စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်သူ (၃၂၀)ကျော်တိုးပြီး အများဆုံး စံချိန်တင်၊

တစ်တိုင်းလုံး၌ COVID-19 အတည်ပြုလူနာ (၇၈၀၀)နီးပါးနှင့် သေဆုံးသူ (၈၇)ဦး ရှိလာ၊

မောင်မင်းမော် ၊ ဒီဇင်ဘာ - ၈

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် စံချိန်တင် (၃၅၀)ကျော် တိုးပြီး ၄င်းတို့အနက် မန္တလေးခရိုင် ခုနှစ်မြို့နယ်တွင်လည်း (၃၂၄)ဦး ပါဝင်ကာ ပိုးကူးစက်မှု စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ(၆)ရက် ည ၈နာရီမှ ဒီဇင်ဘာ(၇)ရက် ည၈နာရီအထိ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေတွင် မန္တလေးတိုင်း (၁၉)မြို့နယ်မှ အတည်ပြုလူနာ (၃၅၃)ဦး ပါဝင်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၉)ရက်က မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၂၈၁)ဦးနှင့် မန္တလေးတိုင်းအတွင်း (၃၀၁)ဦးဖြင့် တစ်နေ့တာအတွင်း ပိုးကူးစက်မှု  အများဆုံးအဖြစ် စံချိန်တင်ခဲ့သော်လည်း ယမန်နေ့ ဒီဇင်ဘာ (၇)ရက်တွင် မန္တလေးရိုင်အတွင်း (၃၂၄)ဦးနှင့် တစ်တိုင်းလုံးတွင် အတည်ပြုလူနာသစ် (၃၅၃)ဦးဖြင့် ပိုးကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ(၇)ရက်က မန္တလေးခရိုင် ခုနှစ်မြို့နယ်လုံးတွင် COVID-19 အတည်ပြုလူနာများ တွေ့ရှိပြီး မဟာအောင်မြေမြို့နယ်တွင် စံချိန်တင်အဖြစ် ပိုးတွေ့လူနာ (၁၀၃)ဦး အများဆုံးဖြစ်ကာ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် (၆၀)နီးပါးစီ ပိုးကူးစက်မှု ရှိခဲ့သည်ဟု ဆိုသည်။ 

မဟာအောင်မြေမြို့နယ်အတွင်း ပိုးတွေ့လူနာများတွင် မစိုးရိမ်တိုက်သစ်မှ သံဃာတော် ရှစ်ပါးအပါအဝင် သံလျက်မှော်အရှေ့၊ သံလျက်မှော်အနောက် ၊မဟာမြိုင်(၂)၊ ရတနာ၊ဒေးဝန်းအရှေ့ စသည့် ရပ်ကွက်များမှ ဖြစ်ပြီး ကွာရန်တင်း ဝင်နေသူများနှင့် အနံ့မရသူများ ဖြစ်ကြောင်း ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ (၇)ရက်က မဟာအောင်မြေမြို့နယ်အတွင်း ပိုးတွေ့လူနာ (၁၀၃)ဦး တိုးဟု ဖော်ပြထားသော်လည်း ၎င်းတို့ ရရှိသောစာရင်းတွင် (၆၃)ဦးသာ ရှိကြောင်းနှင့် အဆိုပါ ပိုးတွေ့လူနာသစ်များနှင့် ထိတွေ့ဆက်စပ်သူ (၇၀)ခန့်ကို ကွာရန်တင်း ပို့ထားသည်ဟု မဟာအောင်မြေမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်က Mandalay IN-depth News အား ပြောသည်။

အမရပူရမြို့နယ်အတွင်း ပိုးတွေ့လူနာများသည် နတ်ရေကန်၊ ပန်းချီ၊ ပြည်လုံးကျော်၊ အိုးတော်၊ မှန်တန်း၊ မြစ်ငယ်၊ ဟင်္သာ၊ ရွှေဂွမ်းထုပ်၊ ငယ်တိုး စသည့် ရပ်ကွက်များမှ ဖြစ်သည်ဟု ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ 

အောင်မြေသာစံ မြို့နယ်အပါအဝင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အချို့၏ COVID-19 ကော်မတီဝင်များထံ ၎င်းတို့မြို့နယ်အတွင်း ပိုးကူးစက်မှု အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်နေပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်များသည် ပိုးကူးစက်မှု အများဆုံးဖြစ်ကာ ယင်းသုံးမြို့နယ်များအတွင်း အတည်ပြုလူနာ (၄၁၀၀)ကျော်နှင့် သေဆုံးသူ (၅၂)ဦး ရှိနေသည်။

ယမန်နေ့ ဒီဇင်ဘာ(၇)ရက်က မန္တလေးခရိုင်မှ COVID-19 အတည်ပြုလူနာ လေးဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူများသည် ချမ်းအေးသာစံမြို့နယ်မှ နှစ်ဦး၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ တစ်ဦးစီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။

ထို့အတွက် ယနေ့ ဒီဇင်ဘာ(၈)ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသည့် COVID-19 အတည်ပြုလူနာ (၈၇)ဦး ရှိလာပြီး ၎င်းတို့သည် ချမ်းအေးသာစံမှ (၂၁)ဦး၊ အောင်မြေသာစံမှ (၁၈)ဦး၊ မဟာအောင်မြေမှ (၁၃)ဦး၊ ချမ်းမြသာစည်မှ ရှစ်ဦး၊ အမရပူရမှ ငါးဦး၊ မြင်းခြံမြို့နယ်မှ လေးဦး၊ ပြည်ကြီးတံခွန်နှင့် မတ္တရာတွင် သုံးဦးစီ၊ ပုသိမ်ကြီးနှင့် တောင်သာမှ နှစ်ဦးစီ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကိုင်၊ မလှိုင်၊ စစ်ကိုင်းနှင့် မြို့နယ်အမည်မသိမှ တစ်ဦးစီ ဖြစ်ကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ (၈)ရက်အထိ မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၆,၂၉၈)ဦး ရှိကာ ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းသူ (၄,၁၀၀)ဦး၊ ဆေးရုံတက်နေဆဲ (၂,၁၂၈)ဦးနှင့် သေဆုံးသူ(၇၀)ဦး ရှိကြောင်း၊ တစ်တိုင်းလုံးအနေဖြင့်မူ ယနေ့ ဒီဇင်ဘာ(၈)ရက်အထိ အတည်ပြုလူနာ (၇,၇၉၄)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၅,၁၁၅)ဦး၊ သေဆုံးသူ (၈၇)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၂,၅၉၂)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

ဧရာဝတီ COVID-19 ရောဂါ ကုသရေးစင်တာ (မန္တလေး)၌ အတည်ပြုလူနာများကို ကုသပေးနေစဉ်/ Photo - Ayeyarwady Foundation

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ကူးစက် #သေဆုံး 

.

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်သူ (၃၂၀)ကျော်တိုးပြီး အများဆုံး စံချိန်တင်၊

တစ်တိုင်းလုံး၌ COVID-19 အတည်ပြုလူနာ (၇၈၀၀)နီးပါးနှင့် သေဆုံးသူ (၈၇)ဦး ရှိလာ၊

မောင်မင်းမော် ၊ ဒီဇင်ဘာ - ၈

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် စံချိန်တင် (၃၅၀)ကျော် တိုးပြီး ၄င်းတို့အနက် မန္တလေးခရိုင် ခုနှစ်မြို့နယ်တွင်လည်း (၃၂၄)ဦး ပါဝင်ကာ ပိုးကူးစက်မှု စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ(၆)ရက် ည ၈နာရီမှ ဒီဇင်ဘာ(၇)ရက် ည၈နာရီအထိ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေတွင် မန္တလေးတိုင်း (၁၉)မြို့နယ်မှ အတည်ပြုလူနာ (၃၅၃)ဦး ပါ၀င်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၉)ရက်က မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၂၈၁)ဦးနှင့် မန္တလေးတိုင်းအတွင်း (၃၀၁)ဦးဖြင့် တစ်နေ့တာအတွင်း ပိုးကူးစက်မှု  အများဆုံးအဖြစ် စံချိန်တင်ခဲ့သော်လည်း ယမန်နေ့ ဒီဇင်ဘာ (၇)ရက်တွင် မန္တလေးရိုင်အတွင်း (၃၂၄)ဦးနှင့် တစ်တိုင်းလုံးတွင် အတည်ပြုလူနာသစ် (၃၅၃)ဦးဖြင့် ပိုးကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ(၇)ရက်က မန္တလေးခရိုင် ခုနှစ်မြို့နယ်လုံးတွင် COVID-19 အတည်ပြုလူနာများ တွေ့ရှိပြီး မဟာအောင်မြေမြို့နယ်တွင် စံချိန်တင်အဖြစ် ပိုးတွေ့လူနာ (၁၀၃)ဦး အများဆုံးဖြစ်ကာ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် (၆၀)နီးပါးစီ ပိုးကူးစက်မှု ရှိခဲ့သည်ဟု ဆိုသည်။ 

မဟာအောင်မြေမြို့နယ်အတွင်း ပိုးတွေ့လူနာများတွင် မစိုးရိမ်တိုက်သစ်မှ သံဃာတော် ရှစ်ပါးအပါအဝင် သံလျက်မှော်အရှေ့၊ သံလျက်မှော်အနောက် ၊မဟာမြိုင်(၂)၊ ရတနာ၊ဒေးဝန်းအရှေ့ စသည့် ရပ်ကွက်များမှ ဖြစ်ပြီး ကွာရန်တင်း ဝင်နေသူများနှင့် အနံ့မရသူများ ဖြစ်ကြောင်း ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ (၇)ရက်က မဟာအောင်မြေမြို့နယ်အတွင်း ပိုးတွေ့လူနာ (၁၀၃)ဦး တိုးဟု ဖော်ပြထား‌သော်လည်း ၎င်းတို့ ရရှိသောစာရင်းတွင် (၆၃)ဦးသာ ရှိကြောင်းနှင့် အဆိုပါ ပိုးတွေ့လူနာသစ်များနှင့် ထိတွေ့ဆက်စပ်သူ (၇၀)ခန့်ကို ကွာရန်တင်း ပို့ထားသည်ဟု မဟာအောင်မြေမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်က Mandalay IN-depth News အား ပြောသည်။

အမရပူရမြို့နယ်အတွင်း ပိုးတွေ့လူနာများသည် နတ်ရေကန်၊ ပန်းချီ၊ ပြည်လုံးကျော်၊ အိုးတော်၊ မှန်တန်း၊ မြစ်ငယ်၊ ဟင်္သာ၊ ရွှေဂွမ်းထုပ်၊ ငယ်တိုး စသည့် ရပ်ကွက်များမှ ဖြစ်သည်ဟု ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ 

အောင်မြေသာစံ မြို့နယ်အပါအ၀င် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အချို့၏ COVID-19 ကော်မတီ၀င်များထံ ၎င်းတို့မြို့နယ်အတွင်း ပိုးကူးစက်မှု အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်နေပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်များသည် ပိုးကူးစက်မှု အများဆုံးဖြစ်ကာ ယင်းသုံးမြို့နယ်များအတွင်း အတည်ပြုလူနာ (၄၁၀၀)ကျော်နှင့် သေဆုံးသူ (၅၂)ဦး ရှိနေသည်။

ယမန်နေ့ ဒီဇင်ဘာ(၇)ရက်က မန္တလေးခရိုင်မှ COVID-19 အတည်ပြုလူနာ လေးဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူများသည် ချမ်းအေးသာစံမြို့နယ်မှ နှစ်ဦး၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ တစ်ဦးစီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။

ထို့အတွက် ယနေ့ ဒီဇင်ဘာ(၈)ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသည့် COVID-19 အတည်ပြုလူနာ (၈၇)ဦး ရှိလာပြီး ၎င်းတို့သည် ချမ်းအေးသာစံမှ (၂၁)ဦး၊ အောင်မြေသာစံမှ (၁၈)ဦး၊ မဟာအောင်မြေမှ (၁၃)ဦး၊ ချမ်းမြသာစည်မှ ရှစ်ဦး၊ အမရပူရမှ ငါးဦး၊ မြင်းခြံမြို့နယ်မှ လေးဦး၊ ပြည်ကြီးတံခွန်နှင့် မတ္တရာတွင် သုံးဦးစီ၊ ပုသိမ်ကြီးနှင့် တောင်သာမှ နှစ်ဦးစီ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကိုင်၊ မလှိုင်၊ စစ်ကိုင်းနှင့် မြို့နယ်အမည်မသိမှ တစ်ဦးစီ ဖြစ်ကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ (၈)ရက်အထိ မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ (၆,၂၉၈)ဦး ရှိကာ ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းသူ (၄,၁၀၀)ဦး၊ ဆေးရုံတက်နေဆဲ (၂,၁၂၈)ဦးနှင့် သေဆုံးသူ(၇၀)ဦး ရှိကြောင်း၊ တစ်တိုင်းလုံးအနေဖြင့်မူ ယနေ့ ဒီဇင်ဘာ(၈)ရက်အထိ အတည်ပြုလူနာ (၇,၇၉၄)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၅,၁၁၅)ဦး၊ သေဆုံးသူ (၈၇)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၂,၅၉၂)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

ဧရာ၀တီ COVID-19 ရောဂါ ကုသရေးစင်တာ (မန္တလေး)၌ အတည်ပြုလူနာများကို ကုသပေးနေစဉ်/ Photo - Ayeyarwady Foundation

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ကူးစက် #သေဆုံး 

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု