စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
လှိုင်သာယာ၊ ဒီဇင်ဘာ ၄/၂၀၂၀
မူးယစ်ဆေးဖြင့် ဖမ်းဆီးရမိသူ အသက် ၁၈နှစ်အောက် လူငယ် ၆ဦးကို ဒီဇင်ဘာ ၁ရက်နေ့ လှိုင်သာယာမြို့နယ် မြို့နယ်တရားသူကြီး ဦးကျော်သူမိုးထံက ချုပ်ရက် ရီမန်ရယူပြီးနောက် လှိုင်သာယာဆေးရုံးမှ ဆေးစာရယူ၍ ဒီဇင်ဘာ ၂ရက်နေ့ သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်စဥ် RDT Test kit ဖြင့် စစ်ဆေးချက် မပါ၍ လက်မခံသဖြင့် ဒီဇင်ဘာ ၃ရက်နေ့
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အ.လ.က (၃) ကိုဗစ် စစ်ဆေးရေးစင်တာတွင် အဆိုပါလူငယ် ၆ဦးကို RDT Test kit ဖြင့် စစ်ဆေးရာ (၅)ဦးတွင် ကိုဗစ်နိုင်တင်း ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါအသက် ၁၈နှစ်အောက် လူငယ် ၅ဦးတွင် ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ရှိရ၍ ၎င်းတို့နှင့်အတူ အချုပ်ခန်းထဲ ချုပ်နှောင်ခံထားရသူများကို စိုးရိမ်မိကြောင်း ချုပ်နှောင်ခံထားရသူ မိသားစုအချို့က Top Phoenix မီဒီယာကို ပြောသည်။
ရောဂါပိုးတွေ့ရှိရသူ အသက် ၁၈နှစ်အောက် လူငယ် ၅ဦးနှင့် ရောဂါပိုးမတွေ့ရှိသူ အသက် ၁၈နှစ်အောက် လူငယ် တစ်ဦး၊ အသက် ၁၈နှစ်အထက် ၄ဦး၊ စုစုပေါင်း ၁၀ဦး တို့ထံက မူးယစ်ဆေးဝါး၊ ဓါး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်နေ့က မူးယစ်တပ်ဖွဲ့စု ၄၀မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်းမှ နယ်မြေနယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းအချုပ်ခန်း၌ အခြားသော အချုပ်သားများနှင့် ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
ထိုနောက် ရောဂါပိုးတွေ့ရှိသော လူငယ် ၅ဦးကို ဒီဇင်ဘာ ၁ရက်နေ့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရဲစခန်းအချုပ်ကားတွင် အခြားသော အချုပ်သား ၂၁ဦးတို့နှင့်အတူ ရုံးထုတ်ခဲ့ပြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှ တရားရုံးထုတ်ခဲ့သော အချုပ်သား အမျိုးသား ၂၈ဦးတို့နှင့်အတူ လှိုင်သာယာမြို့နယ် တရားရုံး၏ အချုပ်ခန်းတွင် စုပေါင်း ချုပ်နှောင်ခံခဲ့ရပြီး၊ ၎င်းနေ့ ညနေ ၄နာရီခန့် မြို့နယ်တရားသူကြီးမှ ထိမ်းသိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် ပိုးတွေ့လူငယ်လူနာများအား ဆေးဝါးကုသရေး စင်တာသို့ ပို့ဆောင်၍ ထိတွေ့သည့် ရဲတပ်ဖွဲ့ဝင် အချို့နှင့် ထိတွေ့သူအချို့ကို RDT Test kit ဖြင့် စစ်ဆေးရန် စီစဥ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
(ကိုဗစ်နိုင်တင်းရောဂါပိုး မတွေ့ရှိမှီ လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးထောက်ခံချက် ထုတ်ပေးခဲ့ခြင်း ဟုတ်/မဟုတ် အတည်ပြုရန် လှိုင်သာယာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားချက် မရှိခဲ့ပေ။ ထိုအတူ ကလေးသူငယ်အား အခြားအချုပ်သားများနှင့်အတူ ချုပ်နှောင်ထားခြင်း ဟုတ်/မဟုတ် အတည်ပြုရန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မ ရဲစခန်း၏ ယာယီအချုပ်ခန်းအဖြစ် ချုပ်နှောင်သော သောင်ကြီးနယ်မြေ ရဲစခန်းကို Top Phoenix မီဒီယာမှ ဆက်သွယ်ခဲ့သော်လည်း မြို့မရဲစခန်းသို့သာ မေးမြန်းပါဖြေကြားသည့်အတွက် မြို့မရဲစခန်းသို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ)
မင်းသန့်(ဓူဝံကြယ်)
Top Phoenix Media Group
(ဓါတ်ပုံ-လှိုင်သာယာမြို့နယ်တရားရုံးမြင်ကွင်း)
Comments
Post a Comment