စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချမ်းငြိမ်းကျော်၊ လပွတ္တာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင်ကျော်စိုး၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကျော်ဝင်းအပါအဝင် အောင်နိုင်ရေးရုံးအဖွဲ့ဝင် ၁၇ ဦးမှာ ရွေးကောက်ပွဲ ကော်မရှင်ထံ ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်ပြရန်အတွက် ငွေစာရင်းများ ရေးဆွဲနေစဉ် မြို့နယ် NLD ရုံးတွင် ကွန်ပျူတာစာရေး အမျိုးသားတစ်ဦးထံမှတစ်ဆင့် COVID-19 ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အောင်နိုင်ရေးအဖွဲ့ဝင်များအပြင် မြို့နယ်အလုပ်အမှုဆောင်အချို့မှာ Quarantine ဝင်ရောက်ခဲ့ရကြောင်း သိရသည်။
“ အခုချိန်က ကျွန်တော်တို့ လပွတ္တာမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးစလုံးရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေ စာရင်းဇယားတွေပေါ့နော်။ ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ စာရင်းပြုစုနေတဲ့ အချိန်ပေါ့ဗျာ။ အဲဒီလို စာရင်းပြုစုနေတဲ့အချိန်မှာ ကျွန်တော်တို့ ကွန်ပျူတာရိုက်တဲ့ ကလေးက ကျွန်တော်တို့ လမ်းမှာလျှောက်ရောင်းတဲ့ ဒိန်ချဉ်ဆိုင်တစ်ဆိုင်ရှိတာကို အဲဒီဆိုင်က ဖြတ်သွားတာကို သူက ဒိန်ချဉ်ဝယ်သောက်မိတယ်။ အဲဒီဒိန်ချဉ်သည်က Positive ဖြစ်တယ်ပေါ့။ အဲဒီ Contact နဲ့ အဲဒီကလေးက ရောပိုးစဝင်တယ်ပေါ့ဗျာ။ စဝင်ပြီးတော့မှ သူကသူ့ကိုယ်သူ မသင်္ကာလို့ လပွတ္တာဆေးရုံမှာ သွားပြီးတော့ စစ်လိုက်တဲ့အခါမှာ Positive တွေ့သွားတယ်။ တွေ့သွားတဲ့အခါကျတော့ ဒီကလေးကနေပြီးတော့ ဆက်နွယ်ပြီးတော့ ကျွန်တော်တို့ နယ် ဆန္ဒနယ်မြေ (၁) ရော (၂) ရော ကျွန်တော်တို့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်အတွက် အားလုံးစာရင်းတွေ အပြီးသတ်နေတဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေလို့ ပြောရမှာပေါ့ အားလုံးနီးပါးလောက်က ရောဂါပိုးတွေ Positive တွေ့သွားတဲ့အဆင့်ကို ရောက်သွားတယ်ပေါ့။ ဖြစ်ရပ်ကတော့ အဲဒီဖြစ်ရပ်ပါပဲ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ လပွတ္တာမြို့နယ် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်က ပြောကြားသည်။
ရောဂါပိုးကူးစက်ခံရသူ အားလုံးမှာ ကျန်းမာရေးကောင်းမွန်နေပြီး လပွတ္တာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ကုသမှုခံယူနေကာ Quarantine ဝင်ရောက်နေသူများကိုလည်း ကျန်းမာရေးထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်များအတွက် စာရင်းများရေးသွင်းနေသည့် အချိန်ဖြစ်သောကြောင့် အခြားသော ဌာနဆိုင်ရာများ ပြည်သူများနှင့်လည်း ထိတွေ့မှုများ မရှိခဲ့ကြောင်း အောင်နိုင်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၆ရက် နံနက်ပိုင်းအထိ ထုတ်ပြန်ချက်များအရ COVID-19 ရောဂါ ကူးစက်ခံရသူဦးရေမှာ ၃၁၉၂ ဦးထိ ရှိခဲ့ပြီး ၂၁ ဦးသေဆုံးခဲ့ကာ ၂၃၈၅ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
Source - https://news-eleven.com/article/199176
Comments
Post a Comment