စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
------ ------ ------ ----- -----
လက်ရှိရောင်းချနေသည့် ထီလက်မှတ်များအစား လုံခြုံရေးအရည်အသွေး ပိုမိုကောင်းမွန်သည့် အစိမ်းနုရောင် ထီလက်မှတ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပြောင်းလဲရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
အောင်ဘာလေထီလက်မှတ်များကို လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ရန် ရည်ရွယ်ကာ လက်ရှိ ရောင်းချပေးနေသည့် အောက်ခံ (အဝါနု) ရောင်ထီလက်မှတ်များအစား အောက်ခံအစိမ်းနုရောင် (Green Colour) အဖြစ် ပြောင်းလဲရောင်းချမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
"အခုအသစ်ထုတ်မယ့် ထီလက်မှတ်တွေက လုံခြုံရေးအရည်အသွေးပိုကောင်းတယ်။ လက်ရှိထီလက်မှတ်တွေထက်လည်း ပိုပြီးအရေအသွေးကောင်းပါတယ်"ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
ကျပ်တထောင်တန် အောင်ဘာလေထီမျာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ရောင်းချခဲ့ရာလာမည့် ဇန်နဝါရီ ၁ ရက်နေ့အထိ ၂၃ ကြိမ်တိုင်တိုင်ရောင်းချပေးလျက်ရှိပြီး အမြင့်ဆုံး ကျပ်သိန်းတသောင်းခွဲအထိ ဆုချီးမြင့်လျက်ရှိသည်။
လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး (ဝါဇီ) က ထီလက်မှတ်များကို လုံခြုံမှု အရည်အသွေး ပိုမိုကောင်းမွန်ရန်ရည်ရွယ်ကာ အောက်ခံ အစိမ်းနုရောင်အဖြစ် ရိုက်နှိပ်ထားကြောင်း ထီစာအုပ်များ အရောင်ပြောင်းလဲမှုအပေါ် မိဘပြည်သူများအနေဖြင့် စိတ်ချယုံကြည်စွာ ဝယ်ယူကံစမ်းနိုင်ကြဖို့ အသိပေးကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန်သည်။
TCM
Comments
Post a Comment