စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

သံရုံး ၃ ခုရှေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ ၂၀ဦး ဖမ်းဆီးခံရ


 သံရုံး ၃ ခုရှေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ ၂၀ဦး ဖမ်းဆီးခံရ


ဒီဇင်ဘာ ၆-၂၀၂၀

အေးချမ်းသူ(VOM)


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက  ၂၀၂၀ရွေးကောက်ပွဲ မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့သူ ၂၀ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီးက ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။


" လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး မြို့နယ်သုံးခုမှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်တဲ့ ဦးဆောင်ခဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်"လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့မှာ ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမဲ့ပြု့ကျင့်ခံရမှုတွေနဲ့ပတ်သက်နေတယ်လို့ဆိုကာ ပြည်သူအချို့က "ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ " စာသားပါ ဗွီနိုင်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးဆောင်သူ ဦးစံလှ အပါအဝင် လူ ၃ ဦးကို ကမာရွတ်မြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။


ဗဟန်းမြို့နယ်ရှိ ဂျပန်သံရုံးရှေ့မှာလည်း မဲမသမာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးဖို့ ဆန္ဒဖော်ထုတ်သူ ဦးသန်းနိူင်ဦး အပါအဝင် လူ ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။


အလားတူ တရုတ်သံရုံးရှေ့မှာလည်း ရွေးကောက်ပွဲရလဒ် အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးဆောင်သူ ဦးစိုးသိန်း အပါအဝင် လူ ၂ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူတွေကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးပေမယ့် ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။


ရန်ကုန်တိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သတ်ပြီး တရားမျှတမှုမရှိဟုဆိုကာ 

မဲဆန္ဒရှင်ပြည်သူတွေနဲ့ USDPပါတီဝင်အချို့ဟာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ပိုင်း အင်းစိန်အပါအဝင်မြို့နယ်ပေါင်း ၁၀မြို့နယ်မှာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးဆောင်သူတွေကို တရားစွဲဆိုထားတာတွေလည်း ရှိနေပါတယ်။


#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲဆန္ဒပြသူ #၂၀ဦးဖမ်းဆီးခံရ

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု