စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေးတိုင်း တရားသူကြီးချုပ်သစ် အတည်ပြုခန့်အပ်

~~~~~

■ မန္တလေးတိုင်း တရားလွှတ်တော်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးကြည်သိန်း (ခ) ဦးကြည်သိန်းအောင်ကို  တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက မနေ့က အဆိုပြုထားတာကို  တိုင်းဒေသကြီးလွှတ်တော်က ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေ (ခ) အရ အဆိုပြုခံရသူကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၃၁၀) ပါ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံရင် ကန့်ကွက်နိုင်ကြောင်း ကြေညာထားပေမယ့် ကန့်ကွက်သူမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။

“ နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ ဦးကြည်သိန်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာအပ်ပါတယ်”

တရားသူကြီးချုပ်အနေနဲ့ တရားရုံးတွေမှာ လွဲချော်နေတဲ့ လုပ်ဆောင်ချက်တွေကို သေချာကိုင်တွယ်စေလိုတယ်လို့ မန္တလေးဒေသခံ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“ တရားစွဲဆိုမှုတွေမှာ တချို့ဆို ပုံစံတွေကတူနေပြီး ပုဒ်မတွေအမျိုးမျိုးနဲ့ တရားရုံးတွေမှာ ပတ်စွဲနေတယ်။ ကျောင်းသားတွေကိစ္စဆို သိသာတယ်။  ဒါတွေက တရားရေးအတွက်လည်း အဓိပ္ပါယ်မရှိဘူး၊ နောက်ပြီး တရားရေးဝန်ထမ်းတွေ မှန်မှန်ကန်ကန် ဆောင်ရွက်နေရဲ့လား၊ တရားရုံးတွေကို လေ့လာခွင့်တွေပေးသင့်တယ်။ နောက်ပြီး တရားရုံးမှာ ပွဲစားတွေ အရမ်းများနေတယ်။ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။ ဒါတွေကိုလည်း စိစစ်ပြီးတော့ တရားရေးဌာနအနေနဲ့ စိစစ်ပြီးအရေးယူသင့်တယ် “

တိုင်းဒေသကြီး တရားသူကြီးချုပ်ရဲ့ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်ကို သမ္မတက မနေ့က (ဒီဇင်ဘာ ၁ ရက်နေ့က) တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) အတည်ပြုခဲ့တာပါ။

ယခင်တရားသူကြီးချုပ်ဖြစ်တဲ့ ဦးစိုးသိန်းဟာ သက်ပြည့်အငြိမ်းစား ယူသွားတာကြောင့် အစားထိုးခန့်အပ်တာလို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က သိရပါတယ်။

- Unicode

~~~~~~~~~~~~~~~

- Zawgyi

~~~~~~~~~~~~~~~

Photo: Khaymani Win / RFA

(မန္တလေးတိုင်းလွှတ်​တော် အစည်းအဝေးကို ၂၀၂၀ ဒီဇင်ဘာ ၂ရက်နေ့က ကျင်းပစဉ်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု