စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ တွင် အငြိမ်းစားယူမည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ုကုန်၊ နိုဝင်ဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့် အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇) ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။
ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့် အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကို ပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာက မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု ဖြေကြားသည်။
ယင်းသို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်မည်ဖြစ်သဖြင့် အဆိုပါ သတ်မှတ် ချက်အတိုင်း ဆောင်ရွက်မည်လောဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာ “မှန်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူပြီးလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းအတိုင်း တင်မြှောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“တပ်မတော်မှာတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ရှိတယ်။ ဒီရာထူးတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိပြီးသားဖြစ်ပါဆယ်။ ဒီအချိန်မှာတော့ ဘယ်လိုလူမျိုးဖြစ်လာမလဲ မပြောနိုင်သေးပါဘူး။ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ သွားပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးရရှိထားသူများသည် အသက် ၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
#Zawgyi

@The Voice Journal
မှကူးယူဝေမျှဖော်ပြပါသည်။
Comments
Post a Comment