စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လင်ယောကျာ်းကိုသတ်ဖြတ်သူဟု စွပ်စွဲခံရသဖြင့် သတင်းထောက်များကို တွေ့ဆုံရင်ဖွင့်ခဲ့သူ အမျိုးသမီးမှာ တစ်ကယ် လူသတ်မှုကျူးလွန်သူဖြစ်နေ


 လင်ယောကျာ်းကိုသတ်ဖြတ်သူဟု စွပ်စွဲခံရသဖြင့် သတင်းထောက်များကို တွေ့ဆုံရင်ဖွင့်ခဲ့သူ အမျိုးသမီးမှာ တစ်ကယ် လူသတ်မှုကျူးလွန်သူဖြစ်နေ 

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

(သူစိမ်းအမျိုးသား ၂ ဦးကို ငှားရမ်းသတ်ဖြတ်ခိုင်းခြင်းဖြစ်)

မြဝတီ၊ ဒီဇင်ဘာ ၈

News Ambassador

.

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာအုပ်စု မေတ္တာလင်းမြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တစပါတ်ကျော်ကြာ စုံစမ်းခဲ့ပြီးနောက် ကျူးလွန်သူမှာ အသတ်ခံရသူ၏ ဇနီးဖြစ်သူ အမျိုးသမီးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့က အဆိုပါ ကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဦးမျိုးအေးဆိုသူသည် နေအိမ်ရှေ့ခန်း၌ပင် ဓားဒဏ်ရာ ၁၂ ချက်ဖြင့် ပွဲချင်းပြီး အသတ်ခံခဲ့ရခြင်းဖြစ်သည်။.

ယင်းကိစ္စနှင့်ပတ်သက်၍  အခင်းဖြစ်ပြီးနောက် ဦးမျိုးအေး၏ တစ်အိမ်တည်းနေ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဇာနည်မြင့်ကို ရဲတပ်ဖွဲ့ကစစ်ဆေးရာ အခင်းဖြစ်သည့်နေ့က ၎င်းသည် တစ်ဦးတည်းအိပ်ယာဝင်ခဲ့ကြောင်း၊ ၎င်းအိပ်ယာဝင်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးမျိုးအေးမှာ မအိပ်သေးကြောင်း ထွက်ဆိုခဲ့သည်ဟု မြဝတီရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးမျိုးအေးကို သတ်ဖြတ်သူအား ရဲစခန်းတွင် (ပ)၅၆၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တစ်ပါတ်ကျော်ကြာစုံစမ်းခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် အသတ်ခံရသူ ဦးမျိုးအေး၏ ဇနီးဒေါ်ဇာနည်မြင့်ကို မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦး ၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း တို့အဖွဲ့က ရဲစခန်းသို့ ခေါ်ယူပြီး စစ်ဆေးမေးမြန်းရာ ဒေါ်ဇာနည်မြင့်သည် ခင်ပွန်းဖြစ်သူကို လူအငှားဖြင့် သတ်ဖြတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ဒေါ်ဇာနည်မြင့်သည် ခင်ပွန်းဖြစ်သူ ဦးမျိုးအေးကို သတ်ဖြတ်ရန် မြဝတီမြို့ ကျွန်းတော အမှတ် ၃ ရပ်ကွက်နေ အသက် ၂၀ အရွယ် ဝေဖြိုးနိုင်(ခ)ကုလား  နှင့် အသက် ၃၃ အရွယ် မိုးမင်းသန်း(ခ)ပေါက်ပန်း တို့ကို ငှားရမ်းသတ်ဖြတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်သည့်နေ့တွင် တစ်ဦးက နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ပြီး ကျန်တစ်ဦးက  ဦးမျိုးအေးအား ဓားဖြင့်အချက်ပေါင်းများစွာ ဝင်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။.

အမှုမပေါ်ပေါက်မီ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် လူသတ်မှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်က ဦးမျိုးအေးကို သတ်ဖြတ်သူသည် ဇနီးဖြစ်သူ ဒေါ်ဇာနည်မြင့်ပင်ဖြစ်ကြောင်း တီးတိုးစွပ်စွဲပြောဆိုမှုများရှိနေသည်ဟုဆိုကာ ဒေါ်ဇာနည်မြင့်သည် News Ambassador အပါအဝင် မြဝတီမြို့မှ သတင်းမီဒီယာများကို ယခု ဒီဇင်ဘာ ပထမအပတ်အတွင်းက တွေ့ဆုံပြီး ရင်ဖွင့်ပြောကြားခဲ့သေးသည်။

ယင်းတွေ့ဆုံမှုတွင် ဒေါ်ဇာနည်မြင့်က သတင်းမီဒီယာများကို အခင်းဖြစ်သည့်အချိန်တွင် မည်သည့်အသံမှမကြားရကြောင်း၊ မနက်မိုးလင်း ၅ နာရီခွဲ အိပ်ယာနိုးမှသာ ခင်ပွန်းဖြစ်သူ အသတ်ခံထားရသည်ကို တွေ့ရခြင်းဖြစ်ကြောင်း၊ ရွာတွင် ပတ်ဝန်းကျင်နေသူများက ခင်ပွန်းဖြစ်သူကို ပြန်လည်သတ်ဖြတ်ကြောင် း စွပ်စွဲပြောကြားနေကြသည် စသဖြင့် ရင်ဖွင့်ပြောကြားခဲ့သေးသည်။.

ယင်းတွေ့ဆုံမှုတွင် သတင်းမီဒီယာများက ဒေါ်ဇာနည်မြင့်ကို မေးမြန်းခဲ့ရာ သေဆုံးသူ ဦးမျိုးအေးသည်  ဒေါ်ဇာနည်မြင့်ကို အခြားအမျိုးသားတစ်ဦးနှင့် စွပ်စွဲသမုတ်မှုများ ပြုလုပ်လေ့ရှိကြောင်း  ပြောပြခဲ့သေးသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဦးမျိုးအေးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကြေးစားလူသတ်သူ ဝေနိုင်ဖြိုး(ခ)ကုလားလေးနှင့် မိုးမင်းသန်း၊ စေခိုင်းသူ ဒေါ်ဇာနည်မြင့်တို့ကို ချုပ်ရက်ရမန်တောင်းခံခြင်း ၊ ဖြောင့်ချက်ရယူခြင်းများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ကိုဝင်းဇော်(မြဝတီ)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု