Posts

စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာဖြစ်မလဲ

Image
 ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာလဲ တရုတ်နိုင်ငံ ဝူဟန်မြို့ကစတဲ့ ကိုဗစ် ၁၉ ရောဂါဟာ သူတို့နိုင်ငံမှာ အခါလည်သားဖြစ်ပြီး ကမ္ဘာပတ်နေဆဲပါ၊ မြန်မာပြည်ကို အမေရိကန်က ဗီဇာနဲ့ဝင်လာခဲ့တယ်ဆိုတဲ့ ကိုဗစ်ကတော့ မတ်လ ၂၃ ဆိုရင် တနှစ်ပြည့်တော့မှာပါ။ ဒီကနေစခဲ့ ကိုဗစ်ကြောင့် မြန်မာပြည်မှာ သေသူသေ၊ မွဲသူမွဲ၊ ဘဝပျက်သူပျက် နဲ့ ဒုက္ခပင်လယ်ဝေနေဆဲပါ။  စီမံခန့်ခွဲမှုအလွဲတွေ၊ စည်းကမ်းမလိုက်နာသူတွေ ၊ နိုင်ငံရေး ပယောဂတွေကြောင့် ကိုဗစ်ဟာ တအိမ်ဆင်းတအိမ်တက် လူတွေရဲ့အသက်တွေကို လည်ပတ်စားသောက်နေဆဲဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူငြိုငြင်မှာစိုးရိမ်တာလား?  စီမံခန့်ခွဲမှု မတတ်တာလား ? လူအင်အား ငွေအင်အား မတတ်နိုင်တာလား  ? လားပေါင်းမြောက်များစွာနဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလို ဖြစ်နေဆဲပါ။ တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို တူညီတဲ့ စည်းကမ်း ဥပဒေမရှိဘဲ ထင်သလိုလုပ်နေကြဆဲဖြစ်တာကို အားလုံးမြင်ရမှာပါ။ ကျမ္မာရေးဝန်ကြီးကိုယ်တိုင် ဆေးကုတဲ့ဒေါက်တာဖြစ်ပေမယ့် အာဏာပါဝါအသုံးချမှု အားနည်းတာတွေရှိသလို အသိပညာရှိတဲ့ ဆရာဝန်တွေက ပညာပေးတာတွေလုပ်နေ ပြောနေဆိုနေပေမယ့်လည်း မလိုက်နာကြတဲ့သူတွေကြောင့် ကိုဗစ်က ပျော်ပျော်ပါးပါး ကူးပြီးရင...

ဇန်နဝါရီ ၁ ရက်မှစ၍ ထီလက်မှတ်များ အောက်ခံအစိမ်းနုရောင်ဖြင့် ပြောင်းလဲရောင်းချမည်

Image
 ဇန်နဝါရီ ၁ ရက်မှစ၍ ထီလက်မှတ်များ အောက်ခံအစိမ်းနုရောင်ဖြင့် ပြောင်းလဲရောင်းချမည် ------ ------ ------ ----- ----- လက်ရှိရောင်းချနေသည့် ထီလက်မှတ်များအစား လုံခြုံရေးအရည်အသွေး ပိုမိုကောင်းမွန်သည့် အစိမ်းနုရောင် ထီလက်မှတ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပြောင်းလဲရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ အောင်ဘာလေထီလက်မှတ်များကို လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ရန် ရည်ရွယ်ကာ လက်ရှိ ရောင်းချပေးနေသည့် အောက်ခံ (အဝါနု) ရောင်ထီလက်မှတ်များအစား အောက်ခံအစိမ်းနုရောင် (Green Colour) အဖြစ် ပြောင်းလဲရောင်းချမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ "အခုအသစ်ထုတ်မယ့် ထီလက်မှတ်တွေက လုံခြုံရေးအရည်အသွေးပိုကောင်းတယ်။ လက်ရှိထီလက်မှတ်တွေထက်လည်း ပိုပြီးအရေအသွေးကောင်းပါတယ်"ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။ ကျပ်တထောင်တန် အောင်ဘာလေထီမျာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ရောင်းချခဲ့ရာလာမည့် ဇန်နဝါရီ ၁ ရက်နေ့အထိ ၂၃ ကြိမ်တိုင်တိုင်ရောင်းချပေးလျက်ရှိပြီး အမြ...

သားဖြစ်သူ ဘီယာဝယ်သောက်ရန် ဖခင်က မသေမီ ၁၀ ဒေါ်လာ ချန်ပေးခဲ့

Image
 "သားဖြစ်သူ ဘီယာဝယ်သောက်ရန် ဖခင်က မသေမီ ၁၀ ဒေါ်လာ ချန်ပေးခဲ့" သား မတ်ဂွတ်ဒ်မန်း အသက်(၂၁)ပြည့် မွေးနေ့တွင် ဘီယာဝယ်သောက်ရန် ဖခင်က ၎င်းမကွယ်လွန်မီ ကန် ၁၀ ဒေါ်လာ ချန်ပေးခဲ့သည်။ ဒီဇင်ဘာ ၇ ရက်က (၂၁) နှစ်ပြည့်မွေးနေ့တွင် ဂွတ်ဒ်မန်းက ‘‘လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါး လောက်က ကျွန်တော့်အဖေ မဆုံး ခင် ဒီ ၁၀ ဒေါ်လာကို အစ်မလက်ထဲ ပေးခဲ့တယ်။ ကျွန်တော့် အ သက် (၂၁)နှစ်ပြည့်ရောက်တဲ့အခါ ပထမဆုံး ဘီယာဝယ်သောက်နိုင်အောင်လို့ပါ’’ဟု တွစ်တာ၌ ရေးသားခဲ့သည်။ သတင်းအပြည့်အစုံ https://7day.news/208631

ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ

Image
 ◾ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူ အောင်မြသန်း/ဧရာဝတီတိုင်းမ်  ဒီဇင်ဘာ ၁၁ရက် (မအူပင်) ◼️ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းသို့ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ ခရီးသွား အထောက်အထားမဲ့ ဝင်ရောက်လာသူ ၈ ဦးကို မအူပင်မြို့နယ်အုပ်ချုပ်ရေးဌာနက တရားလိုပြုလုပ် တရားစွဲဆိုထားရာ မအူပင်မြို့မရဲစခန်းက ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်၍ ဖမ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။  မအူပင်မြို့နယ်အတွင်း ခရီးသွားအထောက်အထားမဲ့ဖြင့် ဝင်ရောက်လာသူများမှာပြည်သူ့စေတနာ့ ဝန်ထမ်းအသင်း - PVA အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့ကို ဦးသိမ်းဆန်းဆိုသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့မှာ ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လယ်ယာမြေအငြင်းပွားမှုဖြစ်နေသည့် မအူပင်မြို့နယ်၊  ကျုံဝါးကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးတင်ဝင်း၏လယ်ယာမြေအတွင်းဝင်ရောက်၍ ထွန်ယက်စိုက်ပျိုးခြင်း၊ လယ်သမားဦးတင်ဝင်းအား ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ဒေသအတွင်း ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး မအူပင်မြို့နယ် အုပ်ချုပ်ရေးဌာနသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။...

ထိုင်နေကျရာဝင်အိုးပေါ်ထိုင်တက်ထိုင်ရင်းဟန်ချက်ပျက်ကာဖင်ကျွံဝင်သွားပြီးခြေထောက်နှစ်ချောင်းမိုးထောင်၍ အမျိုးသမီးတစ်ဦးသေဆုံး

Image
 #သေနည်းမျိုးစုံပါလား🥲 ထိုင်နေကျရာဝင်အိုးပေါ်ထိုင်တက်ထိုင်ရင်းဟန်ချက်ပျက်ကာဖင်ကျွံဝင်သွားပြီးခြေထောက်နှစ်ချောင်းမိုးထောင်၍ အမျိုးသမီးတစ်ဦးသေဆုံး ဒီဇင်ဘာလ ၁၁ ရက် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ပရကျင်ဘူရီခရိုင် နာဒီးမြို့နယ် ရာဘာခြံအတွင်းရှိတဲအိမ်အနီးက ဝင်စဉ့်အိုးအဝတွင် ကြံကြံဖန်ဖန်အမျိုးသမီးတစ်ဦး ထူးဆန်းစွာခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်၍ ခန္ဓာကိုယ်မှာ စဉ့်အိုးထဲတွင်ဇောက်ထိုးကျကာသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုပါတယ် ။  သေဆုံးသူသည် အမျိုးသမီးသည် နန်းကိုးမင်း ငင်းခေါင် ဖြစ်ပြီး ၄င်း၏သမီးဖြစ်သူအြောပြချက်အရ ဖခင်သည်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသေဆုံးခဲ့ပြီး မိခင်သည်အရက်သောက်လေ့ရှိပြီး အလုပ်နားချိန်အရက်သောက်ပြီးတိုင်းတဲနားကအဆိုပါစဉ့်အိုးအဝပေါ်တွင်တက်ထိုင်ပြီးအနားယူလေ့ရှိသည်ဟုဆိုပါသည် ။ သေဆုံးသူသည် ရာဘာခြံအလယ်ရှိတဲတွင်တစ်ခါတစ်ရံအလုပ်လုပ်ပြီးနားနေလေ့ရှိသလိုအရက်လည်းသောက်ပြီးတိုင်း စဉ့်အိုးအဝမှာဖင်နဲ့တစ်လစ်ထိုင်နေရာမှအမူးလွန်ကာကျွံကျသွားပြီးကယ်သူမဲ့ပြီးရေနစ်သေဆုံးသွားတာဖြစ်နိုင်တယ်လို့သမီးဖြစ်သူမှသတင်းထောက်များအားပြောသည် ။  တူမဖြစ်သူ၏ပြောပြချက်အရ သေ...

ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော

Image
 ရွေးကောက်ပွဲကော်မရှင်က အမိန့်နှင့် ညွှန်ကြားချက်များကို လိုလျှင်လိုသလိုထုတ်ပြန်ခဲ့ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးလှထွန်း ပြော ------ ------ ------ ----- ----- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမိန့်နှင့်ညွှန်ကြားချက်များကို လိုလျှင်လိုသလို ထုတ်ပြန်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုက္ကဌ ဦးလှထွန်းက ပြောသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ယနေ့(ဒီဇင်ဘာ ၁၁) နေပြည်တော်၌ ပြုလုပ်ခဲသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဦးလှထွန်းက"အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုရင်လိုသလို ထုတ်ပြန်ပြီးတော့မှ အမျိုးမျိုးအဖုံဖုံဆောင်ရွက်နေခဲ့တဲ့အတွက်ကြောင့် အောက်ခြေကို ချက်ချင်းဆိုသလို မရောက်ဘဲနဲ့ မိမိထင်ရာစိုင်း၊ ထင်ရာလုပ်နေကြတဲ့ အနေအထားမျိုးနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကို အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ခဲ့တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လားကွာ။ ပျော်ပွဲရွှင်ပွဲကြီးများ လုပ်နေသလားဆိုပြီးတော့တောင် မြင်နေရတဲ့ အပိုင်းတွေအများကြီး တွေ့ရပါတယ်"ဟု ပြောသည်။ ရွေးကောက်ပ...

ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ

Image
 ရုရှထုတ်ကာကွယ်ဆေးထိုးနှံပြီးနောက် ၂လကြာ အရက်မသောက်ဖို့သတိပေးမှုအပေါ်ရုရှလူမျိုးများဒေါထွက်နေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ရုရှကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Sputnik V ကို ထိုးနှံမယ့်သူတွေအတွက်တော့ သတင်းဆိုးတစ်ခုက ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အဆိုပါကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးပါက ၂လကြာ အရက်သောက်သုံးခြင်းမပြုရဘူးဆိုတဲ့အချက်ပါပဲ။ ဒီလိုမျိုး သတင်းထွက်ခဲ့တဲ့အပေါ်မှာ ရုရှအမျိုးသားတွေက ဒေါသထွက်နေခဲ့တယ်လို့လည်း သိရပါတယ်။  ကျန်းမာရေးအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး တုံ့ပြန်မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အကြောင်းပြချက်ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပြီး ရုရှထုတ်ကာကွယ်ဆေးနဲ့ပတ်သက်ကာ အငြင်းပွားမှုတွေရှိလာခဲ့ပါတယ်။ စားသုံးသူကျန်းမာရေးစောင့်ကြည့်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Anna Popova က Komsomolskaya Pravda ရေဒီယိုဌာနကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ သူမက ပထမဆုံးအကြိမ်ကာကွယ်ဆေးမထိုးခင် နှစ်ပတ်ခန့်အလိုမှာ အရက်သောက်သုံးမှုကို ရပ်တန့်သင့်တယ်လို့ ပြောဆိုခဲ့ပြီး ဆေးထိုးပြီးပါကလည်း ၄၂ ရက်အထိ ထပ်မံရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။ ၂၁ရက်ခြားကာ နှစ်ကြိမ်ထိုးနှံရမယ့် ဒီကာကွယ်ဆေးကိုတ...

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော