စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကာကွယ်ဆေးထိုးပြီးနောက် ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ


 ကာကွယ်ဆေးထိုးပြီးနောက် ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ


နယူးဒေလီ ၆ ဒီဇင်ဘာ


ပြီးခဲ့သည့်လက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သည့် အိန္ဒိယနိုင်ငံ ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး အာနီးလ်ဗစ်ဂျီသည် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့တွေ့ရှိခဲ့ကြောင်း သိရသည်။


အသက် (၆၇) နှစ်အရွယ် ကျန်းမာရေးဝန်ကြီးဗစ်ဂျီသည် Bharat Biotech ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအဆင့်စမ်းသပ်မှု အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြီးခဲ့သည့်လက ယင်းကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခံခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဗစ်ဂျီက ဟာရီယားနား ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခဲ့သည့် ပထမဦးဆုံး စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာမည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်အထိ ဟာရီယားနားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၀၈၄၁ ဦးရှိပြီး ယင်းတို့အနက် ၂၅၃၉ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။


ထို့အတူ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၆၀၉၅၇၄ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၁၃၉၇၄၅ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဂျေတီ


https://www.facebook.com/1872595516326283/posts/2729608903958269/

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု