စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဦးတက်လူနှင့် သူ၏ ရပ်ဆွေရပ်မျိုးများ


 ရွာတစ်ရွာမှာ

ဆင်းရဲပြီး ဆွေမျိုးသားချင်း မရှိတဲ့

"ဦးတက်လူ"ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်


တစ်နေ့တော့

ဦးတက်လူဟာ နာမကျန်းဖြစ်ပြီး 

သေအံ့ဆဲဆဲ အခြေအနေကို ရောက်ရှိခဲ့တယ်။


ဦးတက်လူမှာက ပြုစုကုသမဲ့ ဆွေမျိုးသားချင်းလည်း မရှိ - ငွေရေးကြေးရေးလည်း 

မပြည့်စုံတော့ အိမ်နီးနားချင်းက ရွာသားတွေပဲ

ရောက်လာပြီး လာကြည့်ရတာပေါ့..


ရွာသားတွေက

ဦးတက်လူရဲ့အခြေအနေ 

မကောင်းမှန်း သိတော့ -

ဦးတက်လူ အလောင်း မြေကျဖို့ 

ဆွေးနွေးတိုင်ပင်ကြသတဲ့


" အခြေအနေကတော့ မကောင်းဘူး ဟေ့ -

ဒီနေ့လား နက်ဖြန်လားပဲ "


" ငင်"


ရွာသားတွေ ပြောတာကို 

လူမမာ ဦးတက်လူက ကြားနေရတာပေါ့ 

သေမှ.. မသေသေးပဲ


"အာ့ဆိုလည်း အသုဘ ချဖို့ 

ကြိုစီစဉ်ထားရင် ကောင်းမယ်နော် "


" သုသာန် ကို သယ်ဖို့- ထွန်းမြိုင်ရဲ့ ထော်လာဂျီ အကူအညီ တောင်းရင်ကော "


" အမလေး ရလိမ့်မယ်.. အားကြီးကြီး -

ထွန်းမြိုင်က သူ့ထော်လာဂျီပေါ်

ဒီမသာကြီး တင်မလား "


ရွာသားတွေစကားကို ကြားတော့

အိပ်ယာထဲက ဦးတက်လူက 

အသံယဲ့ယဲ့လေးနဲ့..ထ ပြောတယ်


" ငါ.. ငါ မသေ.. သေးဘူး လေ ဟယ် "


ဤအခါ

ရွာသားတစ်ယောက်က


" ကဲ ဦးတက်လူ --

ကွကိုယ် ငြိမ်ငြိမ်လေး တရားမှတ်နေစမ်းပါ --

ဒီမှာ ရှင့် အတွက် တိုင်ပင်နေကြတာ - "


" အွန်"


ရွာသားတွေက ဆက်ပြောတယ်


" ဒါဆို ဘယ်လို လုပ်မလဲ?"


" အို သုသာန်က သိပ်မှ မဝေးတာ - 

ဖျာနဲ့ပတ်ပြီး တစ်ယောက်ယောက် 

ထမ်းသွားရင်ကော "


" အလိုလေ - 

စဉ်းစဉ်းစားစားလည်း ပြောစမ်းပါအေ - 

ဒီအလောင်းကြီး ဘယ်သူက ထမ်းချင်မှာလဲ "


ဒီအခါ

အျိပျယာထဲက ဦးတကျလူက

အသံယဲ့ယဲ့လေးနဲ့ ထ ပြောပြန်တယ်


" ဟဲ့ ကမတွေ --ငါ.ငါ မသေ မသေသေးဘူးလို့ "


ဤအခါ

ရွာသားတစ်ယောက်က လှည့်ကြည့်ပြိ်း


" ဂရုစိုက်မနေနဲ့အေ - 

သေခါနီး လူတွေက ဒီလိုပဲ ကယောင်ကတမ်း 

ထ ထ ပြောကြတာပဲ "


" အွန် "


ရွာသားတွေက ဆက်ပြောကြပြန်တယ်


" ဒါဆိုလည်း နွားလှည်းနဲ့ ဆိုရင်ကော -"


" အမလေး ပြောတတ်ပအေ - 

လှည်းငါးခက စျေးက ကြီးကြီးနဲ့ - 

အဲ့ လှည်းခက ဘယ်သူက ပေးမှာလဲ ?"


" ဒါ ဆို - ဒီမသာကြီး သုသာန် ရောက်ဖို့ 

ဘယ်လို သယ်ကြမှာလဲ?"


ထိုအခါ

အိပ်ယာထဲက ဦးတက်လူက

စိတ်မရှည်စွာဖြင့် ဤသို့ ထ ပြောလိုက်ပါတော့တယ်


" ငါ့ကို ဖိနပ်သာ ယူပေးကြပါဟယ် --

ငါ့ဖာသာ ငါပဲ သုသာနကှို 

လမ်းလျှောက် သွားလိုက်ပါ့မယ် "

------------------------------------


         ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ…


Credit..


ပြန်လည်မျှဝေပါသည်။

လူကြီးမင်း😁

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု