စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

SP Bakery ပိုင်ရှင် ဦးကျော်ဝင်းကို မိမိတို့ ဖမ်းဆီးထားဟု TNLA ပြော


 မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ စံပြမုန့်တိုက်(SP Bakery)ပိုင်ရှင် ဦးကျော်ဝင်းကို လူသုံးယောက်က ကားပေါ်တင် ဖမ်းဆီးသွားမှု ဖြစ်စဉ်သည် မိမိတို့ အဖွဲ့အစည်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က မဇ္ဈိမသို့ အတည်ပြု ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့ အောင်ချမ်းသာဈေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်နှင့် တွေ့ဆုံ အပြီးနောက်မှာ ဦးကျော်ဝင်းသည် ၎င်းကားရပ်ထားရာ နေရာသို့ အသွား ကားပေါ်အတက်မှာ SURF ကားတစ်စီး ဘေးချင်းယှဉ်ရပ်ကာ လူသုံးယောက် ဆင်းလာ၍ ဦးကျော်ဝင်း ကို ကားပေါ်ကနေ ဆွဲခေါ်ကာ တင်ဆောင် မောင်းနှင်သွားသည်ကို Video ဖိုင်မှာ တွေ့ရသည်။

TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က “အော် ဟုတ်ကဲ့ပါ၊ မိုးကုတ်မှာ ရှိတဲ့ သူဋ္ဌေး တစ်ယောက်ကို ကျွန်တော်တို့အဖွဲ့က ခေါ်ဆောင်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ အောက်ခြေ တပ်သားတွေ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ လောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောလို့ရပါတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိ ဦးကျော်ဝင်းကို မည်သည့် နေရာမှာ ဖမ်းဆီးထားကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ် ဆောင်သွားရခြင်းဖြစ်ကြောင်းကိုတော့ TNLA ဘက်က မပြောပေ။ သို့သော် အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိကြောင်းလည်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

ပုံ - ဖမ်းဆီးခံထားရသည့် SP Bakery မုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်း

“ ကျန်တဲ့ အပိုင်းတွေကတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး၊ ဒါပေမယ့် အသက်လုံခြုံရေး သူ့ရဲ့ကျန်းမာ ရေး အတွက်တော့ ဘာမှ စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော့်အဖွဲ့တွေကို သေချာ ကောင်းကောင်း ပြောထားပါ တယ်၊ ညွန်ကြားထားပါတယ်။ လောလောဆယ်တော့ ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါတယ်”ဟု ၎င်းက ပြော သည်။

ထို့နောက် ဦးကျော်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီ ငွေကျပ် တစ်ဘီလီယံနှင့် ပြန်လည် ရွေးယူရမည်ဟု TNLA က ပြောကြောင်း သတင်းများ ပြန့်နေသော်လည်း ငွေကြေးတောင်းခံမှု ကိစ္စနှင့်ပတ်သက်ပြီး မပြော နိုင်သေးကြောင်း၊ အခြေအနေကို စိစစ်နေကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

TNLA သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အပါအဝင် ပမာဏာ အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းနေသော တအာင်း (ပလောင်)တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထိုသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ် အတောအတွင်းမှာလည်း တပ်မတော်နှင့် တိုက်ပွဲများ မိုးကုတ်မြို့နယ်အတွင်းမှာ နိုဝင်ဘာ ၂၄ ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

အလားတူ ရှမ်းပြည်နယ်၊ ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ခမ်း မြို့နယ်အတွင်းမှာလည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ 

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု