စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
` အချစ်ဆိုတာ ရယူခြင်းဖြစ်သည်၊၊
ထိုကြောင့်ပိုင်ဆိုင်နိုင်အောင်ကြို စားရမည် ။
အချစ်ဆိုတာ ပေးဆပ်ခြင်းဖြစ်သည် ။
ထို့ကြောင့်စွန့်လွှတ်အနစ်နာခံရမည် ။ ´
စသောသူများအားလုံးသည်ချစ်ခြင်းတရားနဲ့ပက်သက်၍
နှလုံးသားမှာ ဗဟိုလွှဲမှားနေကြသူများသာ ဖြစ်သည်။
အချစ်ဆိုသည်မှာ စိတ်အာရုံ၌ လဲ့ပြာနေအောင်
ပွင့်သွားသော ပန်းကလေးသာဖြစ်၏ ။
ကိုယ့်အတွက်ဟုခြွေယူခြင်းသည်လည်ကောင်း ၊ သူ့အတွက်ဟု ခူးပေးခြင်းသည်လည်းကောင်း
ထိုပန်းကလေးကို ကွပ်မျက်သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်ပါသည် ။
ကျတော် သူမကိုချစ်၏ ။ သို့သော် ထိုအချစ်သည်
ကျတော်မဟုတ်သလို သူမလည်းမဟုတ်ပါ ။
အချစ်ဆိုသည်မှာ ကျတော်နှင့်သူမကြားမှ ငြိမ်းချမ်းစွာ ဝင်းပလက်ဖြာနေသည့် လကလေးတစ်စင်းသာဖြစ်ပါသည် ။
လရောင်ဖြူ အောက်၌ အဘယ်သူ့တို့ ပူလောင်ဖူးပါသနည်း။
သူမကို ချစ်မိခြင်းဖြင့် ကျတော်နှလုံးသားသည်
လည်း ရဲရင့်မြင့်မြတ် ၊ တစ်ဘဝစာ လူသားဆန်တတ်ခဲ့ ။
သူမကို ငြိမ်းချမ်းတည်ကြည်စွာ လွမ်းနေခြင်းဖြင့်
ကျတော်နှလုံးအိမ်မှာ သက်ငြိမ်ယဉ်ကျေးမှုလေးတစ်ခု ဖြစ်
တည်ခဲ့ ၊ ဘဝမှာလေးနက်စင်ကြယ်ခဲ့ဖူးပြီ ။
#တာရာမင်းဝေ
မြင်းစီးထွက်သောအိပ်မက်များမှ
Comments
Post a Comment