စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မဲရုံတာဝန်ကျ ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း ၁၀၀ ကျော် ကိုဗစ် ကူးစက်ခံထားရ၊ နှစ်ဉီး သေဆုံးခဲ့ပြီးဖြစ်


 နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ မဲရုံ အသီးသီး၌ တာဝန်ယူခဲ့ကြသော ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း ၁၀၀ ကျော် ကိုဗစ် -၁၉ ရောဂါကူးစက်ခံထားရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF)ထံမှ သိရသည်။


ယခု ကိုဗစ်ကူးစက်ခံရသူများ၌ ဆရာ/ဆရာမများ၊ ရုံးအဖွဲ့ဝင်များ၊ ဒုတိယ ဉီးစီးမှူး၊ ရုံးအဖွဲ့ဘက်မှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးအချို့မှ ဝန်ထမ်းများ၊ အကြီးတန်းစာရေးများ ပါဝင်ကြောင်း သိရသည်။


“ လူနာ ၁၀၀ ဖြစ်သွားပြီ။ နောက် နည်းနည်းလေးတောင် အစွန်းထွက် ထပ်ထွက်လာဉီးမယ်။ နောက်ထပ်စာရင်းလေးတွေ ပြန်ပြီးတိုက်စစ်နေလို့။ တချို့တွေကလည်း စာရင်းကို တစ်ယောက်ပေး၊ နှစ်ယောက်ပေး ထပ်နေတာတွေရှိတယ် ” ဟု MTF အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။


၎င်းတို့မှာ ရွေးကောက်ပွဲ၌ မဲရုံ တာဝန်ကျခဲ့ကြသူများဖြစ်ပြီး အများစုမှာ ကုသရေးစင်တာများမှ ပြန်ဆင်းသွားကြပြီဖြစ်ကာ ကျန်ရှိသူအနည်းငယ်တွင်လည်း ရောဂါ လက္ခဏာပြင်းထန်သူမရှိသလောက် နည်းပါးကြောင်း ၎င်းက ပြောသည်။


“ ပညာရေး ဝန်ထမ်းအများစုက အိမ်ပြန်ရောက်နေပြီ။ တချို့က (နိုဝင်ဘာ) ၁၁ ရက်လောက်က စတက်တယ်။ သူတို့ Symptom တွေစပြတာ ၃ ရက်ကနေ ၅ ရက်လောက်မှာ စပြ ကြတာများတယ်။ Fever Clinic ကိုစ ရောက်တယ်။ နောက် ကွာရန်တင်းစင်တာသွားတယ်ဆိုတော့ ဆေးရုံရောက်တဲ့ ရက်ကတော့ မျိုးစုံဖြစ်သွားတာပေါ့။ တချို့တွေဆိုရင် (နိုဝင်ဘာလ)၂၀ ဝန်းကျင်လောက်မှ ရောက်တဲ့သူတွေရှိတယ်။ အဲဒီလူတွေကလည်း ဆေးရုံမှာ ၁၁ ရက်နေဆိုရင် ဒီနေ့(ဒီဇင်ဘာ ၁ ရက်)လောက်တောင် ဆင်းပြီထင်တယ်။ အများစုကတော့ ကုန်ပါပြီ ” ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။


ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသည့် ပညာရေး ဝန်ထမ်းများကို MTF က တစ်ဉီးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးနေပြီး လတ်တလော ၁၄ ဉီးခန့် ပေးပို့ပြီးဖြစ်ကြောင်း သိရသည်။


“ ပထမပို့ပြီးတာက ၁၄ ယောက် လောက်ရှိတယ်။ ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) ကျွန်တော်တို့ဆီက တစ်ယောက်ရဲ့အကူအညီနဲ့ ၃၆ ယောက် ထပ်ပို့ပြီ။ ၃၆ ယောက်က ပဲခူးထိ သွားပို့ပေးနေတယ်။ ကျန်တဲ့ မင်္ဂလာဒုံနဲ့ လှည်းကူးဘက်က ဆရာ၊ ဆရာမတွေကို ဝင်ပို့ပေးနေတယ်။ နောက်တစ်ခါ ပုသိမ်ဘက်ကို တစ်ယောက်က ခွဲပို့မယ်။ နောက်တစ်ယောက်က မန္တလေးဘက်ကို ခွဲပို့မယ်။ အဲလိုနဲ့စနေပြီ။ ကျွန်တော်တို့ နှစ်ရက်အတွင်းလောက် အပြီးပို့မှာပါ ” ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။


ပဲခူးတိုင်းရှိ ကိုဗစ် ၁၉ ကူးစက်ခံပညာရေးဝန်ထမ်းများကို လူကိုယ်တိုင် သွားရောက်ပေးပို့ခြင်းဖြစ်သော်လည်း အခြားဒေသများသို့ Wave Money ဖြင့် ပေးပို့ခြင်းဖြစ်သည်။


ထို့ပြင် သေဆုံးခဲ့သည့် ရန်ကုန်တိုင်း ဗိုလ်တထောင်နှင့် သန်လျင်မြို့နယ်တို့က ဆရာမနှစ်ဉီး၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရထားပြီး MTF က မိသားစုဝင်များထံ အိမ်တိုင်ရာရောက်သွား၍ ကူညီထောက်ပံ့မှုများ လုပ်ဆောင်မည်ဖြစ်သော်လည်း လတ်တလော မအားလပ်သေး၍ မသွားနိုင်သေးကြောင်း သိရသည်။


“ သူတို့ကို သီးသန့်လှူထားတဲ့သူတွေ ရှိတယ်။ ဗိုလ်တထောင်က ဆရာမ ဆီသွားရမယ်။ သန်လျင်ကတော့ ဆုံးတာတော့ကြာပါပြီ။ ကျွန်တော်တို့ဘက်က အလုပ်မနိုင်သေးလို့မသွားနိုင်သေးတာပါ ” ဟု MTF ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။


ယင်းဆရာမနှစ်ဉီးကို အလှူရှင်များက တစ်ဉီးလျှင် ကျပ်တစ်သိန်းခွဲစီ လှူဒါန်းထားသည့်အတွက် တစ်ဉီးလျှင် ကျပ်နှစ်သိန်းခန့် ထောက်ပံ့ရန် ရည်မှန်းထားကြောင်း သိရသည်။

Source - https://myanmar.mmtimes.com/news/147636.html

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု