စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

UEC အား နိုင်ငံတော်သမ္မတ ထိန်းကျောင်းပေးရန် တပ်မတော် ထုတ်ပြန်


 UEC အား နိုင်ငံတော်သမ္မတ ထိန်းကျောင်းပေးရန် တပ်မတော် ထုတ်ပြန်


ရန်ကုန် ၊ နိုဝင်ဘာ ၃၀


နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ဆောင်ရွက်ချက်တွေကို  ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရရှိစေရေး အတွက်  ဥပဒေနှင့်အညီ လိုအပ်သလို ထိန်းကျောင်းပေးသင့်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့တပ်မတော် သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာကို တပ်မတော်အနေနဲ့ကြားသိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။


တပ်မတော်အနေနဲ့  ရွေးကောက်ပွဲဖြစ်စဉ်တွေက ဥပဒေနဲ့အညီ နည်းလမ်းတကျဖြစ်ထွန်းခဲ့ခြင်းရှိမရှိကို  တပ်မတော်သား တွေရဲ့အိမ်ထောင်စု ဝင်တွေ ဆန္ဒမဲပေးခဲ့ကြတဲ့  မြို့နယ် ၂၁၈မြို့နယ်က  ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ်သုံးသပ်နေတယ်လို့သိရပါတယ်။ 


ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ်သုံးသပ်ရာမှာ လိုအပ်တဲ့ အများနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကနေပြီး ကူးယူခွင့် ရရှိနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားပေးဖို့တပ်မတော်က ထုတ်ပြန် တောင်းဆိုထားပါတယ်။


ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ၁၉ပါတီကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုအရေးယူပေးဖို့ နိုင်ငံတော် သမ္မတထံ တောင်းဆိုထားပါတယ်။


တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ဆန္ဒမဲပေးသူ ဦးရေ သန်း ၃၀ ကျော် ရှိပြီး ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  ကိုယ်စားလှယ်လောင်း ၉၂၀ ဦး နဲ့ သမ္မတလောင်းတစ်ဦးတင်မြှောက်ခွင့် နဲ့ အစိုးရဖွဲ့စည်းခွင့်ကိုရရှိထားပါတယ်။


 အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဦးရေ ၇၁ဦးသာရရှိခဲ့တာကြောင့် လွှတ်တော်အတွင်းအခြေခံဥပဒေအရ အလိုအလျောက်ရောက်ရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပေါင်းမည်ဆိုပါကလည်း အစိုးရဖွဲ့စည်းနိုင်ခွင့်မရှိတော့ဘဲ   ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ထက် ကိုယ်စားလှယ်လောင်း ဦးရေ ၄၄ဦး  လျော့နည်းခဲ့တာပဲဖြစ်ပါတယ်။ 


#မျိုးမြတ်မင်း ရေးသားသည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု