စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လူတစ်ရာတွင် ၈၅ ယောက်ခန့် က ကိုဗစ် ရောဂါလက္ခဏာ မပြဟု ဆို

လူအယောက်တစ်ရာတွင် ၈၅ ဦးခန့်က ကိုဗစ်ရောဂါ လက္ခဏာ မပြကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ အပြောအရ သိရသည်။

တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ ရောဂါကူးစက်မှုနုန်းမှာ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်နေပြီး ၊မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ Covid-19 အတည်ပြုလူနာပေါင်း ၁၁၀,၆၆၇ ဦးရှိပြီး သေဆုံးသူ ၂,၃၁၉ ဦးရှိကာ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူဦးရေမှာ ၈၉,၄၁၈ ဦးရှိကြောင်း သိရသည်။

“ ၁၀၀ မှာ ၈၅ ယောက်လောက်က ရောဂါလက္ခဏာဘာမှမပြဘူး။ ပထမတစ်ကြိမ်စစ်လို့ ပေါ်ချင်မှပေါ်မယ်။ ဒုတိယတစ်ကြိမ်စစ်မှ ပေါ်ချင်ပေါ်မယ်။ နောက်ဆုံးအကြိမ်စစ်မှ ပေါ်တာတွေလည်းရှိတယ်။ တစ်ချိှု့ဆိုရင် PCR နဲ့စစ်မှပေါ်တာတွေရှိတယ်။ လူကောင်းနဲ့ရောဂါရှိတဲ့သူတွေကို ခွဲခြားရခက်တယ်”ဟု ကျန်းမာရေးနှင့် အားကစား ဝန်ြ

ကီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက က ပြောသည်။

ထို့ပြင်တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အဓိကကျသည့်မြို့ကြီးများတွင် ရောဂါပိုးတွေ့ရှိမှုများခြင်းသည် ရန်ကုန်နှင့်ကူးသန်းသွားလာမှုများပြားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပင် ဆက်လက် ပြောသည်။

“ ဒါကတော့ကြိုတင်မျှော်လင့်ထားတဲ့ကိစ္စပါ။ ရခိုင်မှာစတွေ့တယ်။ မရှေးမနှောင်းမှာဘဲ ရန်ကုန်မှာတွေ့တယ်။ ရန်ကုန်ဆိုတာ အကုန်လုံးရဲ့ နှလုံးသားမြို့တော်ဖြစ်တယ်။ အကြောင်းကိစ္စအမျိုးမျိုးကြောင့် သွားလာနေရတဲ့နေရာဖြစ်တယ်။ ရန်ကုန်နဲ့ချိတ်ဆက်ပြီးတော့ အဓိကကျတဲ့ မြို့ကြီးတွေက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေပေါ့။ လူတွေကကြားမှာ အလုပ်ကိစ္စကြောင့် ကူးပြောင်းဆက်ဆံ သွားလာတာတွေရှိတယ်။ ကွာရန်တင်းတောက်လျှောက်လုပ်နေပေမယ့်လည်း လွတ်သွားတဲ့သူတွေရှိတယ်။ ဒါကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ပါလို့ ပြောချင်တယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပင် ပြောသည်။

ဆုသက်နှင်း

#TheFifthWaveNews

(zawgyi)

လူတစ်ရာတွင် ၈၅ ယောက်ခန့် က ကိုဗစ် ရောဂါလက္ခဏာ မပြဟု ဆို

လူအယောက်တစ်ရာတွင် ၈၅ ဦးခန့်က ကိုဗစ်ရောဂါ လက္ခဏာ မပြကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ အပြောအရ သိရသည်။

တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ ရောဂါကူးစက်မှုနုန်းမှာ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်နေပြီး ၊မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ Covid-19 အတည်ပြုလူနာပေါင်း ၁၁၀,၆၆၇ ဦးရှိပြီး သေဆုံးသူ ၂,၃၁၉ ဦးရှိကာ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူဦးရေမှာ ၈၉,၄၁၈ ဦးရှိကြောင်း သိရသည်။

“ ၁၀၀ မှာ ၈၅ ယောက်လောက်က ရောဂါလက္ခဏာဘာမှမပြဘူး။ ပထမတစ်ကြိမ်စစ်လို့ ပေါ်ချင်မှပေါ်မယ်။ ဒုတိယတစ်ကြိမ်စစ်မှ ပေါ်ချင်ပေါ်မယ်။ နောက်ဆုံးအကြိမ်စစ်မှ ပေါ်တာတွေလည်းရှိတယ်။ တစ်ချိှု့ဆိုရင် PCR နဲ့စစ်မှပေါ်တာတွေရှိတယ်။ လူကောင်းနဲ့ရောဂါရှိတဲ့သူတွေကို ခွဲခြားရခက်တယ်”ဟု ကျန်းမာရေးနှင့် အားကစား ဝန်ြ

ကီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက က ပြောသည်။

ထို့ပြင်တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အဓိကကျသည့်မြို့ကြီးများတွင် ရောဂါပိုးတွေ့ရှိမှုများခြင်းသည် ရန်ကုန်နှင့်ကူးသန်းသွားလာမှုများပြားခြင်းကြောင့်ဖြစ်ကြောင်း ၄င်းကပင် ဆက်လက် ပြောသည်။

“ ဒါကတော့ကြိုတင်မျှော်လင့်ထားတဲ့ကိစ္စပါ။ ရခိုင်မှာစတွေ့တယ်။ မရှေးမနှောင်းမှာဘဲ ရန်ကုန်မှာတွေ့တယ်။ ရန်ကုန်ဆိုတာ အကုန်လုံးရဲ့ နှလုံးသားမြို့တော်ဖြစ်တယ်။ အကြောင်းကိစ္စအမျိုးမျိုးကြောင့် သွားလာနေရတဲ့နေရာဖြစ်တယ်။ ရန်ကုန်နဲ့ချိတ်ဆက်ပြီးတော့ အဓိကကျတဲ့ မြို့ကြီးတွေက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေပေါ့။ လူတွေကကြားမှာ အလုပ်ကိစ္စကြောင့် ကူးပြောင်းဆက်ဆံ သွားလာတာတွေရှိတယ်။ ကွာရန်တင်းတောက်လျှောက်လုပ်နေပေမယ့်လည်း လွတ်သွားတဲ့သူတွေရှိတယ်။ ဒါကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ပါလို့ ပြောချင်တယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပင် ပြောသည်။

ဆုသက်နှင်း

#TheFifthWaveNews

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု