စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ


 ◾ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ


အောင်မြသန်း/ဧရာဝတီတိုင်းမ် 

ဒီဇင်ဘာ ၁၁ရက် (မအူပင်)


◼️ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းသို့ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ ခရီးသွား အထောက်အထားမဲ့ ဝင်ရောက်လာသူ ၈ ဦးကို မအူပင်မြို့နယ်အုပ်ချုပ်ရေးဌာနက တရားလိုပြုလုပ် တရားစွဲဆိုထားရာ မအူပင်မြို့မရဲစခန်းက ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်၍ ဖမ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။ 


မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ဖြင့် ဝင်ရောက်လာသူများမှာပြည်သူ့စေတနာ့ ဝန်ထမ်းအသင်း - PVA အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့ကို ဦးသိမ်းဆန်းဆိုသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇ ဦး ပါဝင်ကြောင်း သိရသည်။


အဆိုပါ အဖွဲ့မှာ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လယ်ယာမြေအငြင်းပွားမှုဖြစ်နေသည့် မအူပင်မြို့နယ်၊ 

ကျုံဝါးကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးတင်ဝင်း၏လယ်ယာမြေအတွင်းဝင်ရောက်၍ ထွန်ယက်စိုက်ပျိုးခြင်း၊ လယ်သမားဦးတင်ဝင်းအား ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ဒေသအတွင်း ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး မအူပင်မြို့နယ် အုပ်ချုပ်ရေးဌာနသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။ 


ပြောက်ကျားဝတ်စုံများဖြင့် အငြင်းပွားလယ်ယာမြေအား အဓမ္မဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်နေသည့် အခြေအနေများအား ဒေသတွင်းသတင်းမီဒီယာများကလည်း ဖော်ထုတ်သတင်း ရေးသားမှုများ ဆောင်ရွက်ခဲ့ကြပြီးနောက် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ကော်မတီ အဖွဲ့ဖြင့် ခေါ်ယူညှိနှိုင်းခဲ့ရာ PVA အဖွဲ့မှ ဦးသိမ်းဆန်းပါ ၈ ဦးမှ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မအူပင်ဒေသမှ ထွက်ခွာ သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။ 


သို့သော် မအူပင်ဒေသမှအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ဒေသတွင်းသို့ ပြောက်ကျားဝတ်စုံများဖြင့် ခရီးသွားအထောက်အထားမပါဘဲ ဝင်ရောက်လာသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရမှ ပြန်လည်ညွှန်ကြားခဲ့သဖြင့် မအူပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းမှ တရားလိုပြုလုပ်၍ မအူပင်မြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ရာ ရဲစခန်းက သိမ်းဆန်းပါ ၈ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ၃၀(ခ) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


အဆိုပါဖြစဉ်နှင့်ပတ်သတ်ပြီး ကျုံဝါးကြီးကျေးရွာမှ လယ်သမားဦးတင်ဝင်းက“ ကျွန်တော်နဲ့အငြင်းပွားနေတဲ့ လယ်မြေကိစွနဲ့ သူတို့ရောက်လာကြတာ/ ကျွန်တော့်တဲဘေးမှာ သူတိုကလာပြီး တဲကပ်ထိုးတယ်။ ပြီးတော့ ကျွန်တော့်ကို လယ်ထဲကဖယ်ခိုင်းတယ်။ လ်ာကိစွက သူတို့နဲ့လည်း ဘာမှကိုမဆိုင်ဘူး။ သူတို့နဲ့ ဘာပတ်သတ်မှုမှ မရှိဘူး။ ၂၀၁၉ ခုနှစ်ကလည်း တခေါက်ရောက်လာပြီး ကျွတ်တော့်ကို ဟိန်းဟောက်ပြီး လယ်ထဲက ဖယ်ခိုင်းတယ်။ မဖယ်ရင် သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်လို့ ကျွန်တော်တောင် ရွာမှာမနေဘဲ တိမ်းရှောင်နေခဲ့ရသေးတယ်။ အခုလို သူတို့ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တဲ့အတွက် ဝမ်းသာပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။


ပြောက်ကျားဝတ်စုံများ ဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူ PVA အဖွဲ့မှ သိမ်းဆန်းပါ ၈ ဦးအား ယမန်နေ့က မအူပင်မြို့နယ်တရားရုံးတွင် ရီမန်ယူခဲ့ပြီး မအူပင်မြို့နယ်၊ ရွေတောင်မှော်ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။


ဓာတ်ပုံ - ဧရာဝတီတိုင်းမ်

#မအူပင် #သိမ်းဆန်း #ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း #ရွှေတောင်မှော်ရဲစခန်း

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု