စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

COVID-19 ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့သူတွေကို နေအိမ်တွင်သာ Quarantine ထား စောင့်ကြည့်သွားတော့မည်


 COVID-19 ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့သူတွေကို နေအိမ်တွင်သာ Quarantine ထား စောင့်ကြည့်သွားတော့မည်

 

သထုံ ၊ ဒီဇင်ဘာ ၈။


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ (၈) ရက်နေ့မှ စတင်ပြီး COVID-19 ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့သူတွေကို Quarantine Center တွေမှာ ထားရွိကာ စောင့်ကြည့်သွားတော့မှာ မဟုတ်ဘဲ နေအိမ်များတွင်သာ Quarantine ထားရှိသွားမှာဖြစ်တယ်လို့ သထုံမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီမှ သိရပါတယ်။


လက်ရှိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာများနဲ့ထိတွေ့သူတွေက နေအိမ်မှာ Quarantine နေထိုင်စဉ် ရောဂါလက္ခဏာ တစ်စုံတစ်ခုထူးခြားလာပါက ဆေးရုံရှိ Fever Clinic သို့ သွားရောက်ပြသနိုင်မှာဖြစ်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပတ်တွေကိုလည်း ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။


"ဒီနေ့က စပြီးပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူတွေကို အိမ်မှာဘဲ Q ထားတော့မယ်၊ ယခင် Q စင်တာတွေမှာ ရှိနေတဲ့ သူတွေကတော့ ရှိနေအုံးမှာပေါ့၊ ဒါက အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်လို့ သိရတယ်၊ ခရိုင်ကတဆင့်ညွှန်ကြားလို့ ကျွန်တော်တို့ သိရတာပါ၊ ကနဦးသိရတာပါ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ နောက်မှ ထွက်လာမယ်ထင်တယ်၊ ဒီလိုလုပ်မှာက တစ်ပြည်နယ်လုံး ဟုတ် မဟုတ်တော့ မသိရဘူး၊ သူတို့တွေက နေအိမ်မှာ (၁၄) ရက်နေထိုင်ရမှာဖြစ်ပါတယ်၊ သူတို့နေအိမ်တွေကို လော့ဒေါင်းချမယ်၊ စာကပ်ထားမယ်၊ ပုံမွန်ဆို ပိုးတွေ့လူနာနဲ့ ထိတွေ့မိသားစုတွေက  Q စင်တာတွေမှာ သွားနေရတော့ အဆင်မပြေတာတွေရှိတယ်၊ တစ်အိမ်လုံးက Q စင်တာတွေမှာ သာနေရတော့ အိမ္ကို ပစ်ထားရတယ်၊ ဒါကြောင့် သူတို့ မိသားစုကိစ္စတွေလုပ်ဖို့ လစ်ဟင်းသွားတာတွေရှိတယ်၊ ခုဆို သူတို့မိသားစုကိစ္စ အဝဝကို သူတို့အိမ္ကေနပဲ လုပ်လို့ရသွားမယ်၊ နောက်တစ်ခုက အစိုးရဘက္က Q စင်တာတွေအတွက် ထောက်ပံ့ပေးနေရတဲ့ ကုန်ကျမှုတွေကိုလည်း လျော့ချလာနိုင်မှာပေါ့၊ လူတော်တော်များများကလည်း ကိုယ့်အိမ်ကနေပဲ Q နေရတာကို နှစ်သက်တဲ့သဘောရှိတယ်၊ သူတို့အတွက်လည်း အဆင်ပြေတယ်၊ Q စင်တာရှိ အခြားလူတွေထံကလည်း ရောဂါကူးစက်မှု ဖြစ်မှာကို မစိုးရိမ်ရတော့ဘူးပေါ့''လို့ သထုံမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောညီညီထွေးက ပြောပါတယ်။


လက်ရှိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာတွေနဲ့ထိတွေ့သူတွေ နေအိမ်မှာနေထိုင်စဉ် အပြင်ထွက်ခြင်းမလုပ်နိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကနေတဆင့် စောင့်ကြပ်ပေးသွားမှားဖြစ်ကြောင်း၊ နေအိမ်ရှိ လူများစားသောက်စရာ ဝယ်ခြမ်းရေးကိစ္စတွေကိုလည်း အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ စည်းကမ်းမလိုက်နာဘဲ အပြင်ထွက်ပါက ဥပေဒအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


အခုလို လူနာများနှင့် ထိတွေ့သူတွေကို နေအိမ်တွင်သာ Quarantine ထား စောင့်ကြည့်သွားမယ့်အပေါ် ဒေသခံတစ်ဦးက"ခုလို လုပ္တာကို ထောက်ခံတယ်၊ ဘာလို့ဆို Q စင်တာတွေမှာ သွားစုပြုံပြီး ရောဂါကူးမှာကို စိုးရိမ်နေရမှုကို လျော့ချနိုင်မယ်၊ လူတွေစုပြုံပြီး နေရတာကြောင့် ဖြစ်လာနိုင်တဲ့ အခက်အခဲတွေ နည်းသွားမယ်၊ ကူညီလုပ်ဆောင်ပေးနေရတဲ့သူတွေလည်း သက်သာသွားမယ်၊ တစ္ခုပဲ နေအိမ်မှာ ထားမယ်ဆိုရင်တော့ သူတို့တွေ အပြင်မထွက်ဖို့ကို ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်စေချင်တယ်၊ သတ်မှတ်စည်းကမ်းချက်ကို ချိုးဖောက်လာရင်ဘယ်သူမဆို ထိရောက်စွာ အရေးယူပေးစေချင်တယ်၊ ဒါမှလည်း ဒီလုပ်ငန်းက အကျိုး သက်ရောက်မှုရှိမယ်၊ မဟုတ္လို့ကေတာ့ ရောဂါကူးစက်မှုက ဒီထက်ပိုဆိုးသွားနိုင်တယ်''လို့ သူ့အမြင်ကို ပြောပါတယ်။


သထုံမြို့နယ်အတွင်း ဒီဇင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းအထိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာ (၃၄၀)ကျော် ထိရှိလာပြီး ဆေးရုံ၊ နေအိမ်တွေနဲ့ Quarantine စင်တာတွေမှာ အသြားအလာ ကန့်သတ်စောင့်ကြည့်ထားသူ (၃၄၀)ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ရာမညတိုင်း(မ်)သတင်းအေဂျင်စီ


https://www.yarmanyatimes.com/covid-19-%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%81%e1%80%bd%e1%80%b2%e1%80%a1%e1%80%90%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%af-%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%99%e1%80%bb%e1%80%ac/

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု