စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

စေတနာ့ဝန်ထမ်းအချို့ သက်ဆိုင်ရာအစိုးရ၏ ပံ့ပိုးမှုအားနည်းချက်ကြောင့် အခက်ကြုံနေ



စေတနာ့ဝန်ထမ်းအချို့ သက်ဆိုင်ရာအစိုးရ၏ ပံ့ပိုးမှုအားနည်းချက်ကြောင့် အခက်ကြုံနေ

By ရွှေဘုတ်, မင်းလွင် on Monday, December 7, 2020 - 09:30



ကွာရန်တင်းစင်တာတစ်ခုတွင် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများကိုတွေ့ရစဉ် (ဓာတ်ပုံ ကျော်ဇင်သန်း)


ကိုဗစ်ကာလအတွင်း သက်ဆိုင်ရာအစိုးရ၏ ပံ့ပိုးမှု အားနည်းချက်ကြောင့် အခက်ကြုံ နေရကြောင်း ကွာရန်တင်းစင် တာများနှင့် လူနာသယ်ယူပို့ ဆောင်ရေး ကူညီဆောင်ရွက်ပေး နေသည့် စေတနာ့ဝန်ထမ်းအချို့ ကပြောသည်။





လက်ရှိတွင် ကွာရန်တင်း စင်တာအချို့၌ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE)၊ လက်အိတ်၊ အမှိုက်အိတ်စသည့် ရောဂါကာကွယ်ရေးပစ္စည်းများ ပြတ်လပ်မှုများနှင့် ကြုံနေရ ကြောင်း မှော်ဘီမြို့နယ် တပ် ကြီးကုန်းကျေးရွာ ကွာရန်တင်း စင်တာ၌ ကူညီပေးနေသည့် စေတနာ့ဝန်ထမ်း ကိုစိုးမြင့်နိုင်က ပြောသည်။

အခုရက်ပိုင်း ကျွန်တော်တို့ ဆီက Q Center တွေမှာ လူနာ တွေသာ များလာပေမယ့် ကျွန် တော်တို့ စေတနာ့ဝန်ထမ်းတွေ အတွက် လုံလောက်တဲ့ ရောဂါ ကာကွယ်ရေးပစ္စည်းတွေမရှိဘူး။ အခုဆို PPE တို့၊ Mask တို့ နည်း နည်းပဲရှိတော့တယ်။ လူနာတွေ ရဲ့ပစ္စည်းတွေကို စနစ်တကျ ကိုင် တွယ်ဖို့၊ လွှင့်ပစ်ဖို့၊ လက်အိတ်၊ အမှိုက်အိတ်တွေ မရှိတော့ဘူူး။ အစိုးရပိုင်းကလည်း မကူညီကြ ဘူး။ ကျွန်တော်တို့ဘာသာ လှူ တဲ့ပိုက်ဆံတွေကိုစုပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်နေရ တယ်။ ကာကွယ်မှုမပြည့်စုံတဲ့ အခါ စေတနာ့ဝန်ထမ်းအချို့ လည်း ရောဂါတွေ ပြန်ကူးကြ တယ်။ လုပ်ရတာလည်း စိတ်လုံ ခြုံမှုမရှိတော့ဘူး။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့လည်း ရောဂါ ကာကွယ်ရေး လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ကို လိုအပ်တာတွေ ပံ့ပိုးပေးစေချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။  


ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းများ၏အားမှာ များစွာ အထောက်အကူပြု ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် တာဝန်ရှိသူများက အသိအမှတ်ပြု ပြောကြားနေ သည့် တစ်ချိန်တည်းတွင် ရော ဂါကာကွယ်ရေးအသုံးအဆောင် ပစ္စည်းထောက်ပံ့မှုများ လိုအပ် ချက်ရှိလာနေခြင်း ဖြစ်သည်ဟု ပါဝင်ပတ်သက်နေသူများက ဆို သည်။


ထို့ကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့များအနေဖြင့် စေတနာ့ ဝန်ထမ်းများ၏ ရောဂါကာကွယ် မှုဆိုင်ရာ လိုအပ်ချက်များကို လျစ်လျူရှုထားခြင်းမပြုဘဲ ကူညီ ကြည့်ရှုပေးစေလိုကြောင်း ပဲခူး မြို့ရှိ သကျနွယ်လူမှုကူညီရေးအ သင်း ဦးဆောင်သူ ကိုဆန်နီက ပြောသည်။


‘‘အခုဆို ကျွန်တော်တို့က အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတယ်။ N95 တို့၊ PPE တို့အပြင် ကားအတွက် ဆီက အစ လိုသမျှ ကျွန်တော်တို့ ဘာသာပဲဝယ်ရတယ်။ ကိုဗစ်အ တွက်လည်း ကူညီပေးရတယ်။ အလှူရှင်လည်းရှာရတယ်ဆိုရင် ကျွန်တော်တို့ဘက်က အဆင်မ ပြေတော့ဘူး။ အစိုးရပိုင်းအနေနဲ့ ပဲခူးက ကိုဗစ်အတွက် ကူညီပေး နေတဲ့ စေတနာ့အသင်းတွေကို ပြန်ကြည့်ပေးစေချင်တယ်’’ ဟု ၎င်းက ပြောသည်။


ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ နိုဝင်ဘာလကုန် ထုတ်ပြန် သောစာရင်းများအရ တစ်နိုင်ငံ လုံးတွင် ကွာရန်တင်းစင်တာ ပေါင်း ၆,၃၃၇ ခုရှိရာ ထိုစင်တာ များ၌ ပိုးတွေ့လူနာများနှင့်ထိ တွေ့မှုရှိသူ ၅၈,၉၁၆ ဦးကို အသွားအလာ ကန့်သတ်စောင့် ကြည့်ထားသည်။ 


ဗိုလ်တထောင်မြို့နယ် ကို ဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိန်သောင်းက တိုင်းဒေသကြီး အစိုးရအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာကျန်း မာရေးလုပ်ငန်းသုံးပစ္စည်းများကို အလျဉ်းသင့်သလို ထောက်ပံ့ပေး နေပြီး မြို့နယ်ကိုဗစ်ကော်မတီမှ တစ်ဆင့် စေတနာ့ဝန်ထမ်းများထံ တစ်ဆင့်ပြန်လည် ထောက်ပံ့ပေး ခြင်းများ လုပ်ဆောင်နေသည်ဟု ပြောသည်။  


‘‘တိုင်းဒေသကြီး အစိုးရ ဘက်ကလည်း အလှူရှင်တွေရ ရင်ရသလို ပံ့ပိုးမှုတွေပေးပါတယ် ဗျ။ ဟိုတစ်နေ့ကပဲ PPE လေး တွေ၊ Mask လေးတွေ ထုတ်ခဲ့ရပါ တယ်။ အခါအားလျော်စွာ ရရှိပါ တယ်ဗျ။ သူက လစဉ် တစ်မြို့ နယ် ဘယ်လောက်ဆိုတာမျိုး တော့ သတ်မှတ်ချက်မရှိဘူး။ အလျဉ်းသင့်သလိုပေးတာ။ ဥပ မာ Q Center တွေမှာ လူ ၅၀ အောက်တို့၊ ၁၀၀ အောက်တို့ စသဖြင့် သတ်မှတ်ပေးပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။  


လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါဖြစ် ပွားသည်မှာ ကိုးလနီးပါးရှိပြီဖြစ် ပြီး ဒီဇင်ဘာ ၆ ရက် ည ၈ နာရီ အထိ ပိုးတွေ့လူနာ ၉၉,၁၅၅ ဦးရှိကာ သေဆုံးသူ ၂,၁၁၀ ဦး ရှိပြီဖြစ်သည်။ ထိုကာလအတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စေတနာ့ဝန်ထမ်းအ များအပြား ပါဝင်ခဲ့ကြသည်။


ကြည့်မြင်တိုင်မြို့နယ် ကျန်း မာရေးဦးစီးမှူး ဒေါက်တာခင် မောင်လွင်က လက်ရှိအခြေအနေ အထိ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများလက်တွဲလုပ်ဆောင်နေပြီး ၎င်းတို့၏လို အပ်ချက်များကို မြို့နယ်ကိုဗစ် ကော်မတီက တာဝန်ယူ၍ ညှိနှိုင်း ဆောင်ရွက်ပေးနေသည်ဟု ဆို သည်။ 


‘‘ကျွန်တော်တို့ဆိုရင် ဝန် ကြီးဌာနကနေပြီး လိုအပ်တဲ့ ပစ္စည်းထောက်ပံ့တာလည်း ရှိ တယ်။ အလှူရှင်တွေက လှူလာ တာရှိတယ်။ တိုင်းဒေသကြီးအစိုး ရကတော့ အရင်ကတော့ရှိတယ်။ အခုနောက်ပိုင်းတော့သိပ်မရှိဘူး။ သို့သော် ကျွန်တော်တို့က ကိုဗစ် ကော်မတီကိုလှူဒါန်းလာတဲ့ငွေ တွေကို ဘဏ်မှာအပ်ထားပြီး စနစ်တကျသုံးတယ်။ ဥပမာ စေတနာ့ ဝန်ထမ်းတွေအတွက် ထမင်းစရိတ်လိုတယ်ဆိုရင် အဲဒီ ငွေနဲ့ထုတ်ရှင်းတယ်။ တခြားလို အပ်ချက်တွေမှာလည်း အလား တူပဲ။ ဒါပေမဲ့ တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကတော့ မတူနိုင်ဘူး ပေါ့။ စီမံခန့်ခွဲမှုအပေါ်မှာလည်း အများကြီး မူတည်နေတယ်လို့ ထင်တယ်’’ ဟု ၎င်းက မှတ်ချက် ပေးသည်။

Source - https://7day.news/207820

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု