စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

တပ်မတော်က USDP ပါတီကို မဲပေးခိုင်းတယ်ဆိုတာ မဟုတ်ကြောင်း ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ငြင်းဆို

 (သတင်း)

နေပြည်တော်၊ နိုဝင်ဘာ ၂၇

တပ်မတော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေး ပါတီ (USDP) ကို မဲပေးခိုင်းတယ် ဆိုတာ မဟုတ်ကြောင်း ဒီနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ငြင်းဆို ခဲ့တာဖြစ်ပါ တယ်။

ပခုက္ကူ မြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ နေထိုင်တဲ့ မသဉ္ဇာသန်းမင်းက စက်တင်ဘာ ၂၃ ရက်နေ့မှာ USDP ပါတီ ကို မဲပေးဖို့ တပ်တွင်း ဖိအားပေးမှုရှိတယ်လို့ သူရဲ့ လှုမှုကွန်ရက် စာမျက်နှာကနေ ရေးတင်ခဲ့တာကြောင့် တပ်မတော်က ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချူပ် ဇော်မင်းထွန်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်ကတော့ တရားစွဲထားတာ ရှိတယ်လို့ သိရပါတယ်။ အဓိကက ၅၀၅ နဲ့ တရားစွဲတယ်လို့ သိတယ်။ စစ်နေ တယ်လို့ သိတယ်။ ခင်ဗျားတို့ ထင်နေသလိုလည်း မဟုတ်ပါဘူး။ တပ်ကနေပြီး ပြည်ခိုင်ဖြိုးကို မဲပေးခိုင်းလို့ဆိုတာ မဟုတ် ပါဘူး။ ပုဂ္ဂလိကပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါပါတယ်”လို့ ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ပြောပါတယ်။

မသဉ္ဇာသန်းမင်းက Facebook အကောင့်အမည် Thin Zar နဲ့ စက်တင်ဘာ ၂၃ ရက်မှာ“ကျမအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်တဲ့။ ကျမကတော့ NLD ကို မဲပေးတော့ ကျမအဖေ ရာထူးကို ခြိမ်းခြောက်နေပါတယ် ရှင့်။……. အခု စာလည်း တင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်”လို့ ရေးသားခဲ့တာကြောင့် စက်တင်ဘာ ၂၄ ရက်က ခေါ်ယူစစ်ဆေး ခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။

အခုဖြစ်စဉ်က တစ်ဦးနဲ့တစ်ဦး ပဋိပက္ခဖြစ်တာကနေစတာ ဖြစ်ပြီး မသဉ္ဇာသန်းမင်းရဲ့အဖေဖြစ်တဲ့ တပ်မတော်သားအပေါ် သက်ရောက်မှု မရှိကြောင်း ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက “သူက တစ်ဦးနဲ့တစ်ဦး ပဋိပက္ခဖြစ်ပွားတာကနေစပြီး ပြောရရင် အရပ်သားစကားနဲ့ ပြောရရင် တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်တာကနေစပြီး ဒီကိစ္စတွေဖြစ်လာခြင်း ဖြစ်တယ်။ (သူ့ဖခင်ကို) သက်ရောက်မှုမရှိဘူး”လို့ ပြောဆိုပါ တယ်။

နိုဝင်ဘာ ၂၅ ရက်နေ့မှာ မသဉ္ဇာသန်းမင်းကို ပခုက္ကမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ စွဲချက်တင်ကြောင်း အမိန့်ချခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့တယ်လို့ ပခုက္ကမြို့နယ် တရားရုံးက သိရပါတယ်။

သတင်း - ရွှေလင်းသစ် (ရွှေတြိဂံ)

ပုံစာ - USDP ပါတီဝင် တချို့၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချူပ် ဇော်မင်းထွန်းကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်၊ နေပြည်တော်ရှိ USDP ပါတီ ရုံးချုပ်။

ဓာတ်ပုံ - တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ၊ bangkokpost.com , asia.nikkei.com

Unicode

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု