စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ချောက်မြို့နယ် ဇောင်းတောကန် ကျေးရွာတွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သော် လည်း ကျေးရွာမီးလင်းရေးကော်မတီက ငွေကျပ် လေးသိန်းရှစ်သောင်းထည့်သွင်းမှသာ လျှပ်စစ်မီးကြိုး သွယ်တန်းပေးမည်ဆိုသဖြင့် ကျေးရွာရှိ နေအိမ်တစ်ရာခန့် လျှပ်စစ်မီးရရှိရန် အခက်အခဲဖြစ်နေသည် ဟု ကျေးရွာဒေသခံများက ပြောဆိုသည်။
ကျေးရွာမီးလင်းရေးကော်မတီ စတင်ဖွဲ့စည်းချိန်တွင် ကျေးရွာ၌ အိမ် ၁၉၂ လုံးရှိရာ ၁၇၂ အိမ်က မတည်ငွေအဖြစ် ကျပ်သုံးသောင်းစီထည့်ဝင်ကာ မြန်မာ့စီးပွား ရေးဘဏ်တွင် အပ်နှံခဲ့ကြောင်း၊ ကျေးရွာ၌ လျှပ်စစ်မီးတိုင်စိုက်ချိန်နှင့် ကြိုးသွယ်တန်ချိန် တို့တွင် မီးလင်းရေးကော်မတီက ဒုတိယ အကြိမ် ငွေကြေးကောက်ခံခဲ့ရာ သီးနှံပေါ်ချိန် မဟုတ်၍ ကျေးရွာနေတောင်သူအများစု ငွေကြေးအကျပ်အတည်းကြောင့် အိမ် ၇၃ အိမ်မျှသာထည့်သွင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ကျေးရွာ၌ လျှပ်စစ်မီးစတင်လင်းခဲ့သည်ဟု ဇောင်း တောကန်ကျေးရွာနေ ကိုသန်းမင်းနိုင်က ပြောကြားသည်။
ကျေးရွာတွင် လျှပ်စစ်မီးရရှိပြီး နောက်ပိုင်း ကျေးရွာမီးလင်းရေးကော် မတီက ဒုတိယအကြိမ် ငွေသွင်းခဲ့သော အိမ်များကို ကျပ်သုံးသိန်းသုံးသောင်းနှုန်း ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ငွေကြေး ထည့်သွင်းမထားခဲ့သော အိမ်ခြေတစ်ရာ ခန့်ကို ဒဏ်ကြေးငွေအဖြစ် တစ်သိန်း ငါးသောင်းကျပ် ဒဏ်ရိုက်ခဲ့ပြီး စုစုပေါင်း ငွေကျပ် လေးသိန်းရှစ်သောင်းပေးသွင်း မှသာ လျှပ်စစ်မီးကြိုးကို နေအိမ်သို့သွယ် တန်းခွင့်ပေးမည်ဖြစ်ကြောင်း ကျေးရွာ မီးလင်းရေးကော်မတီက ကြေညာခဲ့သည် ဟု ယင်းကျေးရွာနေ ဆယ်အိမ်မှူး တစ်ဦးဖြစ်သူ တောင်သူ ဦးတင်မောင်အေးက ပြောဆိုသည်။
"သူတို့က ကြေညာတာ၊ သူတို့ ဆုံးဖြတ်ချက်အတိုင်း မပေးလို့ရှိရင် မီးယူ ခွင့်မရှိဘူး" ဟု ၎င်းက ပြောကြားသည်။
ကျေးရွာမီးလင်းရေးကော်မတီက ဒဏ်ငွေရိုက်ခြင်းနှင့် ကျသင့်ငွေထက် ပိုမိုတောင်းခံနေသည့်အတွက် အခြား ကျေးရွာများနည်းတူ ကျသင့်ငွေအမှန် အတိုင်း တစ်ရွာလုံး လျှပ်စစ်မီးလင်းချင် သည်ဟု ဇောင်းတောကန် ကျေးရွာနေ တောင်သူအများစုက ပြောဆိုသည်။
"လျှစ်စစ်မီး သွယ်တန်းဖို့အတွက် လည်း သုံးသိန်းသုံးသောင်း၊ လေးသိန်း ရှစ်သောင်း စသဖြင့်ထည့်နိုင်မှ မီးကြိုး ဆွဲပေးမယ်၊ မီးကြိုးသွယ်တန်းပေးမယ်ဆို တော့ ရွာက မတတ်နိုင်ဘူး။ ကျွန်တော်တို့ က တခြားရွာတွေလိုပဲ စာရင်းအင်းအတိ အကျပြပြီး ညီညီမျှမျှအကုန်ခံမယ်ဆိုပြီး တော့ ကျွန်တော်တို့က လင်းချင်တာ။ ခုတော့ စာရင်းအင်းကလည်း မသိရဘူး။ သူတို့တောင်းသလောက်ပေးမှ မီးလင်း ရမယ်ဆိုတော့ မတတ်နိုင်တဲ့သူတွေ မီးမလင်းဘဲနေနေရတာ"ဟု ဒေသခံရွာသား ကိုသန်းမင်းနိုင်က ပြောကြားသည်။
ထို့ကြောင့် စက်တင်ဘာလ ၈ ရက် နေ့က ချောက်မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ် များထံ ကျေးရွာမီးလင်းရေးကော်တီနှင့်ပတ်သက်၍ ကျေးရွာဒေသခံ ၉၂ ဦး လက်မှတ်ရေးထိုးကာ တိုင်ကြားထား သော်လည်း လာရောက်ဖြေရှင်းပေးခြင်း မရှိဟု ယင်းကျေးရွာနေ တောင်သူများက ပြောဆိုသည်။
"ကျွန်တော်ညှိနှိုင်းပေးတာ နှစ်ကြိမ် ရှိပြီ၊ သူတို့အချင်းချင်း အုပ်စုအားပြိုင် နေကျတာ။ သူလုပ်တာ၊ ကိုယ်လုပ်တာ အားပြိုင်နေကြတဲ့သဘောဖြစ်နေတာ"ဟု ချောက်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောကြားသည်။
ကျေးရွာသို့ သက်ဆိုင်ရာတာဝန်ရှိ သူများ ရောက်ရှိလာပါက မီးလင်းရေး ကော်မတီတာဝန်ရှိသူများ ရှေ့မှောက်တွင် မီးလင်းချင်သူများကို ချပြရှင်းလင်းပေး သွားမည်ဟု ဇောင်းတောကန်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးပုလဲစိန်က ပြောဆိုသည်။
Comments
Post a Comment