စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
=================================
အိဖြိုး
မုံရွာ၊ဒီဇင်ဘာ- ၅
စစ်ကိုင်းတိုင်းတွင် ယနေ့ တစ်ရက်တည်း ကိုဗစ်လူနာ ၇၂ ဦးထိ စံချိန်တင် ထပ်တိုးသည်။
ယနေ့ Test Kit ဖြင့် စစ်ဆေးချက်များအရ ပိုးတွေ့ ရှိမှုမှာ စစ်ကိုင်းမြို့နယ် ၃၄ ဦး၊ ကလေးမြို့နယ် ၁၂ ဦး၊ရွှေဘိုမြို့နယ် ၁၀ ဦး၊တမူးမြို့နယ် ခြောက်ဦး၊ကောလင်းမြို့နယ် လေးဦး၊ မင်းကင်းမြို့နယ် နှစ်ဦး၊ကနီမြို့နယ် တစ်ဦး၊ တန်ဆည့်မြို့နယ် တစ်ဦး၊ ဘုတလင်မြို့နယ် တစ်ဦးနှင့် ဟုမ္မလင်းမြို့နယ်မှ တစ်ဦး ဖြစ်သည်။
စစ်ကိုင်းမြို့နယ်မှ ပိုးတွေ့လူနာ ၃၄ ဦးမှာ ချင်းစုရပ်မှ သုံးဦး၊ ရွှေမင်းဝံရပ်ကွက်မှ တစ်ဦး၊ ထွဋ်ခေါင်ရပ်မှ ၁၄ ဦး ၊မအူပင်ရွာမှ ခုနှစ်ဦး၊ ကြွယ်လူးရွာမှ ငါးဦး၊ညောင်ကုန်းရွာမှ နှစ်ဦး ၊သလွန်ဖြူရွာမှ တစ်ဦးနှင့် စစ်ကိုင်းတောင်ရိုးမှ တစ်ဦးတို့ဖြစ်သည်။
ကလေးမြို့နယ်မှ ပိုးတွေ့လူနာ ၁၂ ဦးမှာ ချမ်းမြအောင်စည်ရပ်ကွက်မှ လေးဦး၊အောင်သစ္စာရပ်ကွက်မှ သုံးဦး၊အောင်မြေမာန်ရပ်ကွက်မှ နှစ်ဦး၊ အောင်မင်္ဂလာရပ်ကွက်မှ နှစ်ဦး၊ မြို့သာရပ်ကွက်မှ တစ်ဦးဖြစ်သည်။
ရွှေဘိုမြို့နယ်မှ ပိုးတွေ့လူနာ ၁၀ ဦးမှာ ဘိုးတော်တောကျေးရွာမှ တစ်ဦး၊ညောင်ပင်သာကျေးရွာမှ နှစ်ဦး၊အမှတ် (၁၀)ရပ်ကွက်မှ ငါးဦး၊အမှတ်( ၄)ရပ်ကွက်မှ တစ် ဦး၊အမှတ်( ၅)ရပ်ကွက်မှ တစ်ဦးဖြစ်သည်။
တမူးမြို့နယ်မှ ပိုးေတွ့လူနာ ခြောက်ဦးမှာ တမူးခရိုင်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာကြီး၏ မိသားစုဝင် ငါးဦး နှင့် အငယ်တန်းဝန်ထမ်း၏ မိသားစုဝင် တစ်ဦး တို့ဖြစ်သည်။
ကောလင်းမြို့နယ်မှ ပိုးတွေ့လူနာ လေးဦးမှာ မန္တလေးမှပြန်လာသော ဆည်တိုရွာမှ နှစ်ဦး၊ သဲချောင်းရွာမှ တစ်ဦးနှင့် ဆယ်ဇင်းမှော်မှပြန်လာသော အင်ပင်လှရွာမှ တစ်ဦး တို့ဖြစ်သည်။
မင်းကင်းမြို့နယ်မှ ပိုးတွေ့လူနာနှစ်ဦးမှာ ပိက္ခရားကျေးရွာမှဖြစ်ပြီး ရန်ကုန်မှပြန်လာသူများဖြစ်ကြသည်။
ကနီမြို့နယ်၊စကမြားကျေးရွာမှ ပိုးတွေ့လူနာတစ်ဦးမှာ စကမြားကျေးရွာ မန္တလေးမှ ပြန်လာသော အမျိူးသားတစ်ဦးဖြစ်သည်။
တန့်ဆည်မြို့နယ်၊ငတန်းကျေးရွာမှ ပိုးတွေ့လူနာတစ်ဦးမှာ ပိုးေတွ့လူနာနှင့်အတူ မန္တလေးမှ ပြန်လာသော အသက်၄၂နှစ်အရွယ် အမျိုးသားဖြစ်သည်။
ဘုတလင်မြို့နယ်၊ဆည်ဝကျေးရွာမှ ပိုးတွေ့လူနာတစ်ဦးမှာ ရန်ကုန်မြို့မှ ပြန်လာသူ အမျိုးသမီးတစ်ဦးဖြစ်သည်။
ဟုမ္မလင်းမြို့နယ်မှ ပိုးတွေ့လူနာတစ်ဦးမှာ ဆွမ္မရာမှ ပိုးတွေ့လူနာတည်းခိုခဲ့သော နေအိမ်မှ အသက် ၂၀ နှစ်ရှိ ရဲမေတစ်ဦးဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် မကြာသေးခင် ရက်များအတွင်းကလည်း တစ်ရက်တည်း ကိုဗစ်လူနာ တွေ့ရှိမှုများအဖြစ် ၅၀ ဦးဝန်းကျင် သုံးရက်တွေ့ရှိထားသည်။
ယနေ့အထိ စစ်ကိုင်းတိုင်းတွင် ဓာတ်ခွဲအတည်ပြုကိုဗစ်လူနာ ၉၅၇ ဦးတွင် ၆၇၆ ဦးမှာ ဆေးရုံဆင်းပြီး သုံးဦးသေဆုံးထားသည်။
#MonywaGazette #မုံရွာဂေဇက် #COVID19
Comments
Post a Comment