စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ခရီးစရိတ် သိန်း ၁၂၀ မပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ


 ခရီးစရိတ် သိန်း ၁၂၀ မပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ


ဒီဇင်ဘာ ၄-၂၀၂၀၂

သူရိန်(VOM)


ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကိုဗစ်ထိန်းချုပ်ကာလ ပထမဆုံး နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့မှုအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုပေးရမယ့် ခရီးစရိတ် ငွေကျပ်သိန်း ၁၂၀ ကို ၅ လ ကြာတဲ့အထိ မပေးသေးတဲ့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတယ်လို့ သိရပါတယ်။


"နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့တာ လမ်းစရိတ်၊ ခရီးစရိတ်တွေပါတယ်။ ဒါကို မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ၅ လကြာတဲ့အထိ လက်ဝယ်ထားရှိထားတာ။ ကျွန်တော့်ကို ကျေးရွာတွေက လှမ်းပြီး ပြောကြတာ။ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတော့ မတိုင်ရဲကြဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတိုင်တာ"လို့ တိုင်ကြားသူ ဦးစိုးမင်းရှိန်က ပြောပါတယ်။


မအူပင်မြို့နယ်အတွင်းက ကျေးရွာအုပ်စု (၈၈) အုပ်စု၊ မြို့ပေါ် (၁၂)ရပ်ကွက်ကို နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့ရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် သယ်ယူစရိတ်ကျပ်သိန်း ၁၂၀ ထုတ်ပေးထားပေမယ့် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းကသူ့ လက်ဝယ်မှာ ၅ လကြာသိမ်းထားတဲ့အတွက် အခုလိုတိုင်ကြားခံရတာဖြစ်တယ်လို့ သိရပါတယ်။


“ကျွန်တော်တို့ဒီကိစ္စအတွက် ခရိုင်ရုံးကခေါ်စစ်ဆေးခံထားရပါတယ်၊ ကျွန်တော့ဘက်ကတော့ ပြောစရာမရှိပါဘူး။ တိုင်တဲ့သူ့ဘက်ကတင်ပြတာ တင်ပြတဲ့တစ်ပိုင်းဖြစ်ပါတယ်၊ ကျွန်တော်ကလည်း တင်ပြချက်အပေါ်မှာတော့ ကျွန်တော်တို့ကတာဝန်ပိုင်းအရဆောင်ရွက်ပေးရမယ့်ဟာ ဆက်သွားမှာဖြစ်ပါတယ်”လို့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းကပြောပါတယ်။


တိုင်တန်းခဲ့မှုအပေါ် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး‌တွေကိုယ်စား တိုင်တန်းသူ မအူပင်ကျော်လွှား (ခ) ဦးစိုးမင်းရှိန်တို့ကို မအူပင် ခရိုင်အဆင့်က ကော်မတီတစ်ခုဖွဲ့ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။


#voiceofmyanmar #VOM #မအူပင်


https://bit.ly/37yQAEv

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု