စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
![]() |
| Add caption |
==================<<
ရန်ကုန်၊၂၀၂၀၊ ဒီဇင်ဘာ၃ရက်
မင်းကင်းအမတ်ဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားသည့် မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဌ ကို ကြံ့ခိုင်ရေးက ပြန်တိုင်သဖြင့် ၅၀၅ခနှင့်ယနေ့ ဖမ်းဆီးခံရကြောင်းသိရသည်။
ဒီဇင်ဘာ ၃ရက် ဖမ်းဆီးခံရသည့်အကြောင်းအရင်းအားဆက်သွယ်မေးမြန်းရာတွင် ဦးကျော်မင်းထွဋ်၏ ညီဖြစ်သူ ဦးကျော်မင်းအောင်က Myanmar Harp mediaသို့ပြောသည်။
" မနက်ဆယ်နာရီလောက်က လာဖမ်းသွားတာပဲ။တရားရုံး ဖမ်းဝရမ်းနဲ့။ ပုဒ်မ ၅၀၅ခ နဲ့ဆိုပြီးတော့။တရားလိုကထွေအုပ်ကလို့သိရပါတယ်''ဟု ၎င်းကပြောသည်။
မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဌ ဦးကျော်မင်းထွဋ်သည် မင်းကင်းအမတ်ဦးမောင်မြင့်အား ရွေး
ကောက်ပွဲဥပဒေ ပုဒ်မ ၅၈(ဂ) ဖြင့် မင်းကင်းရဲစခန်းတွင်အမှုဖွင့်ပြီးနောက် ယခုကဲ့သို့ ပြန်လည်တိုင်တန်းခံခဲ့ရခြင်းဖြစ်သည်။
ဦးကျော်မင်းထွဋ်သည် ရွေးကောက်ပွဲအပြီး ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည့်အကြောင်းအရာများကို ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာဆန်းဝင်းမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကိုတိုင်ကြားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဦးကျော်မင်းထွဋ်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မင်းသီဟန်/Myanmar Harp
Comments
Post a Comment