စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရွာထဲကနေ အထွက် မခံလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်လိုက်ခုတ်ခဲ့သူ သေနတ်နဲ့ပစ် ဖမ်းခဲ့ရ


 ရွာထဲကနေ အထွက်မခံလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်လိုက်ခုတ်ခဲ့သူ သေနတ်နဲ့ပစ် ဖမ်းခဲ့ရ


ဒီဇင်ဘာ ၉-၂၀၂၀

သက်ထားခင်(VOM)


မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာထိပ် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲကနေ ရွာပြင်ကို အထွက်မခံတဲ့ ကိစ္စနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ရာကနေ ရပ်မိရပ်ဖနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်ခုတ်လို့ သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတယ်လို့ သလဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။


"သူက ဂိတ်တဲကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီးတော့ ဂိတ်စောင့်နေတဲ့ ရပ်မိရပ်ဖ နှစ်ယောက်ကို တဲနားမှာရှိတဲ့ ထိုင်ခုံနဲ့ရိုက်တယ်၊ ကျန်တဲ့သူတွေလည်း လိုက်ရိုက်တာပဲ၊ ကျန်တဲ့သူတွေလည်း ပြေးလို့၊ အဲ့ဒါနဲ့ ကျွန်တော်တို့က စခန်းမှာ အမှုဖွင့်သွားတာပေါ့၊ နောက်မဖြစ်ဖို့ရာ အဲ့ဒါလေးလုပ်ဖို့ရာ စခန်းသွားတာပေါ့၊ အဲ့ဒီအခါကျ စခန်းကလိုက်လာတယ်၊ စခန်းက လိုက်လာတဲအခါ သူ့အိမ်မှာရောက်တယ်၊ အဲ့ဒီမှာ သူ့အိမ်မှာ အဝင်မခံဘူး၊ သူ့အိမ်ထဲကနေ ခဲတွေနဲ့ ဘာတွေနဲ့ ထုတယ်ပေါ့၊ ကားတွေလည်း ခဲနဲ့ထုတာပဲ ရဲတွေလည်း အဝင်မခံဘူး၊ နောက်ဆုံး သူ့ တံခါးဖွင့်ပြီး ဓားနဲ့လိုက်ခုတ်တော့တာပဲ"လို့ သလဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်လွင်က ပြောပါတယ်။


ညနေ၅နာရီခန့်မှာတော့ ရဲတပ်ဖွဲ့က အဲ့ဒီရွာသားကို အရေးယူဖို့ နေအိမ်လိုက်သွားခဲ့ပေမယ့် နေအိမ်ထဲအဝင်မခံသလို ခဲနဲ့ပစ်ပေါက်ခြင်း၊ ဓားနဲ့လိုက်လံခုတ်ခြင်းများပြုလုပ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားဒဏ်ရာရခဲ့ပါတယ်လို့ ရွာရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က ပြောပါတယ်။


ဓားနဲ့လိုက်ခုတ်လို့ ရဲတပ်ဖွဲ့ကလည်း သေနတ်နဲ့ သုံးချက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အဲ့ဒီရွာသားဟာ သေနတ်ဒဏ်ရာတွေနဲ့ မန္တလေးအထွေထွေရောဂါကုပြည့်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။


သလဲကုန်းရွာထိပ်မှာ ကိုဗစ်စစ်ဆေးတာတွေ ပြုလုပ်နေချိန် ရွာသားတစ်ဦး ရွာပြင်ထွက်ဖို့လုပ်ဆောင်ရာ ၁၂နာရီနောက်ပိုင်းအပြင်မထွက်ဖို့ပြောဆိုကြရင်း အခုလိုအချင်းများခဲ့ကြတာဖြစ်ပြီး အဲ့ဒီရွာသားကိုလည်း သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။


#voiceofmyanmar #VOM #မန္တလေး

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု