စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ


 ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုရှကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Sputnik V ကို ထိုးနှံမယ့်သူတွေအတွက်တော့ သတင်းဆိုးတစ်ခုက ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးပါက ၂လကြာ အရက်သောက်သုံးခြင်းမပြုရဘူးဆိုတဲ့အချက်ပါပဲ။ ဒီလိုမျိုး သတင်းထွက်ခဲ့တဲ့အပေါ်မှာ ရုရှအမျိုးသားတွေက ဒေါသထွက်နေခဲ့တယ်လို့လည်း သိရပါတယ်။ 


ကျန်းမာရေးအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး တုံ့ပြန်မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အကြောင်းပြချက်ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပြီး ရုရှထုတ်ကာကွယ်ဆေးနဲ့ပတ်သက်ကာ အငြင်းပွားမှုတွေရှိလာခဲ့ပါတယ်။ စားသုံးသူကျန်းမာရေးစောင့်ကြည့်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Anna Popova က Komsomolskaya Pravda ရေဒီယိုဌာနကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။


သူမက ပထမဆုံးအကြိမ်ကာကွယ်ဆေးမထိုးခင် နှစ်ပတ်ခန့်အလိုမှာ အရက်သောက်သုံးမှုကို ရပ်တန့်သင့်တယ်လို့ ပြောဆိုခဲ့ပြီး ဆေးထိုးပြီးပါကလည်း ၄၂ ရက်အထိ ထပ်မံရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။ ၂၁ရက်ခြားကာ နှစ်ကြိမ်ထိုးနှံရမယ့် ဒီကာကွယ်ဆေးကိုတော့ ဒီတစ်ပတ်ထဲမှာ စတင်ထိုးနှံဖို့ စီစဉ်နေပြီး ဆရာဝန်၊ စစ်သား၊ ဆရာ/ဆရာမတွေနဲ့ လူမှုရေးလုပ်သားတွေကို ဦးစားပေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ 


အရက်အလွန်အကျွံသောက်သုံးလေ့ရှိတဲ့ နှစ်သစ်ကူးပွဲတော်ကာလကလည်း မကြာခင်ရောက်ရှိတော့မှာဖြစ်ပြီး  ရုရှအများစုဟာ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးဆယ်ရက်ကို နေအိမ် ဒါမှမဟုတ် နို်င်ငံရပ်ခြားတွေမှာ အရက်အလွန်အကျွံသောက်သုံးပြီး ဖြတ်သန်းလေ့ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ အရက်အသောက်သုံးလူမျိုးတွေအဖြစ် ထင်ရှားတဲ့ ရုရှလူမျိုးတွေအတွက်တော့ ကာကွယ်ဆေးထိုးနှံပေးမယ့်အချိန်နဲ့ နှစ်သစ်ကူးရက် တိုက်ဆိုင်နေတာက စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။ 


အရက်သောက်သုံးမှုဟာ ကိုယ်ခံအားကို လျော့ကျစေပြီး ဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်မယ့် ပဋိပစ္စည်းတွေထုတ်လုပ်နိုင်မှုကို နည်းပါးစေလိမ့်မယ်လို့ Popova က ပြောပါတယ်။ "ဒါက ခန္ဓာကိုယ်ကို ဖိအားဖြစ်စေပါတယ်၊ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခံအားကောင်းကောင်းနဲ့ တုံ့ပြန်ချင်တယ်ဆိုရင်တော့ အရက်မသောက်ပါနဲ့" လို့ သူမက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုရှတွေကတော့ ဒီသတိပေးမှုအပေါ်မှာ တော်တော်လေးစိတ်ပျက်ဒေါသထွက်နေကြပြီဖြစ်ပါတယ်။ 


@The River Health Care

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု