စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မုဒိမ်းကျင့်တရားခံတွေက အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ- ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ -၅၃၇၃၂၁) နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ -၄၉၂၇၂၀ ) ပါ။ တစ်ဦးကို အလုပ် ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ


 "မုဒိမ်းကျင့်တရားခံတွေက အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ- ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ -၅၃၇၃၂၁) နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ -၄၉၂၇၂၀ ) ပါ။ တစ်ဦးကို  အလုပ် ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ"


By ရန်ကုန်ခေတ်သစ်


ရသေ့တောင်တွင် ဦးဂါကျေးရွာတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် တပ်မတော်သား ၃ ဦး ည ၁၁ နာရီအချိန်ခန့်တွင် ဗုံးခိုကျင်းထဲတွင် ရှိနေသည့် အသက် ၃၆ နှစ်အရွယ် ကလေး(၄)ဦးမိခင်ကို သေနတ်ထောက် ခေါ်ထုတ်ပြီး အိမ်ဘေးနားက အဆောင်တွင် အဓမ္မပြုကျင့်ခဲ့ပြီး သမီးဖြစ်သူကိုပါ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့သည်။ 


ယင်းအမှုကို မူလက တပ်မတော်ဘက်က ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ပြီး ကျူးလွန်သော တပ်မတော်သား ၃ ဦးကိုလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ ယင်းအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။ 


မေး။          ။ ဦးဂါကျေးရွာက ရခိုင်အမျိုးသမီးကို တပ်မတော်သား ၃ ဦးက မုဒိမ်းကျင့်တာကို အပြီးသတ် အမိန့်ချလိုက်ပြီလို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေသိထားပါလဲ။ 


ဖြေ။        ။ ကျမသိထားသလောက်ကတော့ ကျမတို့ လွန်ခဲ့တဲ့ ၆ လပိုင်း ၁၀ ရက်နေ့က အမှုစတင်ပြီးတော့ အမှုဖွင့်တယ်။ အမှတ် ၁ မြို့မ ရဲစခန်းမှာ။  အမှုဖွင့်လိုက်ပြီးတော့ ၆ လကျော်ကျော် ၇ လစွန်းစွန်းလေးမှာတော့ ဒီအမှုကို ဒီကနေ့ အဆုံးသတ်တယ်လို့ ပြောလို့တယ်လေ။ ပထမကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ငြင်းတယ်လေ။ ကျမတို့ကလည်း အားယူတယ်ပေါ့။  CSO အဖွဲ့ပေါင်း ၁၀၀ ကျော်ကျော်လောက်က အားယူတယ်။ ကျမတို့ ကမကထပြုပြီးတော့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ကျမတို့ အလုပ်လုပ်ပေးလိုက်ရတယ်။ စိန်ခေါ်မှု ပေါင်းများစွာ နဲ့ အလုပ်လုပ်ပေးခဲ့တာ ဒီကနေ့မှာတော့ စစ်ခုံရုံး တရားရုံးအမှတ် ၁၀၉/ ၂၀၂၀ ကနေပြီးတော့  တရားခံတွေကို တစ်ယောက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ 


မေး။         ။ တရားခံတွေ ဘယ်တပ်ကပါလဲ။ 


ဖြေ။        ။  မုဒိမ်းကျင့်တရားခံတွေက အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ- ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ -၅၃၇၃၂၁)နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ -၄၉၂၇၂၀ ) ပါ။ တစ်ဦးကို  အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ။ 


မေး။        ။ သူတို့ကို ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲခဲ့တာလဲ။ အရပ်ဘက်တရားရုံးကို လွှဲဖို့ရှိသေးတာလား။ 


ဖြေ။      ။ ကျမတို့ဘက်က သူတို့ကို  ရာဇသတ် ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၆၆(ကာမကို အတင်းအဓမ္မရယူမှု၊ ၁၄၄ (မုဒိမ်းကျင့်ကြံရန်ကြိုးပမ်းမှု)နဲ့ ကျမတို့က တရားစွဲတယ်။ တပ်ဘက်ကလည်း တပ်ဘက်ဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲတယ်။ အရပ်ဘက်နဲ့ တပ်ဘက်ညှိလိုက်တဲ့အချိန်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်ဦးကို နှစ် ၂၀ ဆီပေါ့။ အဲလိုချမှတ်ထာပေါ့။ 


မေး။         ။ စစ်ဘက်တရားရုံးက အမိန့်ချတယ်ဆိုတော့  အရပ်ဘက်တရားရုံးမှာ ထပ်ပြီး တရားစွဲဦးမလား။ 


ဖြေ။          ။ အရပ်ဘက်တရားရုံးမှာ ထပ်ဆွဲမယ်ဆိုတာက ပြစ်ဒဏ်က နည်းနေတယ် မညီမျှဘူးဆိုလို့ရှိရင်တော့  ကျမတို့ဘက်က Complaint တက်စရာရှိတယ်ပေါ့။ အခုကတော့ ဒီပြစ်ဒဏ်က ကျေနပ်တယ်လို့ တရားလိုအမျိုးသမီးက ပြောတယ်။ ကျမတို့ ဥပဒေဘက် legal Clinic Myanmar အဖွဲ့ကလည်း အရပ်ဘက် ပြစ်ဒဏ်ကလည်း ညီမျှခြင်းရှိတယ်ဆိုပြီးတော့ ကျမတို့ကျေနပ်တယ်ပေါ့။ ကျေနပ်တဲ့အတွက် အပြီးသတ်ဖြစ်ပါတယ်။ 


မေး။        ။ ဒီအမှုနဲ့ပတ်သက်လို့ ဘယ်လို မှတ်ချက်ပေးချင်လဲ။


ဖြေ။        ။ ကျမတို့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေအများကြီးရှိတယ်ပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ Rape Case တွေ သေသွားတဲ့သူတွေ ကျမတို့ တွေ့နေရတယ်။ ဒီအမှုတွဲတွေမှာ ဒီလောက် ပြစ်ဒဏ်များများချတာမတွေ့ရသေးဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရခိုင်ပြည်နယ်မှာ CSO တွေ ၀ိုင်းဝန်းလုပ်ဆောင်မှုကြောင့် ဒီလောက်အခြေအနေရောက်လာတဲ့အပေါ်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်တည်တဲ့အမှုတွေ တိုင်းရင်းသားဒေသတွေမှာ ဖြစ်တည်တဲ့အမှုတွေမှာ ဒီလိုပဲ သမာသမတ်ကျကျ ဆုံးဖြတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ 


မေး။         ။  တပ်မတော်ရဲ့ စစ်ခုံရုံးက ဒီလို ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်အရေး ယူတဲ့အပေါ်မှာရော ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။


ဖြေ။         ။ တပ်မတော်ဘက်က  ဒီလို ပြစ်ဒဏ်ကြီးကြီးချမှတ်တဲ့အပေါ်မှာ ကျမတို့အနေနဲ့ ပြောချင်တာက ဒီလိုပဲ သမသမတ်ကျကျနဲ့ နောက်အမှုတွဲတွေမှာ ဆုံးဖြတ်ပေးနိုင်ပါစေလို့ ကျမတို့က ပြောချင်ပါတယ်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု