စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

တပ်မတော်က ဥပဒေအရ လုပ်ဆောင်တာလို့ UEC ထုတ်ပြန်ချက်ကို တုံ့ပြန်

~~~~~~

■ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံတာဖြစ်လို့ ဥပဒေအရ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်အပေါ်  တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။

တပ်မတော်က ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းအချက်အလက်တွေကို ကူးယူခွင့်ပြုဖို့ တောင်းဆိုချက်အပေါ် ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုပြုရာရောက်မှာဖြစ်လို့ အောက်က ကော်မရှင်အဖွဲခွဲတွေကို ညွှန်ကြားမပေးနိုင်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲလိုထုတ်ပြန်ပြီး ၃ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တပ်မတော်ဘက်က ယူအီးစီရဲ့ သဘော ထားကြေညာချက်အပေါ် တုံ့ပြန်ငြင်းဆိုတဲ့ သဘောထားကြေညာချက်တစ်စောင်ကို ထပ်မံ ထုတ်ပြန်ခဲ့တာပါ။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့  သဘောထား မည်သို့ပင် ဖြစ်စေကာမူ တပ်မတော်အနေနဲ့ မူလအခွင့်အရေးအရ တောင်းခံခြင်းဖြစ်တဲ့အတွက် ဥပဒေနဲ့မညီတဲ့ ညွှန်ကြားမှုကို ပြုရာရောက်မည်မဟုတ်ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သဘာဝတရားမျှတမှု မူသဘောကို အခြေခံပြီး ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယတွေ ကင်းစင်ပပျောက်အောင် ဆောင်ကြဉ်းပေးသင့် ကြောင်း လက်တင်ဥပဒေ ဆိုရိုးအကိုးအကားတွေနဲ့ တပ်မတော်က ထပ်မံ တောင်းဆိုထားပါတယ်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့ အတွက်  မြို့နယ် ၂၁၈ ခုက တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေကြောင်း၊ တပ်မတော်က ဒီလို စစ်ဆေးတဲ့အခါမှာ  လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့်ရဖို့အတွက် သက်သေခံဥပဒေကို ကိုးကားပြီး ပြည်ထောင်စုကော်မရှင်အနေနဲ့  အောက်က ကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ် ပြန်တောင်းဆိုခဲ့တာပါ။

ကော်မရှင်ဘက်ကလည်း  သက်သေခံဥပဒေ ပုဒ်မ ၁ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်တွေအရ ရွေးကောက်ပွဲကန့်ကွက်မှုတွေကို စစ်ဆေးတဲ့အခါမှသာ သက်သေခံဥပဒေပါပြဌာန်းချက်တွေကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။ 

- Unicode

~~~~~~~~~~~~~~~

- Zawgyi

~~~~~~~~~~~~~~~

ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲကို ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့က တက်ရောက်စဉ်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု