စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ခြိမ့်ကေကို နှင့် မွေးနေ့ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ

 {Unicode}

ခြိမ့်ကေကို နှင့် မွေးနေ့ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ

----------------------------------------

December 6,Sunday

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရပါတယ်။ 

ဒီနေ့ရစ်ကန် ရဲတပ်ဖွဲ့က မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် ဦးဇော်မင်းထိုက် နဲ့ Facebook ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။ရဲလုပ်ငန်းစဉ်တွေအရ ချိတ်ဆက်ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။ 

" ဖမ်းတော့မိမှာပါ ဒီကာလကြီး နယ်ကျော်ပြီး ဝေးဝေး ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့" ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာမှာ ဦးဇော်မင်းထိုက် ရဲ့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကို လူဦးရေ ၅၀ ဖိတ်ကြား ကျင်းပခဲ့မှုနဲ့ ခြိမ့်ကေကို အနေနဲ့ပါဝင် ဖျော်ဖြေခဲ့မှု ကြောင့် လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့ အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့တရားစွဲ ခဲ့တာဖြစ်ပါတယ်။ 

အိုင်းရစ် ရေးသားသည်။

Credit #GalaxyNewsMedia

{Zawgyi}

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု