စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊
သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်
စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇
စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။
"ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှစ်ကို ငါးကြိမ်လောက် သားပေါက်တယ်။ အင်းတိုင်းလိုလို ဖြစ်နေကြတာ။ ဒီစုပ်ခွက်ငါးတွေ အများကြီး ဖြစ်လာတော့ ရောင်းတန်းဝင်ငါး အထွက်နူန်း လျော့လာတယ်။ ရေလုပ်သားတွေလည်း အများကြီး အခက်အခဲဖြစ်လာတယ်။ စုပ်ခွက်ငါးကို စားလည်းမစားကြ၊ ရောင်းလည်းမရတော့ မီးရှို့ပစ်ရတယ်" ဟု ဦးထွန်းရီက ပြောသည်။
စုပ်ခွက်ငါးများသည် မြန်မာ့ဒေသရင်း ငါးမျိုးစိတ် မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ အလှမွေးငါးအဖြစ် တင်သွင်းလာပြီး စုပ်ခွက်ငါးများ ကြီးပြင်းလာသောအခါ မွေးမြူသူများက ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း စွန့်ပစ်ရာမှ ပျံ့ပွားလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောသည်။
စုပ်ခွက်ငါးများသည် ရေညှိ စားပြီး အကြမ်းခံသော ငါးမျိုးစိတ်ဖြစ်ကြောင်း၊ စုပ်ခွက်ငါးမျိုးသည် သဘာဝရေကန် (သို့မဟုတ်) ငါးကန်များ၏ အောက်ခြေရှိ အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းများကို စားသုံးပြီး တွင်းတူးအသိုက်လုပ်မျိုးပွားလေ့ ရှိကြောင်း၊ စုပ်ခွက်ငါးများသည် အသားစားငါး မဟုတ်သော်လည်း ငါးကန်အတွင်း ခြောက်သွေ့သည့်ရာသီ ရေရှားပါးချိန်တွင် ပြင်ပလေကို တိုက်ရိုက်ရှုရှိုက်ကာ အသက်ရှင်နေနိုင်စွမ်းရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စုပ်ခွက်ငါးများ၏ ပြင်ပရုပ်လက္ခဏာနှင့် အရိုးမာပြီး အသားနည်းသည့်အတွက် ယင်းငါးကို စားသုံးသူ နည်းပါးကြောင်း၊ စုပ်ခွက်ငါးသည် ငါးကန်အတွင်း ကန်ဘောင်တွင် ကျင်းတူးနေလေ့ရှိသောကြောင့် ကန်ဘောင်ပျက်စီးခြင်း၊ ကျောဆူးတောင်နှင့် ရင်ရေယက်ဆူးတောင်များသည် မာကြောပြီး ရှည်လျှားသည့်အတွက် ပိုက်ဆွဲငါးဖော်ရာတွင် ငါးဖမ်းပိုက်များဖြင့် ညိကာ ပိုက်ပျက်ဆီးစေခြင်းများ ကြုံရကြောင်း၊ သဘာဝရေပြင် (သို့မဟုတ်) ငါးကန်များအတွင်း စုပ်ခွက်ငါး ရောက်ရှိပါက အလုံးစုံ ဖယ်ရှားပစ်ရန် ခက်ခဲကြောင်း၊ စုပ်ခွက်ငါးများသည် ဒေသမျိုးရင်း ငါးများနှင့် သဘာဝ ပတ်ဝန်းကျင်ကို သွယ်ဝိုက် ထိခိုက်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့နယ်ရှိ အင်းတစ်ခုအတွင်း စုပ်ခွက်ငါးများ ပျံ့နှံ့ပေါက်ပွားနေသည်ကို တွေ့ရစဉ်/ Photo – Saw Yan Pai (Zayar Time)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #စုပ်ခွက်ငါး #စစ်ကိုင်း #အင်း #ရေလုပ်သား
.
စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊
သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်
စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇
စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပ်ြခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။
"ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှစ်ကို ငါးကြိမ်လောက် သားပေါက်တယ်။ အင်းတိုင်းလိုလို ဖြစ်နေကြတာ။ ဒီစုပ်ခွက်ငါးတွေ အများကြီး ဖြစ်လာတော့ ရောင်းတန်း၀င်ငါး အထွက်နူန်း လျော့လာတယ်။ ရေလုပ်သားတွေလည်း အများကြီး အခက်အခဲဖြစ်လာတယ်။ စုပ်ခွက်ငါးကို စားလည်းမစားကြ၊ ရောင်းလည်းမရတော့ မီးရှို့ပစ်ရတယ်" ဟု ဦးထွန်းရီက ပြောသည်။
စုပ်ခွက်ငါးများသည် မြန်မာ့ဒေသရင်း ငါးမျိုးစိတ် မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ အလှမွေးငါးအဖြစ် တင်သွင်းလာပြီး စုပ်ခွက်ငါးများ ကြီးပြင်းလာသောအခါ မွေးမြူသူများက ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း စွန့်ပစ်ရာမှ ပျံ့ပွားလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောသည်။
စုပ်ခွက်ငါးများသည် ရေညှိ စားပြီး အကြမ်းခံသော ငါးမျိုးစိတ်ဖြစ်ကြောင်း၊ စုပ်ခွက်ငါးမျိုးသည် သဘာဝရေကန် (သို့မဟုတ်) ငါးကန်များ၏ အောက်ခြေရှိ အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းများကို စားသုံးပြီး တွင်းတူးအသိုက်လုပ်မျိုးပွားလေ့ ရှိကြောင်း၊ စုပ်ခွက်ငါးများသည် အသားစားငါး မဟုတ်သော်လည်း ငါးကန်အတွင်း ခြောက်သွေ့သည့်ရာသီ ရေရှားပါးချိန်တွင် ပြင်ပလေကို တိုက်ရိုက်ရှုရှိုက်ကာ အသက်ရှင်နေနိုင်စွမ်းရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စုပ်ခွက်ငါးများ၏ ပြင်ပရုပ်လက္ခဏာနှင့် အရိုးမာပြီး အသားနည်းသည့်အတွက် ယင်းငါးကို စားသုံးသူ နည်းပါးကြောင်း၊ စုပ်ခွက်ငါးသည် ငါးကန်အတွင်း ကန်ဘောင်တွင် ကျင်းတူးနေလေ့ရှိသောကြောင့် ကန်ဘောင်ပျက်စီးခြင်း၊ ကျောဆူးတောင်နှင့် ရင်ရေယက်ဆူးတောင်များသည် မာကြောပြီး ရှည်လျှားသည့်အတွက် ပိုက်ဆွဲငါးဖော်ရာတွင် ငါးဖမ်းပိုက်များဖြင့် ညိကာ ပိုက်ပျက်ဆီးစေခြင်းများ ကြုံရကြောင်း၊ သဘာဝရေပြင် (သို့မဟုတ်) ငါးကန်များအတွင်း စုပ်ခွက်ငါး ရောက်ရှိပါက အလုံးစုံ ဖယ်ရှားပစ်ရန် ခက်ခဲကြောင်း၊ စုပ်ခွက်ငါးများသည် ဒေသမျိုးရင်း ငါးများနှင့် သဘာ၀ ပတ်၀န်းကျင်ကို သွယ်ဝိုက် ထိခိုက်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့နယ်ရှိ အင်းတစ်ခုအတွင်း စုပ်ခွက်ငါးများ ပျံ့နှံ့ပေါက်ပွားနေသည်ကို တွေ့ရစဉ်/ Photo – Saw Yan Pai (Zayar Time)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #စုပ်ခွက်ငါး #စစ်ကိုင်း #အင်း #ရေလုပ်သား
.

Comments
Post a Comment