စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန် နိုဝင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာသူများ၏ သွေးရည်ကြည်ကို အသုံးပြု၍ ကိုဗစ်ရောဂါပြင်းထန်သူများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိရာ ယခုအခါ သွေးရည်ကြည်ကုထုံးဖြင့်ကိုဗစ်ရောဂါပြင်းထန်သည့်လူနာ ၂၀၀ ခန့်အား ဆေးကုသ ပေးနိုင်ခဲ့ပြီဖြစ်၍ ထိုအထဲမှ လူနာအရေအတွက် ၈၀ ရာခိုင် နှုန်းမှာ ရောဂါသက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်း သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီမှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါအတွက် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာသူတွေဟာဆိုရင် ကိုဗစ်-၁၉ ရောဂါပိုးတိုက်ဖျက်တဲ့ ပဋိပစ္စည်းများကို ကိုယ်ခန္ဓာက ထုတ်လုပ်ပြီး သွေးရည်ကြည်ထဲမှာ ကျန်ရှိနေတာကြောင့် အဲဒီသွေးရည်ကြည်ကို အသုံးပြုပြီး ကိုဗစ်ရောဂါပြင်းထန်သူ တွေကို ဆေးကုသပေးနိုင်ပါတယ်။ အခုဆိုရင် သွေးရည် ကြည်ကုထုံးနဲ့ ကုသပေးနိုင်တာကို လူသိများသွားတော့ သွေးရည်ကြည်အလှူရှင်ဦးရေ အရေအတွက်ကလည်း
ပိုများပြားလာတာမို့ ကုသပေးနိုင်တဲ့ လူအရေအတွက်က လည်း ပိုများပြားလာပါတယ်။ ကိုဗစ်ဆေးရုံတွေက ကျွန်တော်တို့ဆီမှာ သွေးရည်ကြည်တောင်းခဲ့ရင် သတ်မှတ် ထားတဲ့ အချက်တွေနဲ့ပြည့်စုံလားဆိုတာကို အရင်ဆန်းစစ် ကြည့်ပြီးမှ သွေးရည်ကြည် အမှန်တကယ်လိုအပ်နေတဲ့ ကိုဗစ်လူနာအတွက်ကို သွေးရည်ကြည် ရအောင်စီစဉ်ပေး နေပါတယ်'' ဟု သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ပြောသည်။
သွေးရည်ကြည်ထုတ်စက်(Apheresis machine)ကိုအသုံးပြု၍ လာရောက်လှူဒါန်းသည့် သွေးရည်ကြည် အလှူရှင်များ၏ သွေးရည်ကြည်ကို ထုတ်ယူပြီး သွေးနီဥ များကို ကိုယ်ခန္ဓာအတွင်း ပြန်လည်သွင်းပေးနိုင်ခြင်း ကြောင့် သွေးရည်ကြည်အလှူရှင်များအတွက် သွေးအားကျ နည်းခြင်းမရှိဘဲ တစ်ကြိမ်လျှင်သွေးရည်ကြည် ၆၀၀ စီစီခန့် အထိ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
''ကိုဗစ်ရောဂါရှိတဲ့ လူနာကို သွေးရည်ကြည် ၂၀၀ စီစီကနေ ၄၀၀ စီစီအထိ အသုံးပြုပြီး ကုသနိုင်ပါတယ်။ သွေးရည်ကြည်လှူဒါန်းတဲ့ အလှူရှင်အနေနဲ့ နှစ်ပတ်ကို တစ်ကြိမ်နှုန်းနဲ့ သုံးကြိမ်အထိ သွေးရည်ကြည်လှူဒါန်းနိုင် တာမို့ သွေးရည်ကြည်လှူဒါန်းတဲ့ အလှူရှင်တစ်ဦးဟာဆိုရင် ကိုဗစ်လူနာ ကိုးဦးအထိကို အသက်ကယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်'' ဟု သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ရှင်းပြသည်။
လက်ရှိ သွေးရည်ကြည် လှူဒါန်းလိုသူများအတွက်ဦးဝိစာရလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ သီးသန့်ခန်း ဖွင့်လှစ်ထားရှိ၍ သွေးရည်ကြည်လှူဒါန်းနိုင်ရန် စီစဉ်ထား ကြောင်း၊ ယခင်က သွေးရည်ကြည်ကုထုံးဖြင့် ကုသသည့် ကိုဗစ်ကုသရေးဆေးရုံများဖြစ်သော တောင်ဥက္ကလာပဆေးရုံ နှင့် ဝေဘာဂီဆေးရုံတို့သာရှိရာ ယခုအခါ ကိုဗစ်ကုသရေး ဆေးရုံများအား တိုးချဲ့ဖွင့်လှစ်ထားသောကြောင့် ကိုဗစ်ကုသ ရေးဆေးရုံများဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက် ဥက္ကလာပဆေးရုံ၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) နှင့် ဧရာဝတီစင်တာတို့မှလည်း သွေးရည်ကြည် ကုထုံးဖြင့် ကုသလာကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ - အမျိုးသားသွေးဌာန (ရန်ကုန်)
Comments
Post a Comment