စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

သိန်းတစ်ရာကျော်ရွှေထည်နဲ့ငွေတွေ ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူက အိမ်ရှင်ရဲ့ ဇနီးဖြစ်နေ


 သိန်းတစ်ရာကျော်ရွှေထည်နဲ့ငွေတွေ ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်သူက အိမ်ရှင်ရဲ့ ဇနီးဖြစ်နေ

———————————

၆ ၊ နိုဝငၻာလ ၊ ၂၀၂၀ ။


ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ရွှေထည်နဲ့ငွေ သိန်း၁၇၀ကျော်ခိုးယူခံရတဲ့ ဖြစ်စဉ်မှာ ခိုးယူသူဟာ အိမ်ရှင်ရဲ့ ဇနီးကိုယ်တိုင် ဖြစ်နေတယ်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။


သာပေါင်းမြို့နယ်ကျွန်းကုန်းအုပ်စုကျောက်အိုင်ရွာမှာနေထိုင်တဲ့ ဦးမြတ်ခိုင်ဟာ ဒီဇင်ဘာ၃ရက်နေ့မနက်ပိုင်းက နေအိမ်အိမ်ခန်းတွင်းကသေတ္တာတွင်းက ငွေသား၄၆သိန်းနဲ့ရွှေထည်(၈)မျိုး ပျောက်ဆုံးသွားခဲ့တာပါ။


အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ သာပေါင်းမြို့မရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် သာပေါင်းမြို့မရဲစခန်းနဲ့ ပုသိမ်ခရိုင်မှုခင်းနိမ်နှင်းရေးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။


လက်ရှိ ကိုဗစ်ကာလမှာ ကျေးရွာတွင်းကို လူစိမ်းအ၀င်အထွက်ကန့်သတ်မှုတွေရှိတယ်လို့သုံးသပ်တာကြောင့် မိသားစုနဲ့ အနီးပတ်ဝန်းကျင်ကို အဓိကထားစစ်ဆေးခဲ့ရာမှာ တရားလိုရဲ့အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာလွင် ခိုးယူခဲ့တည ပေါ်ပေါက်ခဲ့တယ်လို့ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။


ဒေါ်ခင်မာလွင်ဟာ လူမူရေးအခက်အခဲတွေရှိနေတာကို ဖြေရှင်းဖို့ ခင်ပွန်းဖြစ်သူမသိအောင် ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

https://www.facebook.com/662575584120143/posts/1285520078492354/

လက်ရှိမှာ ဒေါ်ခင်မာလွင်ကို သာပေါင်းမြို့မရဲစခန်းကနေ(ပ)၄၇၇/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၈၀နဲ့အမှုဖွင့်ထားပြီး တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့သိရပါတယ်။

Delta News Agency

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု