Posts

Showing posts from November, 2020

စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

နိုင်ငံတော်မှထုတ်ဝေသည့် ငွေစက္ကူအား မီးရွို့ဖျက်ဆီးသူ လင်မယား ၂ ဦးအား ထောင်ဒဏ် ၂ နှစ်ချမှတ်

Image
 နိုင်ငံတော်မှထုတ်ဝေသည့် ငွေစက္ကူအား မီးရွို့ဖျက်ဆီးသူ လင်မယား ၂ ဦးအား ထောင်ဒဏ် ၂ နှစ်ချမှတ်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင် Biggest Shopping & Retail Page တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မွ Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အျခား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ  Biggest Shopping & Retail Page မွ Live လွှင့်၍ မီးရွိျု့ပသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့် ၎င်း၏ဇနီးတိျု့ဖစ်သူတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည် ။ ရဲဇာနည်

မန္တလေးတိုင်းမှာ ဒီကနေ့တစ်ရက်တည်းတင် ကိုဗစ်ပိုးတွေ့သူ ၃၀၀ကျော်ရှိနေ

Image
 မန္တလေးတိုင်းမှာ ဒီကနေ့တစ်ရက်တည်းတင်  ကိုဗစ်ပိုးတွေ့သူ ၃၀၀ကျော်ရှိနေ မနေ့က မန္တလေးမှာ ၁၄၂ ယောက်ပဲပိုးတွေ့ရာက ဒီကနေ့မှာ ၂ဆကျော်မြင့်တက်လာတာကြောင့် ၃၀၁ ယောက်ဖြစ်သွားပါတယ်။မန္တလေးမြို့ပေါ်မှာတင် ၂၈၁ယောက်တိုးပြီး လက်ရှိအချိန်ထိ သေဆုံးသူကတော့ ၄၉ ဦးရှိသွားပါပြီ။ ကျမ္မာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ရက် ဒီနေ့ ညနေထိ ကြေညာထားပြီးဖြစ်တဲ့ အချက်အလက်တွေအရ ဗီအိုအမ်က ကြိုးစားအားထုတ်ထားတဲ့ မန္တလေးတိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိလူနာ အခြေအနေပြမြေပုံ #voiceofmyanmar #VOM #မန္တလေးတိုင်းကိုဗစ်ပြမြေပုံ

ဝမ်းသာစရာသတင်းပါ ကိုဗစ်-၁၉ ရောဂါပြင်းထန်သည့် လူနာ ၂၀၀ ခန့်အား သွေးရည်ကြည်ကုထုံးဖြင့် ဆေးကုသရာ လူနာအရေအတွက် ၈၀ ရာခိုင်နှုန်း ရောဂါသက်သာပျောက်ကင်းခဲ့တယ်လို့သိရပါတယ်

Image
 ကိုဗစ်-၁၉ ရောဂါပြင်းထန်သည့် လူနာ ၂၀၀ ခန့်အား သွေးရည်ကြည်ကုထုံးဖြင့် ဆေးကုသရာ လူနာအရေအတွက် ၈၀ ရာခိုင်နှုန်း ရောဂါသက်သာပျောက်ကင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~  ရန်ကုန်    နိုဝင်ဘာ  ၂၉           ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာသူများ၏ သွေးရည်ကြည်ကို အသုံးပြု၍ ကိုဗစ်ရောဂါပြင်းထန်သူများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိရာ ယခုအခါ သွေးရည်ကြည်ကုထုံးဖြင့်ကိုဗစ်ရောဂါပြင်းထန်သည့်လူနာ ၂၀၀ ခန့်အား ဆေးကုသ ပေးနိုင်ခဲ့ပြီဖြစ်၍ ထိုအထဲမှ လူနာအရေအတွက် ၈၀ ရာခိုင် နှုန်းမှာ      ရောဂါသက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်း သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီမှ သိရသည်။    “ကိုဗစ်-၁၉ ရောဂါအတွက်     ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာသူတွေဟာဆိုရင်  ကိုဗစ်-၁၉ ရောဂါပိုးတိုက်ဖျက်တဲ့   ပဋိပစ္စည်းများကို   ကိုယ်ခန္ဓာက ထုတ်လုပ်ပြီး သွေးရည်ကြည်ထဲမှာ ကျန်ရှိနေတာကြောင့် အဲဒီသွေးရည်ကြည်ကို  အသုံးပြုပြီး ကိုဗစ်ရောဂါပြင်းထန်သူ တွေကို ဆေးကုသပေးနိုင်ပါတယ်။  အခုဆိုရင် သ...

လူ ၁၀ ယောက်မှာ ၃ ယောက်သာ အကုန်မှန်အောင်ဖြေနိုင်မယ့် ဗဟုသုတမေးခွန်း (၈) ခု

Image
 (၁) လိပ်ပြာတစ်ကောင်မှာ ခြေဘယ်နှချောင်း ပါပါသလဲ? (က) ၅ချောင်း (ခ) ၆ချောင်း (ဂ) ၈ချောင်း (ဃ) ၁၀ချောင်း (၂) “လ” ပေါ်ကို ပထမဆုံး လူလွှတ်ခဲ့တာ ဘယ်နိုင်ငံဖြစ်မလဲ? (က) ရုရှား (ခ) တရုတ် (ဂ) အမေရိကန် (ဃ) အိန္ဒိယ (၃) ဦးနှောက်၃၂ခုရှိတဲ့ တိရစ္ဆာန်က ဘယ်တိရစ္ဆာန်ဖြစ်မလဲ? (က) မျှော့ (ခ) တီကောင် (ဂ) ဖား (ဃ) မြွေ (၄) တယ်လီဖုန်းကို စတင်တီထွင်ခဲ့တာ ဘယ်သူဖြစ်မလဲ? (က) အလက်စန္ဒား ဂရေဟမ်ဘဲလ် (ခ) အဲလ်ဘတ် အိုင်းစတိုင်း (ဂ) ဂါလီလီယို (ဃ) ပိုက်သာဂိုရပ် (၅) အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ အရိုးဘယ်နှချောင်းရှိပါသလဲ (က) ၂၁၃ချောင်း (ခ) ၂၁၅ချောင်း (ဂ) ၂၁၄ချောင်း (ဃ) ၂၁၉ချောင်း (၆) အပြာရောင်သွေးရှိတဲ့ သတ္တဝါကို ပြောပြပါ။ (က) ရေမြင်း (ခ) ဝေလငါး (ဂ) ဂျယ်လီငါး (ဃ) ရေဘဝဲ (၇) ယေရှုဘုရားသခင် မွေးဖွားခဲ့တဲ့မြို့ကို ဖော်ပြပါ။ (က) Mecca (ခ) Meina (ဂ) Bethlehem (ဃ) Istanbul (၈) ၃နှစ်လောက် အိပ်နိုင်တဲ့ သတ္တဝါကို ဖော်ပြပါ။ (က) မြွေ (ခ) ခရု (ဂ) ရေမြင်း (ဃ) မိချောင်း ကဲ…အခုဆို မေးခွန်းလေးတွေအတွက် အဖြေလေးတွေ ရလောက်ရောပေါ့….အောက်မှာအဖြေမှန် ပြောထားတဲ့အတွက် မှန်၊မမှန် စစ်ကြည့်လိုက်ဦးနော်။ *****အဖြေမှန်**** မေးခွန်း (၁) - (ခ) ၆ချေ...

သင့်နာမည်နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ပြောပြမယ်

Image
 လူတစ်ယောက်မှာ ကိုယ့်ဝိသေသလက္ခဏာကို ဖော်ပြပေးတဲ့နာမည်က အရေးကြီးဆုံးပါ။ နာမည်တွေရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တွေရှိနေပါတယ်။ ဒီနေ့မှာတော့ သင်နာမည်နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ပြပေးသွားမှာဖြစ်လို့ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ အခုပဲ ဖော်ထုတ်လိုက်ရအောင်နော်… *****ဒီနေ့ test လေးမှာ မေးခွန်းလေး ၅ခုကို မေးသွားမှာဖြစ်ပြီး မေးခွန်းတစ်ခုချင်းစီက သင်ရရှိခဲ့တဲ့ အမှတ်တွေကိုပေါင်းပြီး နောက်ဆုံးရတဲ့အမှတ်ပေါင်းကတစ်ဆင့် သင့်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ပြပေးသွားမှာပါ။***** မေးခွန်း (၁) - သင့်နာမည်ရဲ့ “ပထမစာလုံး” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။ (က) A B C D E F ( ၁၀ မှတ်) (ခ) G H I J K L ( ၂၀ မှတ် ) (ဂ) M N O P Q R ( ၃၀ မှတ် ) (ဃ) S T U V W X Y Z ( ၄၀ မှတ် ) မေးခွန်း (၂) - သင် “မွေးဖွားခဲ့တဲ့လ” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။ (က) ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလ ၊ မတ်လ ( ၃၀ မှတ်) (ခ) ဧပြီလ ၊ မေလ ၊ ဂျွန်လ (၂၀ မှတ် ) (ဂ) ဇူလိုင်လ ၊ သြဂုတ်လ ၊ စက်တင်ဘာလ ( ၁၀ မှတ် ) (ဃ) အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ ( ၄၀ မှတ် ) မေးခွန်း (၃) - သင် “မွေးဖွားတဲ့ရက်” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။ (က) ၁ရက် - ၈ရက် ( ၂၀ မှတ် ...

သင်ရွေးချယ်လိုက်တဲ့အဖြေက ဘဝမှာသင်ပြောင်းလဲသင့်တဲ့အရာတွေကို ပြောပြပေးမယ်

Image
 လူတစ်ယောက်အသက်ရှင်ဖို့ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းက အရေးကြီးဆုံးလို့ ထင်ပါသလဲ? လူတစ်ယောက်နဲ့တစ်ယောက် အဖြေကတော့ တူမှာမဟုတ်ပါဘူး။ သင်ရွေးချယ်လိုက်တဲ့ အဖြေကတစ်ဆင့် သင့်စိတ်နေစိတ်ထားနဲ့ ဘဝမှာ ဘယ်လိုအရာတွေကို သင့်ဘက်က ပြောင်းလဲသင့်တယ်ဆိုတာ ဒီ Quiz လေးကတစ်ဆင့် ပြောပြပေးသွားမှာပါ။ ကဲ…ဘယ်လိုအရာတွေကို ပြောထားမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။ (၁) အရိုး  Shutterstock/ Vecton “အရိုး” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ တွေးခေါ်စဉ်းစားပြီး လုပ်ဆောင်တတ်ဖို့ လိုအပ်နေတဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့အဓိကပြဿနာကတော့ စည်းမျဉ်းစည်းကမ်းတွေကို တလွဲမသွေ လိုက်နာကျင့်သုံးတတ်တာပါ။ ဒါကြောင့် အဲဒီစည်းကမ်းတွေထဲက အမှတ်မထင် တစ်ခုခုသွေဖယ်ပြီး လုပ်မိသွားရင် ဆောက်တည်ရာမရဘဲ ဂဏှာမငြိမ်ဖြစ်နေတတ်ပါတယ်။ သင့်ကိုအကြံပေးချင်တာက လောကမှာ မမြင်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိနိုင်ပြီး အရာရာကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။ ဒီကြားထဲကမှ လူတိုင်းအမှားလုပ်မိတတ်ပါတယ်။ ဒီအမှားကို ထပ်ခါထပ်ခါ မကျူးလွန်မိဖို့ပဲ လိုတာပါ။ တစ်ခါလောက်မှားရုံနဲ့ ပြာမသွားပါနဲ့။ စိတ်ကိုအတတ်နိုင်ဆုံး ပြန်ချုပ်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရ...

အပျင်းပြေ IQ TEST လေးတွေဖြေပြီး ဘယ်နှစ်ခုမှန်လဲ အပြိုင်ကြွားလိုက်ရအောင်

Image
 Shutterstock/wowomnom လူတော်တော်များများကတော့ အခုချိန်မှာ အိမ်တွင်းအောင်းနေကြတုန်းပဲ ထင်ပါတယ်နော်… ဒီလိုအိမ်တွင်းအောင်းနေရတဲ့အချိန်မှာ အချိန်တွေ အလကားဟဿမဖြစ်သွားရလေအောင် ဦးနှောက်ကို အလုပ်ပေးလိုက်ရအောင်….အောက်မှာ ပရိသတ်ကြီးအတွက် အရမ်းလည်းမခက် အရမ်းလည်းမလွယ်တဲ့ IQ Test မေးခွန်း ၁၀ ခုကိုမေးထားပေးတာဖြစ်လို့ ကိုယ်ဘယ်နှခု မှန်အောင်ဖြေနိုင်မလဲဆိုတာ စမ်းသပ်ကြည့်လိုက်ရအောင်…. မေးခွန်း (၁) မနက်ဖြန်က “အင်္ဂါနေ့” ပါ။ လွန်ခဲ့တဲ့ ၁၅ ရက်မြောက်နေ့က ဘယ်နေ့ဖြစ်ခဲ့မလဲ? (က) တနလာၤနေ့ (ခ) အင်္ဂါနေ့ (ဂ) ဗုဒ္ဓဟူးနေ့ (ဃ) တနင်္ဂနွေနေ့ မေးခွန်း (၂) ဒီပုစ္ဆာရဲ့ အဖြေကို ပြောပြပါ။  မေးခွန်း (၃) အဖြေမှန် အံ့စာတုံးလေးကို ရွေးချယ်ပေးပါ။  မေးခွန်း (၄) အဖြေမှန် အံ့စာတုံးလေးကို ရွေးချယ်ပေးပါ။  မေးခွန်း (၅) “Octopus” ရဲ့အများကိန်းကို ဖော်ပြပါ။  Shutterstock/sundatoon မေးခွန်း (၆) အဖြေမှန်လေးက ဘယ်တစ်ခုဖြစ်မလဲ?  မေးခွန်း (၇) ဒီပုစ္ဆာလေးကို ဖြေကြည့်ပါဦး။  မေးခွန်း (၈) Dawn is to noon as dusk is to …….. (က) Midnight (ခ) Afternoon (ဂ) Night (ဃ) Dark မေးခွန်း (၉) “GLUM” ဆိုတဲ့စကားလုံးရဲ့ ဆန့်ကျင်ဘက်စကားလုံးကို ရွေးချ...

ကမ္ဘာပေါ်က နိုင်ငံတွေရဲ့မြို့တော်တွေကို သင်မှန်အောင်ဖြေနိုင်လား?

Image
 ကမ္ဘာပေါ်က နိုင်ငံတွေရဲ့မြို့တော်တွေကို သင်မှန်အောင်ဖြေနိုင်လား? မှန်အောင်ဖြေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဒီဗဟုသုတတွေက လူတိုင်သိသင့်တဲ့ ဗဟုသုတတွေပဲလေ။ ဒီနေ့မှာတော့ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့မြို့တော်တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိလဲ စမ်းသပ်သွားမှာပါ။ ကိုယ်ဘယ်နှစ်ခုမှန်အောင် ဖြေနိုင်လဲဆိုတာ comment မှာမျှဝေပေးခဲ့ဦးနော်….. မေးခွန်း (၁) USA ရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) New York (ခ) Seattle (ဂ) Washington DC မေးခွန်း (၂) UK နိုင်ငံရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Dublin (ခ) London (ဂ) Oxford မေးခွန်း (၃) ပြင်သစ်နိုင်ငံ ရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Paris (ခ) Lyon (ဂ) Toulouse မေးခွန်း (၄) မက္ကဆီကိုနိုင်ငံ ရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Mexico City (ခ) Parral (ဂ) Tepic မေးခွန်း (၅) တောင်ကိုရီးယားနိုင်ငံ ရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Jeju (ခ) Busan (ဂ) Seoul မေးခွန်း (၆) ကနေဒါနိုင်ငံရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Montreal (ခ) Ottawa (ဂ) Winnipeg မေးခွန်း (၇) သြစတေးလျနိုင်ငံရဲ့မြို့တော်ကို ရွေးချယ်ပေးပါ။ (က) Canberra (ခ) Melbourne (ဂ) Sydney မေးခွန်း (၈) တူရကီန...

သင်ရွေးချယ်လိုက်တဲ့ အနီရောင်ပုံက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

Image
 အနီရောင်ကြိုက်တဲ့လူတွေ ရှိလား? အနီရောင်ဟာ ဝမ်းမြောက်ခြင်း၊ တက်ကြွခြင်း၊ စိတ်အားထက်သန်ခြင်း၊ ချစ်ခြင်း နဲ့ နွေးထွေးခြင်း စတဲ့မတူညီတဲ့ ရသမျိုးစုံကို ကိုယ်စားပြုတဲ့ အရောင်တစ်ရောင်ပါ။ သင်ဟာလည်း အနီရောင် နှစ်သက်တဲ့လူတစ်ယောက်ဆိုရင် ဒီ Quiz လေးကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို စမ်းသပ်ကြည့်လိုက်ပါ။ အနီရောင်နဲ့ ဖော်ကျူးထားတဲ့ ပုံ၄ပုံကို ပေးထားမှာဖြစ်ပြီး ပုံတွေထဲက သင့်စိတ်ကိုအစွဲဆောင်ဆုံး တစ်ပုံကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်လိုက်ရအောင်နော်…. (၁) အနီရောင်ပန်း  Shutterstock/ IChaikova သင်ဟာ စိတ်ခံစားချက် ပြင်းထန်တဲ့ လူတစ်ယောက်လို့ပြောရပါမယ်။ သင့်မှာ ကိုယ်ပိုင်စိတ်ကူး အကြံဉာဏ်တွေ အများကြီးရှိတဲ့အပြင် မိတ်ဆွေအပေါင်းအသင်း ပေါများတဲ့အတွက် သင့်ကိုမသိတဲ့လူ၊ မရင်းနှီးတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် သင့်ဘဝမှာ ပြည့်စုံအောင်မြင်နေတဲ့အတွက် သင့်မှာ စိတ်အားထက်သန်မှု မရှိပါဘူး။ ဒါ့အပြင် အပြောမခံ အဆိုမခံတဲ့ ဆတ်ဆတ်ထိခံတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် သင့်အမြင်နဲ့ တခြားသူတွေရဲ့ အမြင်ဟာ ကွဲပြားနေတတ်ပါတယ်။ ဒါကြောင့် လူတွေက သင့်ကိုနားလည်ရခက်ပြီး သင့်ယုံကြည်မှုကို လွယ်လွယ်မရကြပါဘူး။ အကြံပေးချင်တာက မိမိအမြင်တစ်ခ...

ရွေးကောက်ပွဲရလဒ်ကိုမကျေနပ်၍ မိတ္ထီလာမြို့တွင် " ပြည်သူ့ဆန္ဒဖော်ထုတ်ကြ" ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်

Image
 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ဘောင်တွင် ၂၀၂၀ နိုဝင်ဘာ ၂၈ ရက် နံက် ၉ နာရီအချိန်ခန့်က ၂၀၂၀ ခုနှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် " ပြည်သူ့ဆန္ဒဖော်ထုတ်ကြ" ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ခြင်း၊ မျှတခြင်း၊ တူညီသောအခွင့်အရေးရှိခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း စသည့် စံ(၅)ချက် မရှိသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ရွေးကောက်ပွဲကာလအတွင်း မိတ္ထီလာမြို၌ မဲမသာမာမှုများရှိခဲ့ကြောင်း၊ ထိုမဲသမာမှု များမှ (၅)မှု (၆)မှုအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားထားကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲကို လိုအပ်လျှင်လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားဖို့ရှိကြောင်း အဆိုပါပွဲတွင် ဟောပြောသူ ဦးမြင့်ဆန်းမှ ပြောပြခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲအား COVID-19 ရောဂါကူးစက်မှုမရှိစေရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အင်အား (၂၉)ဦးဖြင့်ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ စိတ်ပါဝင်စားသူ (၆၀)ဦးခန့်လာရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။ Source - https://myanmar.mmt...

ကိုဗစ်-၁၉ ရောဂါ ကုသပေးနေသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအတွက် ငွေကျပ် သိန်း (၁၀၀) ကျော် ချီးမြှင့်ဂုဏ်ပြု

Image
 ကိုဗစ်-၁၉ ရောဂါ ကုသပေးနေသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအတွက် ငွေကျပ် သိန်း (၁၀၀) ကျော် ချီးမြှင့်ဂုဏ်ပြု ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ မန္တလေး၊ နိုဝင်ဘာ (၂၇) ကိုဗစ်-၁၉ လူနာများကို ကုသပေးနေသော ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များအတွက် ငွေကျပ် သိန်း (၁၀၀) ကျော် ချီးမြှင့် ဂုဏ်ပြုခြင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ ကုသပေးနေသော ဆေးရုံ (၉)ရုံသို့ သွားရောက် လှူဒါန်းခဲ့သည်။ ကိုဗစ်- ၁၉ရောဂါ အတည်ပြုလူနာများကို ပြုစုကုသ စောင့်ရှောက် ပေးကြသော ကန်တော်နဒီဆေးရုံမှ (၂ဝ)ဦး၊ ခုတင်(၃ဝဝ)ဆံ့ သင်ကြားရေး ဆေးရုံမှ (၁ဝဝ)ဦး၊ တိုင်းရင်းဆေးရုံမှ (၂၆) ဦး၊ ၆၂-လမ်း သံဃာ့ဆေးရုံမှ (၃ဝ)ဦး၊ Multi Stadium မှ (၂၆) ဦး ၊ ဇီဝိတဒါနသံဃာ့ဆေးရုံ (ကန်တော်ကြီး)မှ (၁၄)ဦး၊ အလုပ်သမားဆေးရုံ(မန္တလေး)မှ (၂၃)ဦး၊ ပုသိမ်ကြီးဆေးရုံမှ (၂၅)ဦး၊ သူနာပြုတက္ကသိုလ် မှ (၁ဝ)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် လေးသောင်း နှုန်းဖြင့် (၁၀၉ ၆၀၀၀၀) ကျပ်ကို ကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မန္တလေး)၊ ကျောက်ဝိုင်း အကျိုးတော်ဆောင်၊ ကျောက်စိမ်း ညီအစ်ကို များ၏ ကိုဗစ်-၁၉ စုပေါင်း ရန်ပုံငွေများမှ ဂုဏ...

NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့်

Image
 NLD  အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့် ~~~~~ မင်းခိုင်စိုးလင်း ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီ MUP ရဲ့  ဗဟိုကော်မတီဝင်တစ်ဦးက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ တိုင်တန်းပြီး အမှုဖွင့်ထားပါတယ်။ မဲရုံတွေမှာ မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ ဖိအားပေးတယ်ဆိုပြီး သက်သေတွေရှိနေတယ် လို့  မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် မိစုမွန်က စွပ်စွဲပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က အမှုဖွင့်တိုင်ကြားထား တယ်လို့  ပြောပါတယ်။ “မဲစာရင်းမပါတဲ့သူတွေကို မဲလာထည့်ခိုင်းတယ်။ အတင်းထည့်ခိုင်းတယ် ဒါကတစ်ချက်။ နောက်တစ်ချက်က ကိုယ့်ရဲ့လွှတ်တော်ကိုယ်စားလှယ် ပါဝါအာဏာကို သုံးပြီးတော့ ပြည်သူကို ခြိမ်းခြောက်တယ်။ နောက်တစ် ချက်က မဲရုံရဲ့ပရဝုဏ်အတွင်းမှာ ပေ ၂၀၊ ၃၀ လောက်အကွာကနေပြီးတော့ ခြိမ်းခြောက်တယ်၊ သောင်းကျန်း တယ်။ ဒါတွေကို ပြောနေတာပေါ့နော် အဲဒီအချက်တွေကြောင့် ကျွန်မတို့က အမှုဖွင့်ရခြ...

တပ်မတော်က USDP ပါတီကို မဲပေးခိုင်းတယ်ဆိုတာ မဟုတ်ကြောင်း ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ငြင်းဆို

Image
 (သတင်း) တပ်မတော်က USDP ပါတီကို မဲပေးခိုင်းတယ်ဆိုတာ မဟုတ်ကြောင်း ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ငြင်းဆို နေပြည်တော်၊ နိုဝင်ဘာ ၂၇ တပ်မတော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေး ပါတီ (USDP) ကို မဲပေးခိုင်းတယ် ဆိုတာ မဟုတ်ကြောင်း ဒီနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ငြင်းဆို ခဲ့တာဖြစ်ပါ တယ်။ ပခုက္ကူ မြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ နေထိုင်တဲ့ မသဉ္ဇာသန်းမင်းက စက်တင်ဘာ ၂၃ ရက်နေ့မှာ USDP ပါတီ ကို မဲပေးဖို့ တပ်တွင်း ဖိအားပေးမှုရှိတယ်လို့ သူရဲ့ လှုမှုကွန်ရက် စာမျက်နှာကနေ ရေးတင်ခဲ့တာကြောင့် တပ်မတော်က ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “တပ်မတော်ကတော့ တရားစွဲထားတာ ရှိတယ်လို့ သိရပါတယ်။ အဓိကက ၅၀၅ နဲ့ တရားစွဲတယ်လို့ သိတယ်။ စစ်နေ တယ်လို့ သိတယ်။ ခင်ဗျားတို့ ထင်နေသလိုလည်း မဟုတ်ပါဘူး။ တပ်ကနေပြီး ပြည်ခိုင်ဖြိုးကို မဲပေးခိုင်းလို့ဆိုတာ မဟုတ် ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါပါတယ်”လို...

အရှုံးကို အလွယ်တကူလက် မခံလိုက်ပါနဲ့

Image
  "အရှုံးကို လက်မခံလိုက်ပါနဲ့"   ဒုတိယကမ္ဘာစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့။အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကိုစိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။ သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ဒါကြောင့်အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။ သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူကလက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?တကယ်တော့မဆိုးသေးပါဘ...

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အမေရိကန်နိုင်ငံထုတ် လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးကိုဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာက လေသေနတ်၊ ဂတ်စ်သေနတ်နှင့် အသုံးဆောင်ပစ္စည်းများထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

Image
  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အမေရိကန်နိုင်ငံထုတ် လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးကိုဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာက လေသေနတ်၊ ဂတ်စ်သေနတ်နှင့် အသုံးဆောင်ပစ္စည်းများထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၆ ရပ်ကွက် ဧရာဝဏ်လမ်းပေါ်တွင် Suzuki အမျိုးအစား ယာဉ်တစ်စီးနှင့် အတူမသင်္ကာဖွယ်တွေ့ရှိသည့် အမျိုးသားသုံးကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါ ယာဉ်၏ဘေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ အင်းဝအိမ်ရာနေသူများ ယာဉ်ပိုင်ရှင် ဦးမြရွှေ၊ (၆၁)နှစ်၊ ယာဉ်မောင်း မျိုးကိုကို၊ (၂၈)နှစ်နှင့် ဖြိုးသူအောင်၊ (၂၉)နှစ်တို့ သုံးဦးကိုတွေ့ရှိခဲ့ပြီး ဖြိုးသူအောင် လွယ်ထားသည့် အနက်ရောင် ဘေးလွယ်အိတ်အတွင်းကို စစ်ဆေးခဲ့သည်။ လွယ်အိတ်အတွင်းမှ USA နိုင်ငံထုတ် 9mm ပစ္စတို အနက်ရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၀တောင့်၊ မျိုးကိုကို လွယ်ထားသော အညိုရောင် ဘေးလွယ်အိတ်အတွင်းမှ ဂျာမဏီနိုင်ငံထုတ် 22 ပစ္စတို အဖြူရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၂တောင့် ၊ ယာဉ်မောင်းဘေးတံခါးကြားမှ အရိုးအသွား ...

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည်

Image
  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရန်ုကုန်၊ နိုဝင်ဘာ ၂၇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့် အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇) ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။ ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။ ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့် အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကို ပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာက မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု ဖြေကြား...

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု