စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

သင်ရွေးချယ်လိုက်တဲ့အဖြေက ဘဝမှာသင်ပြောင်းလဲသင့်တဲ့အရာတွေကို ပြောပြပေးမယ်


 လူတစ်ယောက်အသက်ရှင်ဖို့ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းက အရေးကြီးဆုံးလို့ ထင်ပါသလဲ? လူတစ်ယောက်နဲ့တစ်ယောက် အဖြေကတော့ တူမှာမဟုတ်ပါဘူး။ သင်ရွေးချယ်လိုက်တဲ့ အဖြေကတစ်ဆင့် သင့်စိတ်နေစိတ်ထားနဲ့ ဘဝမှာ ဘယ်လိုအရာတွေကို သင့်ဘက်က ပြောင်းလဲသင့်တယ်ဆိုတာ ဒီ Quiz လေးကတစ်ဆင့် ပြောပြပေးသွားမှာပါ။ ကဲ…ဘယ်လိုအရာတွေကို ပြောထားမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။


(၁) အရိုး




Shutterstock/ Vecton


“အရိုး” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ တွေးခေါ်စဉ်းစားပြီး လုပ်ဆောင်တတ်ဖို့ လိုအပ်နေတဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့အဓိကပြဿနာကတော့ စည်းမျဉ်းစည်းကမ်းတွေကို တလွဲမသွေ လိုက်နာကျင့်သုံးတတ်တာပါ။ ဒါကြောင့် အဲဒီစည်းကမ်းတွေထဲက အမှတ်မထင် တစ်ခုခုသွေဖယ်ပြီး လုပ်မိသွားရင် ဆောက်တည်ရာမရဘဲ ဂဏှာမငြိမ်ဖြစ်နေတတ်ပါတယ်။ သင့်ကိုအကြံပေးချင်တာက လောကမှာ မမြင်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိနိုင်ပြီး အရာရာကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။ ဒီကြားထဲကမှ လူတိုင်းအမှားလုပ်မိတတ်ပါတယ်။ ဒီအမှားကို ထပ်ခါထပ်ခါ မကျူးလွန်မိဖို့ပဲ လိုတာပါ။ တစ်ခါလောက်မှားရုံနဲ့ ပြာမသွားပါနဲ့။ စိတ်ကိုအတတ်နိုင်ဆုံး ပြန်ချုပ်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါ။


(၂) ကြွက်သား




Shutterstock/ Vecton


“ကြွက်သား” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ခံစားချက်တွေနဲ့ ရှင်သန်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ လိုအပ်နေပါတယ်။ တခြားလူတွေအမြင်မှာ သင်ဟာ ကျောက်ရုပ်ကြီးလို ဘာခံစားချက်မှမရှိပဲ အလုပ်အရမ်းကြိုးစားတတ်တဲ့ လူတစ်ယောက်ပါ။ တကယ်တော့ သင်ဟာ နာကျင်ရမှာကြောက်လို့ မိမိခံစားချက်တွေကို လျှို့ဝှက်ထားပြီး အလုပ်ထဲမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီးနေနေတာပါ။ ဒါကြောင့် ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ အစရှိသူတို့ကို လျစ်လျူရှုပြီး သင်ဖြစ်ချင်တဲ့အရာတွေကိုသာ တစိုက်မက်မက် လုပ်ဆောင်တတ်ပါတယ်။ သင့်ကိုအကြံပေးချင်တာက လောကမှာ နာကျင်ရမှာဆိုးလို့ ရှောင်ဖယ်နေတာမျိုးက နည်းလမ်းမှန်းမဟုတ်ပါဘူး။ အရာရာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဖြစ်လာတဲ့အကျိုးဆက်တွေကို ရင်ဆိုင်လိုက်ပါ။


(၃) သွေးလည်ပတ်မှုစနစ်




Shutterstock/ Vecton


“သွေးလည်ပတ်မှုစနစ်” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ချစ်ဖို့လိုအပ်နေတဲ့ လူတစ်ယောက်ပါ။ သင်ဟာ အချစ်နဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့ စိတ်ခံစားချက်ရှိပြီး အရမ်းအချစ်ကြီးပါတယ်။ သင်ချစ်တဲ့လူတွေအတွက်ဆိုရင် မျက်ခြေမပျက် မမောမပန်းနိုင်ပဲ အစစအရာရာ ကူညီပံ့ပိုးပေးတတ်တဲ့အတွက် သင့်ကိုယ်သင် ဂရုစိုက်ဖို့တောင် မေ့နေတတ်ပါတယ်။ သင့်ကိုအကြံပေးချင်တာက ကိုယ့်ကိုယ်ကို အရင်ချစ်တတ်မှ တခြားလူတွေကို ကိုယ့်ဘက်က နည်းမှန်လမ်းမှန်နဲ့ ချစ်ပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်ဆုံး ချစ်တတ်အောင် ကြိုးစားပါ။



(၄) အာရုံကြောစနစ်




Shutterstock/ Vecton


“အာရုံကြောစနစ်” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ အကောင်းမြင်စိတ်တွေထားတတ်ဖို့ လိုအပ်နေတဲ့ လူတစ်ယောက်ပါ။ သင်ဟာ အကျိုးအကြောင်းဆီလျော်စွာ တွေးခေါ်ဆင်ခြင်ပြီး လုပ်ဆောင်တတ်တဲ့အပြင် အရမ်းဉာဏ်ကောင်းတဲ့အတွက် ဘယ်အရာကိုမဆို ခဏလေးနဲ့ သင်ယူတတ်မြောက်လွယ်ပါတယ်။ ဒါပေမယ့်လည်း အဆိုးမြင်စိတ်တွေရှိနေတဲ့သင်ဟာ လူမှုပတ်ဝန်းကျင်မှာ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သင့်ကိုအကြံပေးချင်တာက ဘယ်အရာကိုမဆို မကောင်းမြင်တဲ့စိတ်လေးကိုဖျောက်ပြီး အကောင်းမြင်စိတ်လေး မွေးမြူပါ။ ဒါဆိုရင် သင့်အနေနဲ့ ပိုစိတ်ချမ်းသာပြီး လူမှုပတ်ဝန်းကျင်မှာ ပိုအဆင်ပြေပါလိမ့်မယ်။


(၅) အစာခြေစနစ်




Shutterstock/ Vecton


“အစာခြေစနစ်” ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ တကိုယ်ကောင်းဆန်တာလေးကို နည်းနည်းလျှော့ချဖို့ လိုအပ်နေတဲ့လူတစ်ယောက်ပါ။ သင်ဟာ ဘဝရဲ့အနှစ်အရသာတွေကို ကောင်းကောင်းခံစားတတ်ပြီး ကျန်းမာရေးကိုလည်း လေ့လာလိုက်စားတတ်တဲ့အပြင် ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်တဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ပြဿနာကတော့ ကိုယ့်ကိုယ်ကို အချစ်လွန်သွားပြီး တကိုယ်ကောင်းဆန်တာလေးတွေ ရှိလာတာပါ။ ဒါကြောင့် သင့်ကိုအကြံပေးချင်တာက တဖက်လူရဲ့ ခံစားချက်တွေကို အနည်းငယ်လောက် နားထောင်ပေးပြီး သူတို့ကို ကြင်နာသနားပေးလိုက်ပါ။


Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု