စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရွေးကောက်ပွဲနိုင် NLD အမတ်လောင်းကို လိုင်စင်မဲ့ငွေချေးမှုဖြင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌမှ တရားစွဲ


 ၂၀၂၀ ရွေးကောက်ပွဲ မင်းကင်းမြို့မဲဆန္ဒနယ်တွင် အနိုင်ရထားသော NLD ပါတီအမတ်လောင်းကို လိုင်စင်မဲ့ချေးငွေလုပ်ငန်း ဆောင်ရွက်သဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ဒီဇင်ဘာ ၄ ရက်တွင် တရားစွဲဆိုထားသည်။

တရားစွဲဆိုခံရသူမှာ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သော NLD မှအမတ်လောင်း ဦးအောင်ထွန်းလွင် ဖြစ်သည်။

တရားစွဲဆိုသူမှာ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာဆန်းဝင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်၌ ယှဉ်ပြိုင်ဖက်များ ဖြစ်ခဲ့ကြသည်။

ဦးအောင်ထွန်းလွင်နှင့် မင်းကင်းမြို့နယ် ဝရဲရွာနေ မောင်ဌေးဆိုသူတို့သည် လိုင်စင်(သို့) ခွင့်ပြုချက် မရှိဘဲ “တောင်တွင်းဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ” ဟူသော အမည်ကို အသုံးပြု၍ ပြည်သူများထံမှ အကျိုးအမြတ်များယူကာ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ဝရဲရွာ၊ မအူရွာ၊ မြို့မရွာများတွင် ငွေ ၁၀၀ လျှင် အတိုးနှစ်ကျပ်ခွဲနှုန်းဖြင့် ငွေချေးထားသည်ဟု တိုင်စာတွင် ဖော်ပြထားသည်။

“လတ်တလော ကျွန်တော်တို့သိထားတာတော့ ရွာ ၃ ရွာပေါ့။ လိုင်စင်မရှိဘဲ တရားမဝင်ချေးနေတာ။ ကျွန်တော်လည်း ချေးငွေလုပ်ငန်းလုပ်တယ်။ ဒါပေမဲ့ လိုင်စင်နဲ့လုပ်တာ”ဟု ဒေါက်တာဆန်းဝင်းက ပြောသည်။

တိုင်တန်းမှုကို အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ ဖြင့် ရဲစခန်းမှ အမှုလက်ခံထားပြီး စစ်ကိုင်းတိုင်းငွေရေးကြေးရေးကြီးကြပ်မှုကော်မတီထံ တင်ပြမည်ဖြစ်သည်။

“ကျွန်တော် အမတ်လောင်း စလျှောက်ကတည်းက အဲဒီဖောင်ဒေးရှင်းက နှုတ်ထွက်ထားပါတယ်။ အမှုဖွင့်တာတော့ သိတယ်။ တရားဝင်အကြောင်းကြားတာ မရှိဘူး”ဟု ဦးအောင်ထွန်းလွင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်ရှိ မဲဆန္ဒနယ် အားလုံးကို NLD အမတ်အားလုံးက အနိုင်ရရှိထားသည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု