို ကျန်းမာရေးအရ ကင်ဆာရောဂါ ခံစားခဲ့ရပြီး အသက်အရွယ်အရလည်း (၇၀)တန်းထဲ ၀င်လာပြီ ဖြစ်သော ဒေါက်တာဇော်မြင့်မောင် အနေဖြင့်မူ မဖြစ်နိုင်တော့သည့် သမ္မတရာထူးမှ လွဲ၍ အခြား မည်သည့် ရာထူးတာ၀န်ကိုမျှ ယူမည်၊ မယူမည် ယတိပြတ် မပြောဘဲ ပါတီက တာ၀န်ပေးအပ်သည့်အတိုင်း လုပ်ကိုင်မည်ဟုသာ မကြာခန ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာ၀န်ထမ်းဆောင်နိုင်ချေ ရှိ၊မရှိနှင့် ပတ်သက်၍လည်း ၎င်းက အတိအကျ ပြောကြားခြင်း မရှိဘဲ ပါတီနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တာ၀န်ပေးအပ်သည့်အတိုင်း လုပ်ကိုင်မည်ဟု ပြောသည်။
"ကျွန်တော်လည်း (၀န်ကြီးချုပ် ဆက်လုပ်မလုပ်) မပြောနိုင်သေးဘူး။ အစ်မအပေါ်မှာ မူတည်ပါတယ်။ ဆက်လုပ်ပါဆို ကျွန်တော်လုပ်ရုံပေါ့" ဟု ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။
သို့သော် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အုပ်ချုပ်ရေး တာ၀န်မယူတော့ဘဲ ပါတီအကြီးအကဲ အနေဖြင့်သာ တာ၀န် ယူဖွယ်ရှိကြောင်းလည်း ထင်မြင်သူအချို့ ရှိသည်။
ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်နှင့် ပါတီ ဒု-ဥက္ကဌ သမ္မတ ဦး၀င်းမြင့်တို့ အုပ်ချုပ်ရေး တာ၀န်များ ဆက်လက် ရယူမည်ဆိုလျှင် ပါတီဆိုင်ရာ လုပ်ငန်းတာ၀န်များသည် ဒေါက်တာဇော်မြင့်မောင်၏ ပခုံးပေါ် ပုံကျလာမည် ဖြစ်သည်။
၂။ ဦးတင်ထွဋ်ဦး
ဒေါက်တာဇော်မြင့်မောင် အနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာ၀န်ယူခြင်း မရှိပါက ၀န်ကြီးချုပ်သစ် ဖြစ်နိုင်ချေ အများဆုံးသော ပုဂ္ဂိုလ်သည် လက်ရှိ ဒီချုပ်ပါတီ၏ မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ဖြစ်သည်။
အရပ်ထောင်ထောင်မောင်းမောင်း၊ ကွမ်းတမြုံ့မြုံ့ဖြင့် အနေအထိုင် အေးဆေးသော အသက် (၅၇) နှစ်အရွယ် ဦးတင်ထွဋ်ဦးသည် ဒီချုပ်ပါတီ စတင်ဖွဲ့စည်း တည်ထောင်သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ စ၍ ပါတီသို့ ၀င်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဒီချုပ်ပါတီ မန္တလေးတိုင်း ဥက္ကဌ ဖြစ်သလို ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င် (CEC) တစ်ဦးလည်း ဖြစ်သည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်၌ ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ကြားကာလများတွင် ပါတီတာ၀န်များ ထမ်းဆောင်ခဲ့သူ ဦးတင်ထွဋ်ဦးသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်မူ အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရထားသည်။
နို၀င်ဘာ(၈)ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ဒီချုပ် ကိုယ်စားလှယ် (၅၇)ဦးအနက် ဦးတင်ထွဋ်ဦးသည် ဒေါက်တာဇော်မြင့်မောင် ပြီးလျှင် ဒီချုပ်ပါတီ၏ ဝါအရင့်ဆုံး၊ ပါတီတာ၀န် အမြင့်ဆုံး ရယူထားသော ကိုယ်စားလှယ် ဖြစ်သည်။
သူသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သူဖြစ်သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ပါတီအောင်နိုင်ရေး တာ၀န်များကိုသာ လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းသည် နိုင်ငံရေးရည်မှန်းချက် ရှိနေသည်ဟု ယူဆလျှင်လည်း ရနိုင်သည်။
ဦးတင်ထွဋ်ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် ဇူလိုင်လအထိနှင့် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်းအကြမ်းဖက်ခံရမှု၌ ပါ၀င်မှုကြောင့် ၂၀၀၄ ခုနှစ် ဇန်နဝါရီလအထိ အကျဉ်းထောင်များ၌ အထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။
ဦးတင်ထွဋ်ဦးသည် သာမန်အားဖြင့် လူလုံးထွက်ပြလေ့ မရှိသော်လည်း ၎င်းသည် ဒီချုပ်ပါတီ၏ ဗဟိုကော်မတီ၀င်၊ ၂၀၁၈မှ စတင်ကာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င်အဖြစ် တာ၀န်ပေးအပ်ခံရသူဖြစ်ပြီး ဒီချုပ်ပါတီ ဗဟို သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယင်းအပြင် ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် လွှတ်တော်ကိုယ်စားလှယ်များအား စောင့်ကြည့် လေ့လာရေး အဖွဲ့၀င်၊ ဗဟို တောင်သူလယ်သမား ရေးရာအဖွဲ့၀င်၊ ဗဟို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၀င်အဖြစ်လည်း ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့အပြင် ၂၀၁၉ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ ဒီချုပ်ပါတီ (ဌာနချုပ်) ရုံး၌ ကျင်းပခဲ့သည့် ဒီချုပ်ပါတီ၏ ဒုတိယဗဟိုကော်မတီ၊ တတိယပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးတင်ထွဋ်ဦးက ဒီချုပ်ပါတီ အနေဖြင့် ညွှန့်ပေါင်းအစိုးရ မဖွဲ့လိုကြောင်း အစောဆုံး ထုတ်ဖော်ပြောဆိုခဲ့သူလည်း ဖြစ်သည်။
ဦးတင်ထွဋ်ဦးကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စေခြင်း အတွက် ဒီချုပ်ပါတီတွင်း တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနိုင်ပြီး ဦးတင်ထွဋ်ဦး အနေဖြင့် တိုင်းအစိုးရအဖွဲ့ ရာထူးတာ၀န် ဖြစ်စေ၊ တိုင်းလွှတ်တော် အကြီးအကဲ ရာထူးတာ၀န်ဖြစ်စေ ရယူဖွယ်ရှိကြောင်း မန္တလေးမြို့ခံ နိုင်ငံရေး စိတ်ပါ၀င်စားသူအချို့က ခန့်မှန်းကြသည်။
ဦးတင်ထွဋ်ဦးသည် သိပ္ပံဘွဲ့ရဖြစ်သောကြောင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာ၀န်ပေးခြင်းထက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်စေ၊ တိုင်းအစိုးရ ၀န်ကြီးတစ်နေရာဖြစ်စေ တာ၀န်ပေးနိုင်ချေ ပိုများသည်ဟု ခန့်မှန်းနေသူများလည်း ရှိသည်။ ထို့အပြင် ဒေါက်တာဇော်မြင့်မောင်က အစိုးရသက်တမ်း ပထမပိုင်းတွင် တာ၀န်ယူ၍ ဦးတင်ထွဋ်ဦးက နောက်ပိုင်းကာလများတွင် တိုင်း၀န်ကြီးချုပ်အဖြစ် တာ၀န်ယူလိမ့်မည်ဟုလည်း အချို့က ခန့်မှန်းသည်။
ဒီချုပ်ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီ၏ တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးများကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စေပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပါတီ၏ တိုင်းနှင့်ပြည်နယ် ဥက္ကဌများကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ရာ ယင်းအချက်ကြောင့် ဦးတင်ထွဋ်ဦး အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု အချို့က ခန့်မှန်းသည်။
ထူးခြားချက်အနေဖြင့် ဦးတင်ထွဋ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်မြေသည် လက်ရှိ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီး၊ မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင် နေထိုင်ရာ မဲဆန္ဒနယ်မြေ ဖြစ်သည်။
ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်ကမူ မည်သည့်ကိုယ်စားလှယ်ကိုမျှ ၀န်ကြီးချုပ်ရာထူး ပေးမည်ဟုဆိုကာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စေခြင်းမျိုး မရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
၃။ဦးဇာနည်အောင်
ဒေါက်တာဇော်မြင့်မောင်၊ ဦးတင်ထွဋ်ဦးတို့အပြင် ၀န်ကြီးချုပ်ဖြစ်လာနိုင်သူ နောက်ထပ်တစ်ဦးသည် ဦးဇာနည်အောင် ဖြစ်သည်။ ဒီချုပ်ပါတီ၏ မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့၀င် ဖြစ်သော ဦးဇာနည်အောင်သည် ပါတီတွင်း တာ၀န်ယူထားမှုအရ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးတင်ထွဋ်ဦးတို့ကို မယှဉ်နိုင်ပေ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သော ဒီချုပ်ပါတီ၏ အစဉ်အလာအရ ဦးဇာနည်အောင်သည်လည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်လာနိုင်ချေရှိသူစာရင်းမှ ချန်ထားခဲ့၍ မရပေ။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ဒီချုပ်ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က မန္တလေးမြို့တော်၀န်၊ မန္တလေးတိုင်း စည်ပင်သာယာရေး၀န်ကြီး ဖြစ်လာမည့်သူအဖြစ် တစ်ပြေးခဲ့သူ ဦးဇာနည်အောင်သည် အစိုးရဖွဲ့စည်းချိန်တွင် စည်ပင်သာယာရေး၀န်ကြီး ဖြစ်မလာဘဲ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး၀န်ကြီးအဖြစ် တာ၀န်ပေးအပ် ခံရသည်။
အင်ဂျင်နီယာဘွဲ့ရ၊ အသက်(၅၇)နှစ်အရွယ် အသားဖြူဖြူ၊ ပြုံးချိုသည့် မျက်နှာဝိုင်း ပိုင်ရှင် ဦးဇာနည်အောင်သည် ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းသဖြင့် ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း ခေတ္တ၀န်ကြီးချုပ်အဖြစ် တစ်နှစ်နီးပါး ပူးတွဲတာ၀န် ယူခဲ့သူလည်း ဖြစ်သည်။
ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မဲဆန္ဒနယ်မြေဖြစ်သော မဟာအောင်မြေမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင်ပင် ရွေးကောက်ပွဲ ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရထားသည့် ကိုယ်စားလှယ်ဖြစ်သည်။
ဦးဇာနည်အောင်သည် ရှစ်လေးလုံး အရေးအခင်းကာလတွင် တည်ထောင်ခဲ့သည့် " မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ် တပ်ပေါင်းစု အဖွဲ့ချုပ် " ၊ တပ်မတော် အာဏာသိမ်းပြီးနောက် တည်ထောင်ခဲ့သည့် " အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုပါတီ " စသည့် အဖွဲ့အစည်းများကို တည်ထောင်ရာတွင် ဦးဆောင်ပါ၀င်ခဲ့ပြီး မန္တလေးအခြေပြုသော နိုင်ငံရေး လှုပ်ရှားမှုများတွင် ထဲထဲ၀င်၀င် ပါ၀င်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
၎င်းသည် တပ်မတော်အစိုးရလက်ထက်တွင် ပုဒ်မ ၅(ည)ဖြင့် ပြစ်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရကာ ၁၉၉၀ မှ ၂၀၀၁ ခုနှစ်အထိ အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရသူ ဖြစ်သည်။
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း အနှစ်(၁၀၀)ပြည့် ကျင်းပရေး ကော်မတီတို့တွင် ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူး စသည့် တာ၀န်များ ရယူလုပ်ကိုင်ခဲ့သည်။
ဦးတင်ထွဋ်ဦးနှင့် ဦးဇာနည်အောင် နှစ်ဦးစလုံးသည် ၁၉၈၈ ခုနှစ်၀န်းကျင်မှစ၍ နိုင်ငံရေးလောကအတွင်းသို့ ရောက်ရှိကာ ဒီမိုကရေစီ အရေး လှုပ်ရှားမူများတွင် ပါ၀င်ခဲ့သူများ ဖြစ်သော်လည်း ဦးဇာနည်အောင်က မန္တလေးလူထုနှင့် ပိုမိုကာ နီးနီးစပ်စပ် ရှိသူဟု ဦးသိန်းအောင်မြင့်က ကောက်ချက်ချသည်။
" မန္တလေးရဲ့ လုပ်ငန်းဆောင်တာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်တာမျိုးတွေမှာ ဦးတင်ထွဋ်ဦးကို သိပ်ပြီးတော့ သတိမထားမိဘူး။ ကိုဇာနည်ကတော့ မန္တလေးနဲ့ ပတ်သက်ပြီး ပထမကာလတွေမှာ လှုပ်ရှားခဲ့ တာတွေ ရှိတယ်။ လူထုနဲ့ နီးနီးစပ်စပ် ရှိတယ်။ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက ပိုပြီးတော့ အားကောင်းတယ် " ဟု ၎င်းက ဆိုသည်။
ဒီချုပ်ပါတီ၏ လက်ရှိသက်တမ်း၌ ခန့်အပ်ထားသော တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ် အများစုသည် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င် (CEC)များ ဖြစ်ကြပြီး အထူးသဖြင့် မန္တလေးတိုင်း၏ ၀န်ကြီးချုပ်သည် ပါတီ ဒုတိယဥက္ကဋ္ဌ(၂)၊ ပြောရေးဆိုခွင့်ရှိသူ စသည့် တာ၀န်ယူထားသူဖြစ်သည်။ ထို့ကြောင့် ပါတီ၀င်သက်တမ်း၊ ပါတီ၏ တာ၀န်ပေးမှုအပိုင်းတို့ဖြင့် ပြန်စဉ်းစားလျှင် ဦးဇာနည်အောင်သည် မန္တလေးတိုင်း၀န်ကြီးချုပ် ဖြစ်လာနိုင်ချေ အခွင့်အလမ်း နည်းပါးသည်။ သို့သော် ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်လည်း ပါတီ၀င်သက်တမ်း နုနယ်သော်လည်း ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီးနောက် ပါတီ CEC အဖြစ်ပါ ခန့်အပ်ခံရသည့် သာဓကလည်း ရှိနေသည်။
မန္တလေးဒေသခံတွေက ဘယ်လို ၀န်ကြီးချုပ်မျိုး ရလိုကြသလဲ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို နိုင်ငံတော် သမ္မတက ခန့်အပ်သည်။ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် အရေးအရာ ကိစ္စများတွင် တိုက်ရိုက်ပါ၀င်ဆောင်ရွက်နိုင်မှု အားနည်းပြီး ၎င်းတို့၏ အဓိက လုပ်ငန်းတာ၀န်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုသည်။
၀န်ကြီးချုပ်သစ်သည် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းဆောင်ပေးနိုင်သူ၊ အခြေခံလူတန်းစားများ၏ အခြေအနေကို နားလည်ပြီး မြေတောင်မြှောက်ပေးနိုင်သူ ဖြစ်စေလိုကြောင်း မန္တလေးမြို့ အခြေစိုက်၊ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က ဆန္ဒပြုသည်။
"အခြေခံလူတန်းစားတွေကို ကြည့်ရှုပေးတဲ့သူ ဖြစ်စေချင်တယ်။ နောက် အသေးစားလုပ်ငန်းတွေကို ပံ့ပိုးပေးမယ့်သူ ဖြစ်စေချင်တယ်။ ပြည်သူတွေအသံကို နားထောင်ပေးပြီး လုပ်ဆောင်ပေးမယ်ဆို ကောင်းမယ်ပေါ့" ဟု ဦးဇော်မင်းအောင်က ပြောသည်။
ပတ္တမြားမြေ အဖြစ် တင်စားခေါ်ဝေါ်ကြသော ကမ္ဘာကျော် အရည်အသွေးမြင့် ပတ္တမြားနှင့် ကျောက်မျက်ရတနာများ တူးဖော်ထွက်ရှိရာ ဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နေ၊ မိုးကုတ် ထာပွဲကျောက်ကုန်သည်ပွဲစားများအဖွဲ့ အတွင်းရေးမှူး ဦးဇော်၀င်းကမူ လက်ရှိ ဒီချုပ်အစိုးရ၏ ပထမငါးနှစ်တာကာလအတွင်း မိုးကုတ်မြို့သည် တိုးတက်ပြောင်းလဲမှု မရှိခဲ့ဘဲ ဒီချုပ်အစိုးရသည် မျှော်လင့်သလို မစွမ်းဆောင်နိုင်ခဲ့ဟု သုံးသပ်သည်။
"မိုးကုတ်အနေနဲ့ မပြောင်းလဲတဲ့အပြင် ပိုဆိုးသွားတယ်လို့တောင် ပြောလို့ရတယ် " ဟု ဦးဇော်၀င်းက ပြောသည်။
မိုးကုတ်မြို့သည် သယံဇာတအပေါ် မှီခိုနေရသည့်မြို့ ဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက် ကျောက်မျက်ဥပဒေများ ပြင်ဆင်ပြဌာန်းခဲ့သော်လည်း နည်းဥပဒေ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်အရောင်းအ၀ယ် လုပ်ငန်းများ ရပ်တန့်လုနီးပါး ဖြစ်နေပြီး ဒေသခံများ အခက်အခဲများ ကြုံနေရကြောင်း ၎င်းက ပြောသည်။
တိုင်း၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ဆက်လက်တာ၀န်ယူမည်ဟု ယူဆသော်လည်း တိုင်းဒေသကြီးအတွက် လုပ်ဆောင်ချက်များကို အားရမှု မရှိကြောင်း ဦးဇော်၀င်းက ဆက်ပြောသည်။
"အဓိက ၀န်ကြီးချုပ်လို နေရာမျိုးမှာကတော့ နိုင်ငံအတွက်ရော၊ တိုင်းအတွက်ရော အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်ပေါ့။ နိုင်ငံရေး အမြင်ရှိတဲ့သူလည်း ဖြစ်ရမယ်။ စီးပွားရေး အမြင်ရှိတဲ့သူလည်း ဖြစ်ရမယ်။ နောက်တစ်ချက်က ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲတဲ့သူလည်း ဖြစ်ရမယ်။ ကျွန်တော်တို့က အဲလိုလူမျိုးကို မျှော်လင့်ပါတယ် " ဟု ဦးဇော်၀င်းက ဆိုသည်။
မိုးကုတ်ဒေသအား သဘာ၀အခြေခံ ခရီးသွားမြို့တစ်မြို့ ဖြစ်လာရန် ဒေသခံများက မျှော်လင့်ခဲ့သော်လည်း တိုးတက်ပြောင်းလဲမှုမျိုး မတွေ့ရဟု မိုးကုတ်ဒေသခံအချို့က ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် တိုင်း၀န်ကြီးချုပ်အဖြစ် တာ၀န်ယူပြီး အစောပိုင်းကာလများတွင် ပြည်သူနှင့် နီးနီးစပ်စပ် ရှိသည့်ပုံစံမျိုး လုပ်ဆောင် ပြခဲ့ပြီး အထူးအားဖြင့် သင်္ကြန်ပွဲတော်များတွင် ပြည်သူကြားဆင်း၍ ရေပက်ခံထွက်ခြင်း၊ ကျုံးဘေး၌ ပရိုဂျက်တာဖြင့် ထောင်ပြသည့် ဘောလုံးပွဲကို ၀င်ကြည့်ခြင်း၊ လူထုနှင့်အတူ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အမှိုက်ကောက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အစိုးရသက်တမ်း နောက်ပိုင်းကာလများတွင်မူ ထိုလုပ်ဆောင်မှုများ နည်းပါးသွားသည်ဟု မန္တလေးမြို့ခံအချို့က မှတ်ချက်ပြုသည်။
ထို့အပြင် အစိုးရသက်တမ်း အစပိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပြောဆိုခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်၍လည်း မျှော်လင့်သလို မဖြစ်ခဲ့ဟု အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့ကလည်း ဆိုသည်။
လာမည့် သက်တမ်းအတွင်း ၀န်ကြီးချုပ်သစ် ဖြစ်လာမည့်သူသည် အယောင်ပြသဘောမျိုး မဟုတ်ဘဲ ပြည်သူ့အသံ နားထောင်ကာ ပြည်သူများ၏ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးစေလိုကြောင်း ဦးသိန်းအောင်မြင့်က ပြောသည်။
လက်ရှိ မန္တလေးတိုင်း အစိုးရအဖွဲ့ သက်တမ်းအတွင်း တပ်မတော်နှင့် ဒေသခံတောင်သူများအကြား ဖြစ်ပွားနေသော မြေယာသိမ်းဆည်းမှု ပြဿနာများနှင့် ပတ်သက်၍ အစိုးရက အကာအကွယ်ပေးနိုင်မူ အားနည်းခဲ့ပြီး ဘိလပ်မြေစက်ရုံ စီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများ ဒုက္ခရောက်ခဲ့ရသည့် ဖြစ်စဉ်များသည် အစိုးရအဖွဲ့၏ ပုံရိပ်ကို ထိခိုက်စေခဲ့ကြောင်း ဦးသိန်းအောင်မြင့်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းကမူ မန္တလေးတိုင်း၏ ငါးနှစ်တာ စီးပွားရေးအခြေအနေမှာ အခြား တိုင်းနှင့် ပြည်နယ်များဖြင့် နှိုင်းယှဉ်လျှင် မဆိုးဝါး ဟု ရှု့မြင်သည်။
"စိတ်တိုင်းကျကြီးတော့ ဖြစ်မလာဘူးပေါ့လေ။ ကုန်သည်တွေပဲ (အကျိုး) ခံစားရတယ်။ တိုင်းအစိုးရကော ပြည်ထောင်စု အစိုးရကော ဖြစ်မလာဘူးပေါ့လေ။ ဖြစ်မလာဘူးဆိုတာ သူတို့လည်း အတားအဆီးတွေ ရှိတယ်။ အကန့်အသတ်လေးတွေ ရှိတာပေါ့လေ။ လူတွေက မှန်းထားတာက စီးပွားရေးတွေ ဒိန်းဒိန်းဒိန်းဒိန်းနဲ့ တက်ဖို့ပေါ့လေ " ဟု ဦးကျော်မင်းက ပြောသည်။
မန္တလေးတိုင်းသည် မြန်မာနိုင်ငံ စီးပွားရေး၏ ဒုတိယအင်ဂျင်ဖြစ်လာစေရန် ဒီချုပ် အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်နေပြီး ဒေါက်တာဇော်မြင့်မောင် ဆက်လက် တာ၀န်ထမ်းဆောင်လျှင် ထိုရည်မှန်းချက် သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဦးကျော်မင်းက ဆိုသည်။
တရုတ်နိုင်ငံ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (BRI)သည် မန္တလေးတိုင်းကို ဗဟိုပြုသည်ဟု ဆိုနိုင်သောကြောင့် လာမည့်ကာလ၌ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဟုလည်း ၎င်းက ခန့်မှန်းသည်။ ဒေါက်တာဇော်မြင့်မောင် တာ၀န်မထမ်းဆောင်လျှင်လည်း မည်သူနှင့် သင့်လျော်မည်ကို သူသိပြီးသားဖြစ်၍ အဆင်ပြေရန် မျှော်လင့်သည်ဟုလည်း ဦးကျော်မင်းက ပြောသည်။
"လူပြောင်းသွားတယ် ဆိုရင်တော့ နောက်လူကလည်း ပိုကြိုးစားမှာပေါ့လေ။ ကျွန်တော်တို့အနေနဲ့ကတော့ ဆရာဇော်ပဲ ဖြစ်စေချင်တယ်။ အကုန်လုံးက Harmony (လိုက်လျောညီထွေ) ဖြစ်ပြီးသား ဖြစ်တဲ့အတွက်။ သူ့ကိုယ်သူ အရပ်သားတစ်ယောက်လို ခံယူပြီးတော့ ထဲထဲ၀င်၀င် လုပ်ဆောင်နေတော့ " ဟု ၄င်းက မှတ်ချက်ပြုသည်။
အစိုးရသစ်အနေဖြင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်စေရေး လုပ်ဆောင်ရန် တိုက်တွန်းလိုပြီး အလုပ်လက်မဲ့ နိုင်ငံခြားပြန်များ၏ ပညာနှင့် အရည်အချင်း၊ အရင်းအနှီးများကို မည်သည့်နေရာတွင် ထိရောက်စွာ အသုံးချရမည်ကို အစိုးရက သိရမည်ဟုလည်း ဦးကျော်မင်းက ထောက်ပြသည်။
ပတ္တမြား၊ နီလာကဲ့သို့ တန်ဖိုးမြင့် ကျောက်မျက်ရတနာများ တူးဖော်ထွက်ရှိသလို မြန်မာနိုင်ငံတွင်း အကြီးဆုံးသော ကျောက်မျက်စျေးကွက် တည်ရှိရာ မန္တလေးတိုင်းဒေသကြီးသည် ရွှေထွက်ရှိရာ ဒေသလည်းဖြစ်သောကြောင့် လက်၀တ်ရတနာစျေးကွက် ဖွံ့ဖြိုးလာနိုင်သည့် အလားအလာကောင်းများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးတွဲပြုစုကာ ၂၀၁၅တွင် ထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ထားသော မန္တလေးတိုင်းဒေသကြီးအား ငါးနှစ်တာကာလ မည်သူက စီမံအုပ်ချုပ်၍ ဒေသဖွံ့ဖြိုးတက်ရေး မည်မျှအထိ စွမ်းဆောင်နိုင်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဓာတ်ပုံများ- နိုင်၀င်းထွန်း/Mandalay In-depth News, U Tin Htut Oo FB.
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #မန္တလေး #၀န်ကြီးချုပ်
.
Comments
Post a Comment