စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အရှုံးကို အလွယ်တကူလက် မခံလိုက်ပါနဲ့

 

"အရှုံးကို လက်မခံလိုက်ပါနဲ့"

 

ဒုတိယကမ္ဘာစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့။အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကိုစိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။


သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ဒါကြောင့်အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။


သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူကလက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?တကယ်တော့မဆိုးသေးပါဘူး။ ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူးဆိုရင်ငါတို့ ဒီနေရာမှာ ဒီလိုရပ်ပြီးတောင် စကားပြောနိုင်ကြမယ်မထင်ပါဘူးဗျာ။”


“အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား?”တပ်သားတွေ စိတ်ထဲ ထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။”ပထမဆုံးအမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။

တနင်္ဂနွေနေ့ဆိုတာ အားလပ်ချိန်ပါ။ အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။ သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။


တကယ်လို့ ဂျူတီချိန် တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင် သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်။””ဟုတ်လား ?”ဟုတ်နေပါတယ် ။ ဒီအချက် ကို သူတို့မတွေးခဲ့ကြဘူး။ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ ခုတော့အသေအပျောက်စာရင်းကအများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာသူတို့ဘက်မှာ ရှိနေတာကိုမြင်သွားကြတယ်။တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နီမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။


” ဒုတိယ အမှားက တော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ကံဆိုးတာပဲဗျာ။ သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလို။ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့ရမှာမဟုတ်ဘူး။ ငါတို့သဘောတွေကို မိုင်ထောင်ချီသွားပြီးပြုပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင်ထူနိုင်မှာမဟုတ်ဘူး။””ဟုတ်တယ်မလား”မှန်တယ်။ တပ်သားတွေ လက်ခုပ်ဝိုင်းတီးကြတယ်။


စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။ဒီဆုံးရှုံးမှု့ဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။သူတို့ နောက်အမှား တစ်ခုကို ပိုသိချင်လာကြတယ်။”တတိယ အမှားကတော့”အားလုံး စိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။နီမစ် က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။” ဂျပန်တွေ သိပ် တုံးတယ်။ သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့အတွက် အားအင်တွေ ကို အပြည့်ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။


လောင်စာဆီကန်တွေ ဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာရှိသမျှ တိုက်လေယဉ်တွေသင်္ဘောတွေဟာအလကားပဲကွ။”အကုန် စိတ်ဓာတ်တွေ တစ်ဝုန်းဝုန်ကြွတက်လာကြတယ်။”ဂျပန်တွေ ဘာလို့ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား?။အဖြေကရှင်းတယ် ။ ဘုရားသခင်ဟာ ငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။


ငါတို့ကိုကူညီခဲ့တယ်။”လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။ကြွေးကြော်သံတွေ ညံထွက်လာတယ်။အရှုံးထဲ က နေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သောရနိုင်သောအခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။အဲ့နောက်မှာတော့ အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်ချုပ်ထားသောMarshall နဲ့ Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။


ဂျပန်စစ်သင်္ဘော ၈ စီးကိုမြုပ်ပစ်လိုက်တယ်။တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကိုရေအောက်မြုပ်ပြလိုက်တယ်။နောက်ဆုံး လက်နက်မချနိုင်တဲ့ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာ

ဟီရိုးရှီးမား သြဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ ကို အနုမြူဗုံကြဲချပြီး ဒုတိယကမ္ဘာစစ်ကိုအနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာစဉ်းစားကြည့်ရအောင် တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မှ့ုမှာကထဲက အမေရိကန်တွေသာ စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင်ယနေ့ ခေတ် super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

ဒီလိုမျက်မှောက်ခေတ်အောင်မြင်မှု့ ရရှိစေသောအကြောင်းပြချက်ကရိုးရိုးလေးပါ။


” အရှုံးကို လက်မခံလိုက်ပါနဲ့ “အရှုံးကို လက်မခံသေးသမျှကာလပက်လုံး သင့်မှာ အောင်မြင်ဖို့90%ရှိနေပါသေးတယ်။ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျကြမှာလဲ…အကောင်းလေးတွေ မြင်ကြည့်ကြပါ။ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ် သင်သာအကောင်းမြင်တတ်ရင်သင့်အတွက် သင့်ဘက်မှာ ကံတရား ရှိတာမြင်လာပါလိမ့်မယ်။ဒါဆို ဘာလို့ နောက်တခါ ပြန်မကြိုးစားနိုင်ရမှာလဲသင် လဲကျမှာ လုံးဝမစိတ်မပူမိပါဘူး။


သင် ပြန်မထနိုင်မှာကိုသာ စိတ်ပူမိပါတယ်။ပြန်ထလာနိုင်ဖို့လည်း အားအင်တွေပေးနိုင်ပါတယ်။ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာအနာဂါတ်မှာ သင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာမြင်ပြီလား ?မြင်တတ်ပြီလား ?အောင်မြင်မှု့ဆီ အတူတူသွားကြရအောင်ဗျာ။ကျွန်တော်ရဲရဲကြီးပြောရဲတယ် ။


Credit.Drကျော်စွာလင်း

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု