စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အမေရိကန်နိုင်ငံထုတ် လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးကိုဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာက လေသေနတ်၊ ဂတ်စ်သေနတ်နှင့် အသုံးဆောင်ပစ္စည်းများထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

 


ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အမေရိကန်နိုင်ငံထုတ် လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးကိုဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာက လေသေနတ်၊ ဂတ်စ်သေနတ်နှင့် အသုံးဆောင်ပစ္စည်းများထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။


နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၆ ရပ်ကွက် ဧရာဝဏ်လမ်းပေါ်တွင် Suzuki အမျိုးအစား ယာဉ်တစ်စီးနှင့် အတူမသင်္ကာဖွယ်တွေ့ရှိသည့် အမျိုးသားသုံးကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။


အဆိုပါ ယာဉ်၏ဘေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ အင်းဝအိမ်ရာနေသူများ ယာဉ်ပိုင်ရှင် ဦးမြရွှေ၊ (၆၁)နှစ်၊ ယာဉ်မောင်း မျိုးကိုကို၊ (၂၈)နှစ်နှင့် ဖြိုးသူအောင်၊ (၂၉)နှစ်တို့ သုံးဦးကိုတွေ့ရှိခဲ့ပြီး ဖြိုးသူအောင် လွယ်ထားသည့် အနက်ရောင် ဘေးလွယ်အိတ်အတွင်းကို စစ်ဆေးခဲ့သည်။


လွယ်အိတ်အတွင်းမှ USA နိုင်ငံထုတ် 9mm ပစ္စတို အနက်ရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၀တောင့်၊ မျိုးကိုကို လွယ်ထားသော အညိုရောင် ဘေးလွယ်အိတ်အတွင်းမှ ဂျာမဏီနိုင်ငံထုတ် 22 ပစ္စတို အဖြူရောင်တစ်လက်၊ ကျည်အိမ်တပ်လျက် ၎င်းကျည် ၁၂တောင့် ၊ ယာဉ်မောင်းဘေးတံခါးကြားမှ အရိုးအသွား ၁၉ လက်မရှိ စတီးရိုးတပ် တစ်ဘက်သွားဓါးဦးချွန် တစ်ချောင်းတို့ကို ရှာဖွေသိမ်းဆည်းခဲ့သည်။


၎င်းတို့သုံးဦးကိုဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက လက်နက်အမှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။၎င်းတို့ကို ကွင်းဆက်စစ်ဆေးရာက သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေအိမ်ခြံဝင်းတစ်ခုမှ Gas ဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည်(၈)လက်၊ အတို (၄) လက်နှင့် ထည့်သွင်းအသုံးပြုရသောဘောစေ့များ၊ ဒူးလေး (၁)လက်၊သေနတ်တွင် တပ်ဆင်သည့် Gasအိုးငယ် (၁၁)ခု၊ Gasဖြည့်ဗူး(၇)ဗူး၊ စနိုက်ပါမှန်ပြောင်း(၃)ခု၊ ကင်ဒိုဓါး(၁) ချောင်းထပ်မံသိမ်းဆည်းရမိခဲ့သည်။သိမ်းဆည်းရမိသည့် လက်နက်များနှင့်ပတ်သက်၍ ဆက်လက်အရေးယူထားသည်။

Source - https://myanmar.mmtimes.com/news/147418.html

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု