စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဒေါက်တာမောင်သင်းအပါအဝင် USDPကိုယ်စားလှယ်လောင်း ၄ ဦးကို မိတ္ထီလာရဲစခန်း၌ အမှုဖွင့်


 မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဘာသာရေးကိုအသုံးပြုမဲဆွယ်မှုနဲ့ ဒေါက်တာမောင်သင်း အပါအဝင် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးကို   မိတ္ထီလာမြို့မရဲစခန်းမှာ နိုဝင်ဘာလ ၂၃ ရက်က အမှုဖွင့်ထားပါတယ်။


၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက မိတ္ထီလာကြံ့ခိုင်ရေးပါတီရဲ့  မဲဆွယ်ဗီနိုင်းပိုစတာမှာ  မိတ္ထီလာမြို့ရဲ့ သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီပုံတော်ကို အသုံးပြုခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးလုံး အမှုဖွင့်ခံရတယ်လို့မိတ္ထီလာမြို့မရဲစခန်း ပြောပါတယ်။


မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲအရာရှိတစ်ဦးက “ဟုတ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးလုံးကို အမှုဖွင့်ထားတာပါ။ ဘာသာရေးကိုအသုံးပြု မဲဆွယ်တယ်ဆိုပြီး တိုင်ကြားလာလို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်တာပါ” လို့ ပြောပါတယ်။


ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း၊ တိုင်းဒေကြီးလွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးနဲ့ အမှတ်(၂) ကိုယ်စားလှယ်လောင်း ဦးစိုးသန်းတို့ကို မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်နေ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတိမ်မင်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာပါ။


မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆန်းက”ကရဝိတ်ဖောင်တော်ဦးပုံတော်ဟာ မိတ္ထီလာမြို့ဆိုတဲ့ အထိမ်းအမှတ်ပုံရိပ်ပါ။ ကျနော်တို့ဘက်က မဲမသမာမှုတွေကို အမှုဖွင့်ထားလို့ အပြန်အလှန်သဘောနဲ့ ဒီအမှုကို ဖွင့်တာလို့ ထင်တယ်။ ကျနော်တို့အနေနဲ့ နောက်ထပ်ဖွင့်ရမယ့် အမှူတွေရှိနေပါသေးတယ်။ မြို့နယ်ခရိုင် တိုင်း ပြည်ထောင်စုအဆင့်အထိ တိုင်ကြား အမှုဖွင့်သွားမှာပါ”လို့ ပြောပါတယ်။


အမှုဖွင့်တဲ့ ၈၈ ကျောင်းသား နိုင်ကျဉ်းဟောင်း ဦးတိမ်မင်းက “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ပြဋ္ဌာန်းချက်ထဲမှာ ပါပါတယ်။ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံးခြင်း မပြုရဆိုတာ မဲဆွယ်စည်းရုံးတဲ့ကာလမှာ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးတဲ့ ဗီနိုင်းဟာ မိတ္ထီလာတမြို့လုံးက ကြည်ညိုကိုးကွယ်တဲ့ ဖောင်တော်ဦးစေတီတော်ပုံရိပ် နောက်ခံထားတဲ့ ဗီနိုင်းတွေနဲ့ စည်းရုံးတာကြောင့် အမှုဖွင့်တာပါ။ အမုန်းတရားတွေ ကလဲ့စားချေတာတွေမပါပါဘူး။ အဲဒါတွေကြောင့် တိုင်တာလည်း မဟုတ်ပါဘူး။ မိတ္ထီလာမြို့ရဲ့ အထင်ကရသမိုင်းဝင်စေတီတော်ကြီးကို အလွဲသုံးစားလုပ်တာမကြိုက်လို့ အမှု ဖွင့်တာပါ” လို့ ပြောပါတယ်။


လူမျိုးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြပြီး မဲပေးရန်၊ မဲမပေးရန် ပြောဆို ဟောပြောကြေညာချက်ထုတ်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ငွေ ၁ သိန်း ဖြစ်စေ ဒဏ်၂ရပ်လုံး ဖြစ်စေ အမိန့် ချမှတ်နိုင်ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲတုန်းက မိတ္ထီလာမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီကအနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကော်ပွဲမှာတော့  အန်အယ်လ်ဒီပါတီက အမတ်နေရာအားလုံး အနိုင်ရသွား ပါတယ်။


သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု