စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

နည်းပညာလက်ခံရယူကာ ပြည်တွင်း၌တည်ဆောက်ထားသော မြန်မာ့တပ်တော်(ရေ)၏ Super Dvora Mk3 အမြန်သွားကင်းလှည့်ရေယာဉ် - အစ္စရေးနိုင်ငံထုတ် Super Dvora Mk 3 ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမြန်သွားကင်းလှည့်ရေယာဉ်အမျိုးအစားဖြစ်တယ်ဆိုတာကို လက်ခံထားကြပြီးသားဖြစ်ပါတယ်။ - မြန်မာ့တပ်မတော်(ရေ) အနေနဲ့ အဆိုပါအမျိုးအစား ၆ စီးကို ၂၀၁၅ ခုနှစ်က တည်ဆောက်ဖို့အတွက် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။


 နည်းပညာလက်ခံရယူကာ ပြည်တွင်း၌တည်ဆောက်ထားသော မြန်မာ့တပ်တော်(ရေ)၏ Super Dvora Mk3 အမြန်သွားကင်းလှည့်ရေယာဉ်


- အစ္စရေးနိုင်ငံထုတ် Super Dvora Mk 3 ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမြန်သွားကင်းလှည့်ရေယာဉ်အမျိုးအစားဖြစ်တယ်ဆိုတာကို လက်ခံထားကြပြီးသားဖြစ်ပါတယ်။


- မြန်မာ့တပ်မတော်(ရေ) အနေနဲ့ အဆိုပါအမျိုးအစား ၆ စီးကို  ၂၀၁၅ ခုနှစ်က တည်ဆောက်ဖို့အတွက် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။


- တပ်မတော်(ရေ) အနေနဲ့ နည်းပညာလွှဲပြောင်းရယူကာ မြန်မာ့ရေတပ်သင်္ဘောကျင်းမှာပဲ Super Dvora Mk 3 FACs အမျိုးအစား ၆ စီးလုံးကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့လည်း အမျိုးမျိုးသောသတင်းအရင်းအမြစ်တွေကဆိုပါတယ်။


-  ပြည်တွင်းတည်ဆောက်ထားတဲ့ Super Dvora Mk 3 FACs အမျိုးအစား ၆ စီးကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေအကြားမှာ တပ်တော်ဝင်ခဲ့တာလို့သိရှိရပါတယ်။


- အဆိုပါရေယာဉ်ငယ်တွေမှာ ယနေ့နောက်ဆုံးပေါ်တွန်းကန်းအား အမျိုးအစားဖြစ်နေတဲ့ water jet-powered ကိုအသုံးပြုထားသလို ကိုယ်ထည်ကိုလည်း အလူမီနီယံနဲ့တည်ဆောက်ထားတာကြောင့် အမြန်နှုန်းနဲ့ပင်လယ်ပြင်အတွင်းမောင်းနှင်တဲ့အချိန်မှာ တည်ငြိမ်နေစေတဲ့အားသာချက်ကို ပိုင်ဆိုင်ထားရှိပါတယ်။


- အမြန်မောင်းနှင်နိုင်စွမ်းနဲ့ ပင်လယ်ထိန်းသိမ်းနိုင်စွမ်းတိုးတက်ခြင်းတို့ကြောင့် အဆိုပါရေယာဉ်ငယ်ဟာ ပြည်တွင်းပြည်ပစစ်ဆင်ရေးတွေမှာ ထိ​ရောက်စွာတာဝန်ထမ်းဆောင်နိုင်မှာလည်းဖြစ်ပါတယ်။


- အလေးချိန် တန် ၆၀၊ အလျား ၂၇.၄ မီတာရှိတဲ့ Super Dvora Mk3 ဟာ အမြန်နှုန်း50 Knots မောင်းနှင်နိုင်ပြီး ပင်လယ်ထဲမှာ ၅ ရက်တာ တာဝန်ထမ်းဆောင်နိုင်မှာပါ။


- မြန်မာ့တပ်မတော်ကနေ ပထမဆုံးတည်ဆောက်ခဲ့တဲ့  Super Dvora Mk3 ၂ စီး မှာဆိုရင် မူရင်းမှာပါဝင်တဲ့ Typhoon Stabilized Cannon တွေကိုတပ်ဆင်ထားခဲ့ပေမယ့်လည်း နောက်အစီးတွေမှာတော့ နိုင်ငံခြားအကူအညီနဲ့ တည်ဆောက်တပ်ဆင်တယ်လို့ ထင်ရတဲ့ Twin-cannon RCWS (remote controlled weapon station) စနစ်တွေကို တပ်ဆင်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။


- ဒါ့အပြင် နေ့ညတာဝေးထောက်လှမ်းနိုင်တဲ့ အီလက်ထရောနစ်မြင်ကွင်းစနစ်၊ ပစ်မှတ်ရှာစနစ်တွေအပြင် အဆင့်မြှင့်နည်းပညာအများအပြားကိုတပ်ဆင်အသုံးပြုထားတယ်လို့သိရှိရပါတယ်။


- ထိုအာရုံခံစနစ်တွေနဲ့ RCWS တပ်ဆင်ထားတဲ့ Super Dvora Mk3 ဟာပင်လယ်ပြင်၊ ဝေဟင်နဲ့ ရေပြင်ပစ်မှတ်တွေကို နေ့ညမရွေး၊ ရာသီဥတုမရွေး ထိရောက်စွာတိုက်ပွဲဝင်နိုင်မှာလည်းဖြစ်ပါတယ်။


- Super Dvora Mk3 ကို TOT ဖြင့် ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မြန်မာ့ရေတပ်ဟာ ခေတ်မီရေဂျက်တွန်းအားနည်းပညာကို ရရှိစေခဲ့တဲ့အပြင် နောက်ပိုင်းမှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးတိုက်ပွဲအတွက် ကော်ဗက်ရေယာဉ်တွေမှာ အဆိုပါတွန်းကန်မှုနည်းပညာကို ထည့်သွင်းတည်ဆောက်ဖို့အတွက် ဖြစ်တည်လာစေနိုင်တော့မှာပါ။


- မြန်မာရေတပ်သင်္ဘောကျင်းမှာ Super Dvora Mk3 FACs ကို ကိုယ်တိုင်တည်ဆောက်ခြင်းဟာ ရေတပ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမကအလူမီနီယံကိုယ်ထည်နဲ့ Water-Jet နည်းပညာများကဲ့သို့ အသုံးချနိုင်စေခြင်းကဲ့သို့ နည်းပညာတိုးတက်စေရန်လမ်းခင်းပေးခဲ့ပြီလည်းဖြစ်ပါတယ်။


Ref-MDReview

#MyanmarNews24

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု