စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့်ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌ ဟောင်းပြောခဲ့_


 အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ

အဂတိလိုက်စားမှုနှင့်ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့်အရေးယူ၍မရခဲ့ကြောင်း ဥက္ကဋ္ဌ ဟောင်းပြောခဲ့_


ဒီဇင်ဘာ ၂ 

ရန်ကုန် 


မိမိအနေနဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးအပ်ခံရပြီးနောက် ယခင်အစိုးရ နှင်သက်ဆိုင်တာတွေရော အစိုးရအဖွဲ့သစ်ရဲ့လုပ်ဆောင်မှုတွေကိုရော စောင့်ကြည့်ခဲ့ရကြောင်းနှင့် ယခုအစိုးရသစ်၂၀၁၅ /၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချို့အပါအဝင် တိုင်း ၊ နှင့်ပြည်နယ်ဝန်ကြီးချုပ်တွေအပါ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချို့ အဂတိလိုက်စားခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သော်လည်း အထက်က ညွန်ကြားမှုတွေကြောင့်အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့ 

နုတ်ထွက်သွားခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည် ။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ကျမ္မာရေးအရဟုဆိုကာ နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာတင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့

 မှာ နိုင်ငံတော်သမ္မတ မှ နုတ်ထွက်ခွင့်ပြုခဲ့သဖြင့် ကော်မရှင်ဥက္ကဋ္ဌ အဖြစ်မှနုတ်ထွက်ခဲ့ကြောင်း 

လည်းကောင်းအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း အစိုးရအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးတွေ နဲ့ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေအပါအဝင် ဝန်ကြီးအချို့နှင့်ဝန်ထမ်းတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ဆေးအရေးယူခဲ့တာတွေရှိခဲ့ကြောင်းနှင့် ထင်ရှားသည့်ဖြစ်စဉ်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ၊ တနင်္သါရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် အပါအဝင် ဝန်ထမ်းအချို့ကို အရေးယူနိုင်ခဲ့ပြီး အချို့တိုင်ကြားလာတဲ့အမှုတွေကိုလည်း

မြေပြင်အထိကွင်းဆင်းစစ်ဆေးခဲ့ပြီး အဂတိ လိုက်စားခဲ့သည်ဟု တွေ့ရှိခဲ့သော်လည်း အထက်ညွန်ကြားချက်တွေအရ အရေးယူလို့မရခဲ့တာမျိုးတွေရှိခဲ့ကြောင်း အဲ့ဒီလိုအရေးယူလို့မရခဲ့သည့်အထဲမှာ ပြည်ထောင်စုဝန်ကြီး ၃ ဦးခန့်ပါဝင်ခဲ့ပြီး 

တိုင်းဝန်ကြီးချုပ် ၂ ဦး ပြည်နယ်ဝန်ကြီးချုပ် ၄ ဦး

နှင့် ပြည်နယ်/တိုင်းအဆင့် ဝန်ကြီးတွေနဲ့ လွတ်တော်ကိုယ်စားလှယ်တွေပါဝင်ကြောင်း ဦးအောင်ကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ၄ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနုတ်ထွက်ခါနီးချိန်မှာ ပြည်သူအများစုနဲ့ နိုင်ငံရေးပါတီတွေက တိုင်ကြားခဲ့သည့်

အမှုကြီးအချို့ကို လက်ခံစစ်ဆေးခွင့် မရရှိခဲ့သည့်အတွက် ပြည်သူတွေအပေါ်တာဝန်မကြေခဲ့သလို

ဖြစ်ခဲ့ပါက တောင်းပန်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည် ။


ဦးအောင်ကြည်ဟာ လက်ရှိရာထူးမှ အနားယူခဲ့ပြီး

မိမိယုံကြည်ရာ ကိုးကွယ်ရာ ဘုရားရိပ်တရားရိပ်မှာ

အေးချမ်းရာကို ဆက်လက်ရှာဖွေရင်းကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးသွားစေဘို့ ကြိုးစားအားထုတ်သွားမယ်လို့ ဆိုပါတယ် ။

credit to orginal writer

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု