စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
![]() |
ဆိုင်ဖွင့်ချိန်တွင် အမျိုးသားတစ်ဦးက ဆိုင်ဝန်ထမ်း အမျိုးသမီး တစ်ဦးကို ဓားထောက်ကာ ပိုက်ဆံတောင်းပြီး ဆိုင်မှန်တံခါးအား စက်ဘီးခတ်သည့် ကြိုးသော့ဖြင့် အပြင်ကခတ်၍ ထွက်ပြေးသွားကြောင်း ယင်းဆိုင်လုံခြုံရေးက ပြောကြားသည်။
“ကျွန်တော်က မြောက်ဥက္ကလာဆိုင်က လုံခြုံရေးပါ။ ဒီမနက် သူဌေးက ဖုန်းဆက်ပြီး ရန်ကင်းဆိုင်မှာ အခုလိုဖြစ်တယ် ပြောလို့ ရောက်လာတာပါ။ မနက် ၈ နာရီလောက်မှာ ဖြစ်တာပါ။ ဦးထုပ်နဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ အမျိုးသားက ဆိုင်အရောင်းဝန်းထမ်း မိန်းကလေးကို ဓားထောက်ကာ ပိုက်ဆံနှစ်သောင်း တောင်းတယ်။ သူက ပိုက်ဆံယူပြီးတော့ ဆိုင်အပေါက် မှန်တံခါးကို အသင့်ပါလာတဲ့ စက်ဘီးခတ်တဲ့ သော့ကြိုးနဲ့ အပြင်ကခတ်ပြီး ထွက်ပြေးသွားတယ်။ ဒီဆိုင်မှာက လုံခြုံရေးဝန်းထမ်း မထားထားဘူး။ ဆိုင်ဝန်ထမ်း အမျိုးသမီးလေးတွေပဲ ရှိတာပါ” ဟု ဆိုင်လုံခြုံရေးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက “အခုလောလောဆယ် ဆိုင်အရောင်းဝန်းထမ်း ကောင်မလေးတွေကို စစ်ချက်ယူနေတုန်းပါ။ အမှုတော့ မဖွင့်ရသေးပါဘူး။ ဆိုင်မှာတော့ CCTV မတပ်ထားဘူး။ အနီးအနား ပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေနဲ့ စစ်ဆေးနေတုန်းပါ” ဟု ပြောကြားသည်။
Comments
Post a Comment