စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ် ကျပ် ၆၃ သိန်းကျော်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ၆၃ သိန်းကျော် ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးသိန်းဦးက ဒီဇင်ဘာလ ၄ ရက်နေ့မှာ တင်သွင်း ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးသိန်းဦးကနေပြီးတော့ အခုလ ၄ ရက်နေ့ နေ့လယ်ပိုင်း လောက်က လာပြီး တင်သွင်းသွားပါတယ်။ ရွေးကောက်ပွဲ ကုန်ကျစရိတ် ၆၃ သိန်းကျော်ပါတယ်။ သုံးစွဲတဲ့ခေါင်းစဉ် ၇ ခု လောက်ရှိတယ်။ အဲ့ဒီခေါင်းစဉ်တွေထဲကပဲ အဓိကထားပြီး သုံးစွဲထားတာပေါ့လေ။ ရပ်ကျေးတွေမှာ ဗီနိုင်းတွေထောင်မယ်။ ရုံးခန်း အငှားစရိတ်တွေ ရှိတယ်။ ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်တွေ ထားတယ်။ သူတို့အတွက် စရိတ်တွေရှိတယ်။ တနေရာနဲ့ တနေရာသွားဖို့ ကားငှားရတယ်။ အဲ့ဒီတော့ ကားငှားစရိတ်တွေ ရှိတယ်။ စားသောက်စရိတ်၊ စာရွက်စာတမ်း စတဲ့ ဟာတွေပါတယ်။ သတ်မှတ်ထားတဲ့ ခေါင်းစဉ်အောက်ကပဲ တင်သွားတာပါ”လို့ ဦးသိန်းလှိုင်က ရှင်းပြပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ ကော့မှူး၊ ခရမ်း၊ ဆိပ်ကြီး ခနောင်တို၊ တွံတေး၊ ဒလ၊ သံလျင်၊ သုံးခွ စတဲ့ ၁၀ မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၈ ဦး ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမှာ ဖြစ်ကြောင်း၊ လက်ရှိမှာ ကုန်ကျစရိတ် တင်သွင်းဖို့ ကိုယ်စားလှယ် ၄၀ ကျန်ရှိနေကြာင်း ဆိုပါတယ်။
ဒါ့အပြင် လတ်တလော ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းသူများထဲမှာ ကုန်ကျစရိတ် အနည်းဆုံးက ကျပ် သိန်း ၃၀ နဲ့ အများဆုံးက ကျပ် သိန်း ၇၀ ဖြစ်တယ်လို့လည်း ဦးသိန်းလှိုင်က ပြောပြပါတယ်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကျပ် သိန်း ၁၀၀ အထက် ပိုမို သုံးစွဲ ခွင့် မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက် တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့အမည်ကို ကြေညာတဲ့နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း အမည်စာရင်း တင်သွင်းခဲ့တဲ့ ရွေးကောက်ပွဲက်ာမရှင် အသီးသီးကို ရွေးကောက်ပွဲ ကုန်ကျ စရိတ် စာရင်း ပုံစံ(၂၀) ဖြင့် တင်သွင်းရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူလို့ သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်းဆန်းစုကြည်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၃ ကြိမ် စလုံး ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ကြိမ်စလုံး မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း - ရွှေလင်းသစ် (ရွှေတြိဂံ)
ပုံစာ - ဒေါ်အောင်ဆန်းစုကြည်။
ဓာတ်ပုံ - Chair NLD
Unicode
(ရွေးကောက်ပွဲ သတင်း)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ် ကျပ် ၆၃ သိန်းကျော်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် ၆၃ သိန်းကျော် ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးသိန်းဦးက ဒီဇင်ဘာလ ၄ ရက်နေ့မှာ တင်သွင်း ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးသိန်းဦးကနေပြီးတော့ အခုလ ၄ ရက်နေ့ နေ့လယ်ပိုင်း လောက်က လာပြီး တင်သွင်းသွားပါတယ်။ ရွေးကောက်ပွဲ ကုန်ကျစရိတ် ၆၃ သိန်းကျော်ပါတယ်။ သုံးစွဲတဲ့ခေါင်းစဉ် ၇ ခု လောက်ရှိတယ်။ အဲ့ဒီခေါင်းစဉ်တွေထဲကပဲ အဓိကထားပြီး သုံးစွဲထားတာပေါ့လေ။ ရပ်ကျေးတွေမှာ ဗီနိုင်းတွေထောင်မယ်။ ရုံးခန်း အငှားစရိတ်တွေ ရှိတယ်။ ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်တွေ ထားတယ်။ သူတို့အတွက် စရိတ်တွေရှိတယ်။ တနေရာနဲ့ တနေရာသွားဖို့ ကားငှားရတယ်။ အဲ့ဒီတော့ ကားငှားစရိတ်တွေ ရှိတယ်။ စားသောက်စရိတ်၊ စာရွက်စာတမ်း စတဲ့ ဟာတွေပါတယ်။ သတ်မှတ်ထားတဲ့ ခေါင်းစဉ်အောက်ကပဲ တင်သွားတာပါ”လို့ ဦးသိန်းလှိုင်က ရှင်းပြပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ ကော့မှူး၊ ခရမ်း၊ ဆိပ်ကြီး ခနောင်တို၊ တွံတေး၊ ဒလ၊ သံလျင်၊ သုံးခွ စတဲ့ ၁၀ မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၈ ဦး ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမှာ ဖြစ်ကြောင်း၊ လက်ရှိမှာ ကုန်ကျစရိတ် တင်သွင်းဖို့ ကိုယ်စားလှယ် ၄၀ ကျန်ရှိနေကြာင်း ဆိုပါတယ်။
ဒါ့အပြင် လတ်တလော ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းသူများထဲမှာ ကုန်ကျစရိတ် အနည်းဆုံးက ကျပ် သိန်း ၃၀ နဲ့ အများဆုံးက ကျပ် သိန်း ၇၀ ဖြစ်တယ်လို့လည်း ဦးသိန်းလှိုင်က ပြောပြပါတယ်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကျပ် သိန်း ၁၀၀ အထက် ပိုမို သုံးစွဲ ခွင့် မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက် တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့အမည်ကို ကြေညာတဲ့နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း အမည်စာရင်း တင်သွင်းခဲ့တဲ့ ရွေးကောက်ပွဲကာ်မရှင် အသီးသီးကို ရွေးကောက်ပွဲ ကုန်ကျ စရိတ် စာရင်း ပုံစံ(၂၀) ဖြင့် တင်သွင်းရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူလို့ သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်းဆန်းစုကြည်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၃ ကြိမ် စလုံး ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ကြိမ်စလုံး မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း - ရွှေလင်းသစ် (ရွှေတြိဂံ)
ပုံစာ - ဒေါ်အောင်ဆန်းစုကြည်။
ဓာတ်ပုံ - Chair NLD
Comments
Post a Comment