စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
------ ------ ------ ----- -----
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် ရန်ကုန်မြို့တော်ဝန်ဖြစ်လာမည်ဟု ရေပန်းစားလျက်ရှိပြီး ဒေါ်စန္ဒာမင်းအပေါ်အများစုက အကောင်းဘက်မှ ရှုမြင်လျက်ရှိကြောင်း သိရသည်။ ဒဂုံမြို့နယ်အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ် စားလှယ်ဦးကျော်ဇေယျက ဒေါ်စန္ဒာမင်း ရန်ကုန်မြို့တော်ဝန်ဖြစ်လာမည်ကိုကြိုဆိုကြောင်း News Watch ဂျာနယ်သို့ ပြောသည်။
''သူနဲ့ ကျွန်တော်က စီမံစီးပွားရေးကော်မတီမှာ အလုပ်အတူတွဲလုပ်ဖူးတော့ သူရဲ့စိတ်ကိုသိတယ်။ နိုင်ငံရေးခံယူချက်လည်း သူ့မှာရှိတယ်။ စီမံကိန်းလုပ်နည်းကိုင်နည်း လက်ရှိမြို့တော်ဝန်ထက် အများကြီး ကောင်းလာမယ်လို့ ထင်ပါတယ်။ ဒီသတင်းမှန်ရင်တော့ ရန်ကုန်မြို့တော်ကြီးအတွက် ကောင်းတာပေါ့ဗျာ။ ရန်ကုန်မြို့တော်ကြီးဟာ စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့အတွက် ၂ဝ၁၅ ခုနှစ်ထက် အများကြီးသာမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ထောက်ခံတယ်။ လူတယောက်ရဲ့ လုပ်နည်းကိုင်နည်းတွေကို အတူတွဲလုပ်တော့ သူရဲ့အရည်အသွေးကို ကြည့်တာနဲ့သိနိုင်ပါတယ်''ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်မြို့တော်ဝန်ဖြစ်လာမည်ဟု ရေပန်းစားနေသော ဒေါ်စန္ဒာမင်းအား အများစုကထောက်ခံကြောင်း၊ ဒေါ်စန္ဒာမင်းသည် အလုပ်နှင့်ပတ်သက်လျှင် မည်သူ့မျက်နှာမှ မကြည့်ဘဲ ပြတ်ပြတ်သားသားလုပ်ကိုင်တတ် ကြောင်း ရန်ကုန်မြို့ တော်စီးပွားရေးစီမံကိန်း၊ မြို့သစ်စီမံကိန်းများနှင့်ပတ်သက်ပြီး ထိထိရောက်ရောက် အကြံပြုလုပ်ကိုင်ခဲ့ကြောင်းကို Tringle အမျိုးသမီးအဖွဲ့ ဒါရိုက်တာမခင်လေးက ပြောသည်။
ဒေါ်စန္ဒာမင်းသည် လက်ရှိရန်ကုန်တိုင်းလွှတ်တော်တွင် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး တိုင်းအစိုးရဆောင်ရွက်မည့်စီမံကိန်းများ၊ ဌာနဆိုင်ရာများမှ တောင်းခံသည့် ဘတ်ဂျက်ငွေကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်တွင်လည်း မေးခွန်းများ၊ အဆိုများတင်သွင်းမေးမြန်းကာ ထိထိရောက်ရောက် ဝေဖန်ထောက်ပြသူလည်း ဖြစ်သည်။
ဒေါ်စန္ဒာမင်းသည် ၂ဝ၂ဝ ရွေး ကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ နေပြည်တော် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင်အဖြစ်ပါတီက တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။
သဒ္ဓါထက်(လှည်းတန်း)
Comments
Post a Comment