စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လွှတ်တော်သစ်ကို ဖေဖော်ဝါရီလဆန်းမှာ စတင်မည်

~~~~~

■ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်မယ့် လွှတ်တော် အသီးသီးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ဦးတီခွန်မြတ်က ထည့်သွင်းပြောကြားခဲ့တာပါ။

လွှတ်တော်သက်တမ်းတစ်ရပ်ရဲ့ပထမအကြိမ် ပုံမှန်အစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအဝင် ပြည်သူတွေ အားလုံးအတွက် အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

ဒုတိယလွှတ်တော်ကိုလည်း ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစပြုခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်နေရတဲ့ကာလမှာ  အစည်းအဝေးတွေကို ခေါ်ဖို့အစီအစဉ် မရှိသေးဘူးလို့ အမျိုးသားလွှတ်တော် အမြဲတမ်းအတွင်းဝန် ဦးလွင်ဦးက RFAကို ဒီနေ့ ပြောပါတယ်။

၂၀၁၆ မှာတော့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးတဲ့ လွှတ်တော် အဟောင်းကနေ NLD ပါတီအနိုင်ရတဲ့ လွှတ်တော် အသစ်ကို လွှဲပြောင်းရတာတွေ ရှိခဲ့ပေမယ့် ဒီ တတိယအကြိမ်လွှတ်တော်မှာတော့ အဲဒီလို လွှဲပြောင်းဖို့ မလိုတဲ့အတွက် လွှတ်တော်အဟောင်းကို ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဦးလွင်ဦးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်ပါတီထဲ အစိုးရဖွဲ့နိုင်လောက်တဲ့ ကိုယ်စားလှယ်ဦးရေကို ရွေးကောက်ပွဲမှာ အနိုင်ရထားပါတယ်။

လက်ရှိလွှတ်တော်အသီးသီးရဲ့ ငါးနှစ်သက်တမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဥပဒေအရ ရွေးကောက်ပွဲကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပရမှာ ဖြစ်ပါတယ်။

NLD ပါတီက ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက လက်ရှိ လွှတ်တော် အဟောင်းကတော့ ခေါ်စရာမလိုတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်တယ်၊ ဒီကြားထဲမှာ အရေးကြီးတာရှိရင်တော့ လွှတ်တော် ခေါ်ရမယ်၊ အရေးမကြီးဘူးဆိုရင်တော့ ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှသာ တတိယအကြိမ် လွှတ်တော်သစ် ခေါ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ကျင်းပမယ့် လွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်တဲ့ ကိစ္စတွေ၊ အစိုးရ ဖွဲ့စည်းမယ့် ကိစ္စကို ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၁ ဧပြီ ၁ ရက်နေ့မှာ အစိုးရသစ်က တာဝန်စတင် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

- Unicode

~~~~~~~~~~~~~~~

- Zawgyi

~~~~~~~~~~~~~~~

Photo: Pyidaungsu Hluttaw

(လွှတ်တော် အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမမှာ ၂၀၂၀ ဒီဇင်ဘာ ၇ရက်နေ့က ပြုလုပ်ခဲ့စဉ် )

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု