Posts

Showing posts with the label တာရာမင်းဝေ

စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မြင်းစီးထွက်သော အိပ် မ က် များ

Image
   ` အချစ်ဆိုတာ ရယူခြင်းဖြစ်သည်၊၊  ထိုကြောင့်ပိုင်ဆိုင်နိုင်အောင်ကြို စားရမည် ။  အချစ်ဆိုတာ ပေးဆပ်ခြင်းဖြစ်သည် ။  ထို့ကြောင့်စွန့်လွှတ်အနစ်နာခံရမည် ။ ´ စသောသူများအားလုံးသည်ချစ်ခြင်းတရားနဲ့ပက်သက်၍  နှလုံးသားမှာ ဗဟိုလွှဲမှားနေကြသူများသာ ဖြစ်သည်။          အချစ်ဆိုသည်မှာ စိတ်အာရုံ၌ လဲ့ပြာနေအောင် ပွင့်သွားသော ပန်းကလေးသာဖြစ်၏ ။  ကိုယ့်အတွက်ဟုခြွေယူခြင်းသည်လည်ကောင်း ၊ သူ့အတွက်ဟု ခူးပေးခြင်းသည်လည်းကောင်း  ထိုပန်းကလေးကို ကွပ်မျက်သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်ပါသည် ။           ကျတော် သူမကိုချစ်၏ ။ သို့သော် ထိုအချစ်သည်  ကျတော်မဟုတ်သလို သူမလည်းမဟုတ်ပါ ။  အချစ်ဆိုသည်မှာ ကျတော်နှင့်သူမကြားမှ ငြိမ်းချမ်းစွာ ဝင်းပလက်ဖြာနေသည့် လကလေးတစ်စင်းသာဖြစ်ပါသည် ။ လရောင်ဖြူ အောက်၌ အဘယ်သူ့တို့ ပူလောင်ဖူးပါသနည်း။           သူမကို ချစ်မိခြင်းဖြင့် ကျတော်နှလုံးသားသည် လည်း ရဲရင့်မြင့်မြတ် ၊ တစ်ဘဝစာ လူသားဆန်တတ်ခဲ့ ။ သူမကို ငြိမ်းချမ်းတည်ကြည်စွာ လွမ်းနေခြင်းဖြင့် ကျတော်နှလုံးအိမ်မှာ သက်ငြိမ်ယဉ်ကျေးမှုလေး...

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော